ဒီမိုကရေစီအပြည့်အ၀ပေးရန် ဟောင်ကောင်ကျောင်းသားများ တောင်းဆိုဆန္ဒပြမှု ပြင်းထန်

ဓာတ်ပုံ – ရိုက်တာ
ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အ၀ပေးဖို့ အစိုးရရုံးချုပ်ဝင်းထဲအထိ ၀င်ပြီး ဆန္ဒပြနေတဲ့ ကျောင်း သားတွေကို ရဲအဖွဲ့က စနေနေ့မှာ ဖယ်ရှားခဲ့ပေမယ့် ထောက်ခံသူတွေကတော့ ၀င်းအပြင်ဘက်မှာ ဆက်ပြီး ဆန္ဒပြနေပါတယ်။

အစိုးရရုံးချုပ်ထဲအထိ ၀င်ပြီး ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတွေက တယောက်ပြီး တယောက် အ တင်းဖယ်ရှားခဲ့တာပါ၊ ၀င်းအပြင်ဘက်မှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေ ကတော့ ကြွေးကြော်သံတွေ အော်ရင်းနဲ့ ဆက်လက် ဆန္ဒပြနေပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်း ရဲတွေနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့မှုမှာ ကျောင်းသားတွေ အတော်များများ အသေးစား ဒဏ်ရာတွေရခဲ့ပါတယ်။ ရဲတွေက ငရုတ်ကောင်းရည်နဲ့ ပက်ပြီး လူစုခွဲဖို့ကြိုး စားတာကို ဆန္ဒပြသမားအများစုက ထီးတွေနဲ့ ကာခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့ ဆန္ဒပြပွဲအတွင်း စင်ထရယ်ကို သိမ်း လှုပ်/ရှားမှုကို ဦးဆောင်သူ ဘန်နိတိုင်း လည်း ပူးပေါင်းပါဝင်ခဲ့ပြီး ကျောင်းသားတွေနဲ့အတူ ရပ်တည်တယ်လို့ ပြောခဲ့ပါတယ်။

ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ တရုတ်လက်အောက်ကို ပြန်ရောက်ခဲ့ပြီး တနိုင်ငံ စနစ်နှစ်မျိုး မူနဲ့ အုပ်ချုပ်နေတာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ဟောင်ကောင်ပြည်သူတွေ ရရှိထားတဲ့ လွတ်လပ်မှုဟာ တရုတ်ပြည်မကြီးပေါ်မှာ ပြည်သူမရတဲ့ အဆင့်အတန်းမျိုး ဖြစ်ခဲ့ပြီး အရွယ်
ရောက်သူတိုင်း မဲပေးခွင့်အဆင့်အထိ တိုးမြှင့်ပေးဖို့ ကတိက၀တ် ရှိခဲ့ပါတယ်။

ဒါပေမယ့် အရင်လကတော့ တရုတ်ပြည်မကြီးက ၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဟောင်ကောင် သားတွေက လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ကို ပယ်ချခဲ့တာကြောင့် ဒီမိုကရေစီလိုလားသူတွေက လမ်း
ပေါ်ထွက်လာကြတာဖြစ်ပါတယ်။
တရုတ်ပြည်မကြီးက ချပေးတဲ့ အုပ်ချုပ်မှူးလောင်းတွေထဲက တယောက်ကို မဲပေးရွေးချယ်ရမယ့် အစီအ စဉ်ကို ကျောင်းသားတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.