တော်သားသုံးဦး၊ သင်္ကန်းဝတ်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့၊ လူကုန်ကူး တားဆီးနှိမ်နင်းရေးအဖွဲ့စာရင်းများအရ သိရသည်။
သက်ငယ်မုဒိမ်းမှုကျူးလွန် စေရန်အတွက် တွန်းအားပေး သည့်အကြောင်းများမှာ အင်တာ နက်၊ ဖေ့စ် ဘွတ်ခ်များမှတစ်ဆင့် ညစ်ညမ်းပုံ၊ ဇာတ်လမ်းများကြည့် ရှုရလွယ်ကူခြင်း၊ တိုင်းတစ်ပါး ယဉ်ကျေးမှုကို အတုခိုးခြင်း စသည့် အချက်များကြောင့်ဖြစ် ကြောင်း ယင်းအဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။
‘‘အရွယ်မရောက်ကလေး တွေ မုဒိမ်းမှုကျူးလွန်မှုနည်း အောင် မိဘတွေကလည်း သေ သေချာချာ ထိန်း သိမ်းဖို့လိုတယ်။ ကာမစိတ်ကိုနှိုးဆွစေတဲ့ သရုပ် ပျက်အဝတ်အစားဝတ်တာတွေ ကို မဝတ်အောင်ဆင်ခြင် ခိုင်းသင့် တယ်’’ဟု ပျဉ်းမနားပေါင်းလောင်း ရပ်ကွက်နေ အငြိမ်းစားဆရာမကြီးတစ်ဦးက မှတ်ချက်ပြုပြော ကြားသည်။
၂၀၁၄ အောက်တိုဘာလ အထိ သက်ငယ်မုဒိမ်းမှု ၂၈၀ နှင့် သက်ကြီးမုဒိမ်းမှု ၃၁၇ မှု စုစု ပေါင်း ၅၉၇ မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သက်ငယ်မုဒိမ်းမှုကျူးလွန် သူများအား အမြင့်ဆုံးချမှတ်နိုင် သည့် တရားရုံးများသို့ တရားစွဲ တင်ပို့ခြင်း၊ ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေပုဒ်မ ၆၅(က)အရ အရေးယူခဲ့ကြောင်း သတင်းရရှိသည်။
ရဲနိုင် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon