ကမ္ဘာ့စံချိန်များကို မှတ် တမ်းတင်ဖော်ပြနေသော Guinness World Records တွင် စံချိန်သစ်တင်နိုင်ခဲ့သော အိန္ဒိယနိုင်ငံသားတစ်ဦး ပေါ်ထွက်လာခဲ့ သည်။
၎င်းမှာ အိန္ဒိယနိုင်ငံ ဟိုက်ဒရာ ဘက်ပြည်နယ်မှ အသက်၂၃နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်သည့် မိုဟာ မက် ခါ ရှက် ဟူစိန်ဖြစ်၍ အင်္ဂလိပ်ဘာသာစာလုံး ၁ဝ၃ လုံးအား ၄၇ဒသမ၄၄စက္ကန့်အတွင်း သူ၏နှာခေါင်း
ဖြင့်ရိုက်ပြနိုင်လိုက်ခြင်းဖြစ် သည်။
အဆိုပါရိုက်နှိပ်နိုင်ခြင်းသည် ကမ္ဘာ့ စံချိန်သစ်ဖြစ်၍ မစ္စတာမိုဟာမက်၏ နှာ ခေါင်းသည် အင်္ဂလိပ်အက္ခရာ တစ်လုံးအား နှိပ်လိုက်မှုအချိန်မှာ ၃ဒသမ၄၃စက္ကန့်ဖြစ် သည်။
မိုဟာမက်က ယခုကဲ့သို့ နှာ ခေါင်းဖြင့် ကမ္ဘာ့အမြန်ဆုံးစာရိုက်နိုင်သူဖြစ် လာခြင်းသည် ဂင်းနက်စ်စံချိန်၏ စိန်ခေါ် မှုကြောင့်ဖြစ်၍ တစ်နေ့လျှင် ခြောက်နာရီ ကြာ သုံးနှစ်လေ့ကျင့်ယူခဲ့ရသည်ဟုဆို သည်။
TheFlowerNews
Sign up here with your email
ConversionConversion EmoticonEmoticon