မိတ္ထီလာ ဒုက္ခသည်များကို အရေးပေါ် ထောက်ပံ့ကြရန် ကုလပြော


၂၀၁၃ မတ်မတိုင်မီက အခြေအနေကို မိတ္ထီလာ ဒုက္ခသည်တွေက ပြန်လည် ရရှိခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံအ တွင်းမှာ အစားအစာ လိုအပ်တဲ့ ပိုမို ထိခိုက်ခံစားရတဲ့ အသိုင်းအ၀န်းကို အရေးပေါ် ထောက်ပံ့မှုတွေ ဦးစား
ပေး လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဆန္ဒပြုထားတယ်လို့ ပြောပါတယ်။

မိတ္ထီလာ ဒုက္ခသည်စခန်းတွင်းက ပြောင်းလဲတိုးတက်မှုတွေကို စောင့်ကြည့်လေ့လာ အကဲဖြတ်ခဲ့ရာမှာ အကူ အညီရနေတဲ့ ဒုက္ခသည်တွေက လုံလောက်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ၀င်ငွေရရှိတဲ့ အခွင့်အရေးတွေ ရ ရှိလာပြီဆိုတာကို တွေ့ရှိခဲ့ရတယ်လို့လည်း WFP က ပြောပါတယ်။

အစိုးရ ပုဂ္ဂလိကဏ္ဍနဲ့ တဦးခြင်း အလှူရှင်တွေ လှူဒါန်းထားတဲ့ WFP မှာလည်း ငွေကြေး အကန့်အသတ်ရှိ
နေသလို မြန်မာမှာ ရှိတဲ့ အစား အသောက် လုံလုံလောက်လောက် မရတဲ့သူတွေကို အစားအသောက် အ ကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ မိတ္ထီလာက ဒုက္ခသည်တွေကတော့ ဒီအမျိုးအစားထဲမှာ မပါတော့ဘူးလို့ဆိုပါတယ်။

၂၀၁၃ မတ်ကနေ ၂၀၁၄ သြဂုတ်လအထိ WFP က မိတ္တီလာ ဒုက္ခသည် စခန်းတွေက ရွှေ့ပြောင်း ဒုက္ခသည် ၁ သောင်းကျော်ကို ကူညီခဲ့ပါတယ်။

DVB

Previous
Next Post »
Powered by Blogger.