တောင်ကိုးရီးယားငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော်ပျောက်ဆုံး |
ပြင်တ၀ိုက်မှာ တခြားသင်္ဘောတွေက ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့်လေပြင်းပြီး လှိုင်း ကြီးတဲ့ဆိုးရွားလှတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ကြန့်ကြာခဲ့ရပါတယ်။
ငါးဖမ်းသဘောင်္အနေနဲ့ ပထမအခက်အခဲကြုံခဲ့ရပြီး (၃) နာရီကျော်ကြာမှသာ ကယ်ဆယ်ရေးပထမအ သုတ် ရောက်ရှိခဲ့ပါတယ်။ သဘောင်္အမှုထမ်း (၇) ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အစိုးရအရာရှိတွေ က ပြောပါတယ်။ (၄) ဦးဟာ အသက်ကယ်လှေပေါ်မှာရှိနေပြီး ကျန် အမှုထမ်းတွေကတော့ မျောနေတဲ့ အပိုင်းအစတွေကို ဖက်တွယ်ထားကြရတယ်လို့ ဆိုပါတယ်။
သင်္ဘောအမှုထမ်းတွေနဲ့ အင်ဒီနီးရှားလူမျိုး (၃၅) ဦး၊ ဖိလစ်ပိုင် (၁၃) ဦး၊ တောင်ကိုရီးယားနိုင်ငံသား (၁၁) ဦးနဲ့ ရုရှား စစ်ဆေးရေးမှူးတဦး ပါဝင်ပါတယ်။ ကယ်ဆယ်ခံခဲ့ရသူ (၇) ဦးအနက် ကိုရီးယားတဦးမှ မပါဝင် ပါဘူး။ လှိုင်းထန်မှုကြောင့် သင်္ဘောတဖက်ကို တိမ်းလာတဲ့အတွက် အမှုထမ်းတွေက သဘောင်္ကို စွန့်ပစ်ခဲ့ ရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
Oryong 501 ငါးဖမ်းသင်္ဘောဟာ (၃၆) နှစ် သက်တမ်းရှိပြီး တောင်ကိုရီးယား ဆာဂျိုး ငါးဖမ်းသင်္ဘောကုမ္ပ ဏီပိုင်ဖြစ်ပါတယ်။
VOA
Sign up here with your email
ConversionConversion EmoticonEmoticon