အာဆီယံ တွင် တစ်ခုတည်းသော အစိမ်းရောင် စီးပွားရေးဗဟိုဌာန (ASEAN Institute for Green Economy) ဖွင့်ပွဲ အခမ်းအနားတွင် နော်ဝေ ဘုရင်နှင့်ဘုရင်မကြီးတို့ တက်ရောက် ဖွင့်လှစ်ပေးသွားမည်
ဖြစ်ကြောင်းGEGG-Myanmar (Not for Pro fit) Association မှ သိရသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန် မြို့ရှိ အမှတ် ၆၊ ကမ္ဘာအေးဘုရား လမ်း၊ ရန်ကင်းမြို့နယ်ရှိ မြန်မာ့သိပ္ပံ နှင့် နည်းပညာ သုတေသန ဦးစီးဌာန ဝင်းအတွင်း အဆောက်အအုံ ဆောက် လုပ်ထားပြီး ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
GEGG-Myanmar(Not for Profit)Association မှ အမှုဆောင် ဒါရိုက်တာ ဦးကျော်လွင်လှက ''ဒီ ဇင်ဘာ ၂ရက်နေ့မှ ဖွင့်ပွဲအခမ်း အနား ကျင်းပသွားမှာပါ။ အဲ့ဒီမှာ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးတွေ တက် ရောက် ဖွင့်လှစ်ပေးသွားမှာပါ''ဟု ပြောသည်။
အဆိုပါ Institute သည် အာဆီ ယံဒေသတွင်းနိုင်ငံများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အာ ဆီယံ ဆယ်နိုင်ငံများ ပူးပေါင်းပြီး Green Economy နှင့် ပတ်သက် သော နည်းပညာဖွံ့ဖြိုးရေး၊ Green Econom နှင့် ပတ်သက်သောစွမ်း ဆောင်ရည်မြင့်တင်ရေး သင်တန်း များ၊ Green Economy အတွက် ပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံး ဖြစ်စေသော အထောက်အကူပြု ပစ္စည်းများ ကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါအဆောက်အ အုံကို ယခုလ ၂၄ရက်အပြီး ဆောက် လုပ်မည်ဖြစ်ကြောင်း၊ သင်တန်းများ နှင့်ပတ်သက်သည့် အချက်အလက် များကို ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးကျော်လွင်လှက'' ဒီ Asean Institute ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံ ကချည်း ဘာတွေလုပ်မယ်လို့ ဆုံး ဖြတ်လို့တော့ မရပါဘူး။ အားလုံးပူး ပေါင်းပြီးမှ ဆုံးဖြတ်ရမှာပါ။ အဲ့ဒီ အတွက် လုပ်ဆောင်မယ့် အချက်အ လက်တွေကို အတိအကျ ပြောလို့ မရဘူး။ အားလုံးသဘောတူပြီးမှ အတိအကျ ပြောနိုင်မယ်။ ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ နည်းပညာတွေ၊ စွမ်းရည်မြှင့်တင် တဲ့လုပ်ငန်းတွေဖြစ်တဲ့ သင်တန်း တွေကို ဖွင့်လှစ်သင်ကြားပေးသွား မှာပါ''ဟု ပြောသည်။
အဆိုပါ Institute ဖြစ်မြောက် ရေးအတွက် နော်ဝေနိုင်ငံက ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Democracytoday
Sign up here with your email
ConversionConversion EmoticonEmoticon