မျိုးစောင့်ဥပဒေကို ထောက်ခံသည့် လမ်းလျှောက်ပွဲ မန္တလေးတွင် ကျင်းပ





မန္တလေးမြို့ မျိုးစောင့်ဥပဒေ ပြဌာန်းရေး ဆန္ဒပြပွဲမှ ပုံများ – ဓာတ်ပုံ မင်းထက်ငြိမ်းချမ်း
မန္တလေးမြို့ မျိုးစောင့်ဥပဒေပြဌာန်းရေး ဆန္ဒပြပွဲကို ဒီကနေ့ နေ့လည်မှာ ဦးလှသိန်း ဗိမ္မာန်မှာ လူစုကာ သမိုင်းဝင် အိမ်တော်ရာဘုရားထိ လမ်းလျောက်ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့က သံဃာများနဲ့ လူထုသာမက အမရပူရ၊ ကျောက်ဆည်၊ စစ်ကိုင်း၊ ရေဦး၊ မုံရွာ၊ မိထ္တီလာက သံဃာများနဲ့ လူများ သောင်းချီ ပါဝင်ခဲ့ပါတယ်။

၂၀၀၇ ရွှေဝါရောင်လူပ်ရှားမူနောက်ပိုင်းအကြီးမားဆုံးစီတန်းလှည့်လည်မှုကြီးဖြစ်တယ်လို့ မန္တလေးမြို့ခံတွေ က ဆိုပါတယ်။

အဲဒီနောက်မှာတော့ အိမ်တော်ရာဘုရားဝင်းမှာ ဆက်လက်စုဝေးပြီး မစိုးရိမ်တိုက်ဟောင်းဆရာတော် ဦးအိန္ဒာစက္က ကဟောကြားခဲ့ပြီး၊ ရှေ့နေ ဦးမောင်မောင်ညိုလှ၊ ဦးသန့်ဇင်၊ အမျိုးသားစာပေဆုရ ဒေါ်ယဉ် ယဉ်နုတို့က ဟောပြောခဲ့ပါတယ်။

မင်းထက်ငြိမ်းချမ်း | ဧရာဝတီ


Previous
Next Post »
Powered by Blogger.