![]() |
ဆီရာယာလီယွန်နိုင်ငံ Freetown မြို့က ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို အီဘိုလာပိုး စစ်ဆေးဖို့ တင်ဆောင်စဉ် (Credit: Reuters) |
ကျော်ကို သီးသန့်ခွဲထားမှုတွေ လုပ်ထားပါတယ်။
လူတစ်သန်းကျော်ကို သီးသန့် ခွဲခြား ထားတာက ပြဿနာ ဖြစ်လာနိုင်ပေမယ့် ဆီရာယာလီယွန် ဆက်လက် ရှင်သန်မှုက ပိုအရေးကြီးတယ်လို့ သမ္မတ Ernest Bai Koroma က ပြောပါတယ်။
ဒေသ ၁၂ ခုကို ပြင်ပကမ္ဘာနဲ့ ပိတ်ချလိုက်တာဖြစ်ပြီး အဲဒီဒေသကို ကျန်းမာရေးလုပ်သားတွေနဲ့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်မယ့် သူတွေသာ သွားလာခွင့်ရှိပါတယ်။
အဲဒီမတိုင်ခင် လွန်ခဲ့တဲ့ တစ်ပတ်က တစ်နိုင်ငံလုံးကို ၃ရက်ကြာ ပိတ်ချခဲ့ပြီး ကျန်းမာရေးလုပ်သားတွေက တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီလို လုပ်ဆောင်ရာကနေ လူနာအသစ် တချို့ကို တွေ့ရှိခဲ့သလို တချို့ဒေသကို မီးမှောင်းထိုးဖို့ သင့်
ကြောင်း တွေ့ရှိတဲ့အတွက်လည်း အခုလို လုပ်ဆောင်တာလို့ ဆိုပါတယ်။
အမေရိကန် အစိုးရကလည်း အီဘိုလာ တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်းပေါင်း ၁၉၀ ထပ်ကူညီမယ်လို့ သိရပြီး စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၄၅၀ ကို အမေရိကန်က ကူညီနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် အစိုးရက ရောဂါ ဖြစ်ပွားနေတဲ့ လိုင်ဘေးရီးယားနိုင်ငံမှာ ဆေးကုသရေးဆောင်တွေ တည်ဆောက်ဖို့ စစ်သား အယောက်ပေါင်း ၃၀၀၀ ကိုလည်း စေလွတ်ထားပြီ ဖြစ်ပါတယ်။
ဆီရာယာလီယွန်နိုင်ငံမှာ အီဘိုလာကြောင့် သေဆုံးသူ အယောက်ပေါင်း ၆၀၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။
အနောက်အာဖရိကဒေသမှာ အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အယောက်ပေါင်း ၃၀၀၀ နီးပါး ရှိတဲ့ အကြောင်း Martin Cuddihy က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon