ဓာတ်ပုံ – ဦးထွန်း (မယ်ဆိုင်)
ထိုင်းမြန်မာနယ်စပ် တာချီလိတ်နဲ့ မယ်ဆိုင်မြို့တွေမှာ တောင်ကျရေကြောင့် ချောင်းရေလျံတက်တာတွေ
ဖြစ်ပြီး မြို့ထဲက ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ အနိမ်ပို်င်းရပ်ကွက်တွေမှာ ရေနစ်မြှုပ်တာတွေကို ဆိုးဆိုးဝါးဝါး ခံနေရပါတယ်။
မယ်ဆိုင်ချောင်းရေ မြင့်တက်နေမှုကြောင့် ချစ်ကြည်ရေးတံတားကို ထိလုနီးပါး အထိ ဖြစ်နေပါတယ်။ တံ တားကိုလည်း ခရီးသည်တွေသွားလာမှုကို ယာယီပိတ်ထားပါတယ်။
တာချီလိတ် အနီးဝင်းကျင်ကျေးရွာ တချို့ကိုလည်း တောင်ကျချောင်းရေ အရှိန်နဲ့ ကျဆင်း လာတာ
ကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဒေသခံအချင်းချင်းကူညီကယ်ဆယ်မှုများကို လုပ်ပေးနေရတာတွေ ရှိနေပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon