![]() |
Saudi Prince Alwaleed bin Talal |
ဆော်ဒီ အစိုးရသည် ISIS စစ်သွေးကြွ အကြမ်းဖက် သမားများကို လက်ရှိ အချိန်တွင် ထောက်ပံ့ပေးခြင်း မရှိသော်လည်း နိုင်ငံအတွင်းရှိ အချို့ အစွန်းရောက် များက အဆိုပါ အကြမ်းသမား များကို ငွေကြေး
ထောက်ပံ့လျက် ရှိကြောင်း Alwaleed bin Talal က CNN သတင်းဌာန သို့ ယခု သီတင်းပတ် အတွင်းက
ပြောကြားခဲ့သည်။
ယခုအခါ ဆော်ဒီ အစိုးရသည် အကြမ်းဖက် သမားများကို နိုင်ငံ အတွင်းရှိ အစွန်းရောက် များကငွေကြေး
ထောက်ပံ့ နေခြင်းကို ရပ်တန့်နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး ယခုအခါ အဆိုပါ ထောက်ပံ့မှုများ ရပ်တန့်သွား ပြီ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် နှင့် ဘီလျံနာ တစ်ဦးဖြစ်သူ Alwaleed bin Talal က ထပ်လောင်း ပြော ကြား ခဲ့သည်။
ISIS စစ်သွေးကြွ များသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ တစ်ဝန်းရှိ ဒေသများကို ထိန်းချုပ်ထားပြီး ၄င်းတို့ သိမ်းပိုက် ထားသည့် ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ၊ အစုလိုက် သတ်ဖြတ်မှုများ၊ ဖမ်းဆီး
ခေါ်ဆောင်ခြင်း များ၊ ညှဉ်းပန်း နှိပ်စက်မှု နှင့် အမျိုးသမီး များကို လိင်ကျွန်အဖြစ် ရောင်းချခြင်း များကို လုပ်ဆောင်လျက် ရှိသည်။
၎င်းတို့သည် ရှီယိုက်၊ ဆွန်နီ နှင့် ကာ့ဒ် အပါအဝင် အခြား မျိုးနွယ်စု အားလုံးကို ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။
ဆော်ဒီအာရေဗျ အပါအဝင် ကာတာ၊ ဘာရိန်း၊ ဂျော်ဒန် နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) စသည့် အာရပ်နိုင်ငံ များသည် စက်တင်ဘာ ၂၃ ရက်မှစ၍ အမေရိကန် ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့ များနှင့် ပူးပေါင်း၍ ISIS စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
PyiChitThar
Sign up here with your email
ConversionConversion EmoticonEmoticon