ဆစ်ဒနီကမ်းခြေမှ ကလေးအလောင်းနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူကို လာရောက်ဖြေရှင်းရန် ရဲတပ်ဖွဲ့ တိုက်တွန်း


ကမ်းခြေတွင် မြှုပ်နှံထားသည့် ကလေးအလောင်းနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူ အနေဖြင့် လာရောက်အ သိပေး ဆွေးနွေးရန် ဩစတြေးလျ ရဲတပ်ဖွဲ့က တိုက်တွန်းလိုက်သည်။

ဆစ်ဒနီရှိ ကမ်းခြေတစ်ခုတွင် ဆော့ကစားနေသည့် ကလေးငယ် နှစ်ဦးက ဆိုးဆိုးရွားရွား ပုပ်ပွနေပြီဖြစ် သည့် မွေးကင်းစ အလောင်းတစ်လောင်းကို မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ (၃၀)ရက်
နေ့က တွေ့ရှိသော အလောင်းသည် ပတ်သက်ပြီး ယောက်ျားလေး၊ မိန်းကလေး ခွဲခြားရန်ပင် မလွယ်
လောက်အောင် အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

ဆစ်ဒနီ အနောက်ပိုင်းတွင် မွေးကင်းစ ကလေးတစ်ဦးကို စွန့်ပစ်ထားရာ ရေဆင်းမြောင်းအတွင်းမှ ကယ် တင်ပြီး မိခင်ဖြစ်သူ အဖမ်းခံရသည့် ကိစ္စအပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ နောက်ထပ် ကလေးတစ်ဦးကို ရက်စက်စွာ ပြုမူမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မာရူဘရာ ကမ်းခြေရှိ ကလေးအလောင်းပိုင်ရှင် ကလေး မိခင် အနေဖြင့် ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာပြီး ရဲများနှင့် ဆွေးနွေးသင့်ကြောင်း နယူးဆောက်သ်ဝေးလ် ရဲတပ်ဖွဲ့
ကော်မရှင်နာ အန်ဒရူး ဆီပီယိုနီက တိုက်တွန်းခဲ့သည်။

“ကလေးရဲ့ မိခင် အနေနဲ့ ရှေ့ထွက်လာပြီး ကျွန်တော်တို့နဲ့ စကားလာပြောစေချင်တယ်။ အကြံဉာဏ် တစ်ခုခု ရယူနိုင်ပါတယ်။ ကလေးအမေ ခင်ဗျား။ ကျွန်တော်တို့က ခင်ဗျားနဲ့ တွေ့ဆုံ စကားပြောချင်ပါ တယ်”ဟု ဆီပီယိုနီက သတင်းထောက်များထံမှတစ်ဆင့် ပြောကြားခဲ့သည်။

၎င်းက ကလေးအမေ အနေဖြင့် ရဲများနှင့် ဆက်သွယ်လာခြင်း မရှိသည့်တိုင် ယင်းကိစ္စကို သိရှိသူ မည် သူမဆို ကူညီ အကြောင်းကြားပေးရန်လည်း တိုက်တွန်းခဲ့သည်။ “အဲဒီ အမျိုးသမီးက ရှေ့မထွက်လာဘူး ဆိုရင် သူ့မိတ်ဆွေဖြစ်စေ၊ တကယ့် စစ်မှန်တဲ့ မိတ်ဆွေဆိုရင်ပေါ့လေ။ ကျွန်တော်တို့ကို ပြောပြပါ။ ဒီအ
ခြေအနေမှာ အမျိုးသမီးဟာ အကူအညီ တစ်ခုခု လိုအပ်နေမယ်လို့ ကျွန်တော်တို့ ထင်လို့ပါ”ဟုလည်း ဆီပီယိုနီက ဆိုသည်။

ကလေး၏ အလောင်းမှာ အဝတ်အစား မရှိဘဲ သဲပြင်အနက် တစ်ပေမျှတွင် မြှုပ်နှံထားခြင်း ဖြစ်သည်။ ကလေး၏ လိင်အမျိုးအစားကို ကွဲကွဲပြားပြား မဖော်ထုတ်နိုင်သေးသလို ကလေးသည် အသေမွေးလာခြင်း၊ သို့မဟုတ် အသက်ရှင်လျက်ဖြင့် မြေမြှုပ်ခံရခြင်း၊ သို့တည်းမဟုတ် မြေမမြှုပ်ခင် အသတ်ခံရခြင်း စသည့် မည်သည့် ကောက်ချက်ကိုမျှ မချနိုင်သေးကြောင်း ရဲများက ဝန်ခံခဲ့သည်။ သို့သော်လည်း ဒီဇင်ဘာ (၁) ရက်၊ ရင်ခွဲစစ်ဆေးမှု ရလဒ်များအရ ကလေးငယ် သေဆုံးရသည့် အကြောင်းရင်းနှင့် သေဆုံးသည့် အချိန် တို့ကို ခန့်မှန်းလာနိုင်ရန် ရဲများက မျှော်လင့်နေသည်။

ကလေး၏ အလောင်းကို အသက်(၆)နှစ်နှင့် (၇)နှစ်အရွယ် ညီအစ်ကို နှစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီ တစ်ပတ်က ဆေးရုံသုံးစောင်ဖြင့် ထုပ်ပိုးပြီး လွှင့်ပစ်ထားသည့် ကလေးငယ် တစ်ဦးကို ရေ
မြောင်းတစ်ခုအတွင်းမှ ကယ်ဆယ်ခဲ့ပြီး မိခင်ဖြစ်သူကို ရဲများက ဖမ်းဆီးခဲ့သည်။ အဆိုပါ ကလေးငယ် မှာ ယောက်ျားလေးဖြစ်ပြီး ရေမြောင်းထဲတွင် ငါးရက်မျှ အသက်ရှင်နေခဲ့ပြီး စက်ဘီးစီးသူ တစ်စုက ကလေး အသံကြားသဖြင့် ဆန်းစစ်စုံစမ်းရာမှ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

7day

Previous
Next Post »
Powered by Blogger.