AFF Suzuki Cup 2014 အုပ်စုပွဲစဉ်မှာ မြန်မာလက်ရွေးစင်အသင်းဟာ အိမ်ရှင် စင်္ကာပူအသင်းနဲ့ ဒီကနေ့ ညနေ ယှဉ်ပြိုင်ကစား ရမှာဖြစ်ပြီး မြန်မာအသင်း အုပ်စုတက်ရေးအတွက် ဒီပွဲဟာ အရေးကြီးတဲ့ ပွဲလို့ဆို ရမှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုတွင်းမှာ အိမ်ရှင် စင်္ကာပူ၊ ထိုင်း၊ မလေးရှားအသင်းတွေနဲ့ အတူကျရောက်နေပါ တယ်။ အုပ်စု ပထမပွဲစဉ်မှာ တယောက်ထုတ်ခံထားရတဲ့ မလေးရှားအသင်းကို အနိုင်မကစားနိုင်ပဲ သရေ ကျသွားခဲ့တာဟာလည်း မြန်မာ အသင်းအတွက် ဖိအားဖြစ်စေပါတယ်။
ဒီကနေ့ညနေမှာကစားမယ့် အိမ်ရှင်စင်္ကာပူနဲ့ပွဲပြီးရင် စင်္ကာပူကို အနိုင်ကစားထားတဲ့ ထိုင်းအသင်းနဲ့ အုပ် စုနောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီကနေ့ပွဲဟာ မြန်မာအသင်းအတွက် နောက်တဆင့်တက်ရေး အနိုင်သုံးမှတ်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။
အုပ်စုပထမပွဲစဉ် အဖြစ် မလေးရှားအသင်းနဲ့ ကစားတဲ့နေ့မှာ စင်္ကာပူရောက် မြန်မာပရိတ်သတ်တွေက တက်ကြွစွာ အားပေးခဲ့ကြပါတယ်။
ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon