အမေရိကန် စစ်လက်နက်အကူ စစ်သွေးကြွလက်ထဲ မှားယွင်းရောက်ရှိ


ဆီးရီးယားနယ်စပ်က အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကို တိုက်နေတဲ့ ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေအတွက် ကိုဘာနီမြို့ပေါ်ကို လက်နက်တွေ လေထီးနဲ့ ချပေးခဲ့တဲ့ အမေရိကန်ရဲ့ အစီအစဉ် မှားယွင်းခဲ့တယ်လို့ တူရကီသမ္မတ တာရစ် အာဒိုဂမ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က
ပြောပါတယ်။

လက်နက်တချို့ကို အိုင်အက်စ်စစ်သွေးကြွတွေက သိမ်းနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က အမေရိကန်လက်နက်ထောက်ပံ့မှု အများစုကတော့ ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေဆီ ရောက်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

အင်တာနက်ပေါ်ရောက်လာတဲ့ ရုပ်သံထဲမှာတော့ အိုင်အက်စ်စစ်သွေးကြွတွေက လက်နက်တွေကို စစ်
ဆေးနေပုံကို ပြထားပါတယ်။

အကုန်လုံးရောက်သွားတာ မဟုတ်ပေမယ့် တစိတ်တပိုင်းရသွားတယ်။ ဒါဟာ လက်မခံနိုင်စရာပဲလို့ အာဒို ဂမ်က ပြောပါတယ်။

မီဒီယာဖော်ပြချက်တွေအရ အမေရိကန်က လေထီးနဲ့ချပေးတဲ့ လက်နက်အသုတ် ၂၈ ခုထဲက တခုက အိုင် အက်စ်တွေ လက်ထဲ ရောက်သွားပြီး ကျန်တဲ့ ၂၇ သုတ်ကတော့ ကာဒစ်ရှ်တွေ ရသွားတာ သေချာတယ်လို့ အစီရင်ခံထားပါတယ်။

DVB

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.