ဟိုတယ်အခန်းခများ ဈေးနှုန်းနှစ်ဆ မြင့်တက်ခဲ့သည့် မြိုင်မြိုင်ဆိုင်ဆိုင် တောင်ကြီး တန်ဆောင်တိုင်


 ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှိ နာမည် ကျော်ကြား လှသော တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း ပြည်ပ ခရီးသွားများ နှင့် ဒေသတွင်း ဧည့်သည်များ လာရောက် လည်ပတ်မှု များပြား သဖြင့် တည်းခိုဆောင်၊ အင်း၊ မိုတယ်၊ သာမန် ဟိုတယ် နှင့် အထင်ကရ ဟိုတယ်ကြီး များ၌ နေရာလွတ် မကျန် ခန်းလုံးပြည့် ငှားခဲ့ရသည့် အပြင် လွန်ခဲ့သည့် တစ်လ ခန့်မှစ၍ အခန်း အော်ဒါများ ပြည့်ခဲ့ပြီး အခန်း ခ ဈေးနှုန်းများ မှာလည်း နှစ်ဆခန့် မြင့်တက် ခဲ့ကြောင်း သိရသည်။

သာမန် တည်းခိုဆောင် တစ်ယောက်ခန်း တစ်ခန်းလျှင် ငွေကျပ် ၂ဝဝဝ မှ ၆ဝဝဝ၊ ငွေကျပ် ၅ဝဝဝ တန် တစ်ယောက် အိပ်ခန်းကို ငွေကျပ် ၁၅ဝဝဝ နှင့် ငွေကျပ် ၁ဝဝဝဝ နှစ်ယောက် အိပ်ခန်းကို ငွေကျပ် ၃ဝဝဝဝ အထိ ဈေးမြင့်တက် ခဲ့ပြီး အခြားသော မြို့နယ်မှ ဧည့်သည် များက နေ့စဉ် လာရောက်၍ တည်းခိုရန် အခန်း လွတ်များ စုံစမ်းလျက် ရှိနေကြောင်း၊ တောင်ကြီးမြို့ ပေါ်ရှိ ဒေသခံအိမ် များတွင်လည်း နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများ လာရောက် တည်းခိုကြ သဖြင့် ပြည့်လျှံ နေကြောင်း သိရသည်။

တောင်ကြီးမြို့ ပေါ်တွင် ဟိုတယ်ကြီး ၂၅ လုံး၊ အခန်းပေါင်း ၆၉၂ ခန်းရှိရာ ယမန်နှစ် တစ်နှစ်လုံး တောင်ကြီး မြို့ သို့ ပြည်တွင်း ဧည့်သည် ဦးရေ ၇၇ဝဝ နှင့် ပြည်ပ ခရီးသွား ဧည့်သည် ဦးရေ ၁၁ဝဝဝ ကျော် လာရောက် တည်းခို ခဲ့ကြောင်း၊ ပြည်ပ ခရီးသွား ဧည့်သည် အချို့မှာ တည်းခိုနေကျ ဖြစ်သည့် ညောင်ရွှေမြို့မှ နေ၍ ဆိုင်ကယ် ကယ်ရီသမား များငှားကာ တောင်ကြီး တန်ဆောင်တိုင် သို့ အသွားအပြန် တက်ရောက် လည် ပတ်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီးသို့ လာရောက် ဆင်နွှဲသော ပြည်တွင်း ပြည်ပ ဧည့်သည် စုစုပေါင်းမှာ ဦးရေ ငါးသိန်းကျော်ခန့် ရှိကြောင်း သိရသည်။

PyiChitThar
Previous
Next Post »
Powered by Blogger.