Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။
တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင် တယ်။
• ကိုယ်ဝန်တား Oral pills စားဆေး၊ Patch ကပ်ခွါဆေး၊ Spray ဖြန်းဆေးတွေ သုံးနိုင်တယ်။ တားဆေးပေးရတဲ့ ရည်ရွယ်ချက်က Irregular vaginal bleeding ရာသီ မမှန်တာအတွက် ဖြစ်တယ်။
• Transdermal hormone အရေပြားအောက် ထားရတဲ့ဆေးကို တချို့က ပိုကြိုက်တယ် အသဲကို မထိခိုက်လို့ ပြောတာ ဖြစ်တယ်။
• ဆရာဝန်ကနေ စမ်းသပ်စစ်ဆေးပြီး တခြား သွေးဆင်းစေတဲ့အကြောင်း မရှိတာ သေခြာပြီးမှ ဒီဆေးပေးရတယ်။
• (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ဆေးတွေ၊ Vaginal estrogen ring ကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြားတွေ အမျိုးမျိုးရှိတယ်။
• Vaginal moisturizing agents ဆိုတာတွေက ဟော်မုန်း မဟုတ်ဘဲ ဗဂျိုင်းနားကို စိုစွပ်မှုရစေအောင် သုံးနိုင်တယ်။ K-Y Silk-E Vaginal Moisturizer or KY Liquibeads တွေ ဖြစ်တယ်။ ခင်ပွန်းနဲ့ အတူနေဘို့ အတွက် အသုံးဝင်တယ်။ အပျိုကြီးတွေအတွက်လဲ အကျိုးရှိတာပါဘဲ။ ဒီနေရာမှာ ခြောက်သွေ့နေရင် မကောင်းဘူး။
• Selective serotonin reuptake inhibitors (SSRIs) အုပ်စုဝင် Antidepressant စိတ်မကျဆေး သုံးနိုင်တယ်။ ဥပမာ Venlafaxine (Effexor), Fluoxetine (Prozac), Sertraline (Zoloft), Paroxetine (Paxil), Citalopram (Celexa) တွေ ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးရှိမယ်။ Decreased libido လိင်စိတ်နည်းမယ်၊ Sexual dysfunction လိင်ဆက်ဆံတာမှာ အခက်အခဲ ရှိနိုင်တယ်။
• တခြားဆေးတွေလဲ အသုံးကျနိုင်တယ်။ ဥပမာ Gabapentin (Neurontin) အတက်သက်သာဆေး၊ Clonidine (Catapres) သွေးကျဆေး။
• တချို့က Bioidentical hormone ကိုသုံးတာကို စိတ်ဝင်စားမှု ပိုလာနေတယ်။ ဓါတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ ဟော်မုန်း အတုဖြစ်တယ်။ တရားဝင် အသိအမှတ် မပြုသေးပါ။
Alternative medical therapies ကျွန်တော်တို့လို သမားရိုးကျ ဆရာဝန်တွေသုံးနည်း မဟုတ်တာတွေလဲ သုံးကြတယ်။
• Phytoestrogens, Isoflavones အပင်တွေကနေရတဲ့ Plant estrogens တွေပါတာမျိုး သုံးနိုင်တယ်။ Isoflavones ဓါတ်ပေါင်းဟာ Soy ပဲပုပ်မှာ ပါတယ်။ အဆတော့ အင်မတန်နည်းတယ် Estradiol တကယ့် အီစထိုဂျင်ရဲ့ တထောင်ပုံ တပုံ၊ တသိန်းပုံတပုံသာ ပါတယ်။ Chick peas ကုလားပဲ နဲ့ Lentils ပဲနီလေးတွေမှာလဲ ပါတယ်။
• Vitamin E ဗီတာမင် အီး ကိုလဲ သုံးနိုင်တယ်။
• Himalaya ကနေထုတ်တဲ့ Menosan ဆေးမှာ Herbal ingredients (ဟာဗယ်) ဆေးတွေ ပါတယ်။
• ပေါ်ပြူလာဖြစ်နေတဲ့ နောက်တမျိုးကတော့ Mexican yam ကနေထုတ်တဲ့ Tibolone လို့ ခေါ်တယ်။
Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု
၁။ Benificial အကျိုးများစေမဲ့ဆေး
(က) Oestrogens (အီစထိုဂျင်) မ-ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုမှာ Oestrogens ဆေးပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ စနစ်တကျလေ့လာမှု ၂ ခုမှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလဲ နည်းစေတယ်။ Urogenital symptoms ဆီးလမ်း-မွေးလမ်း လက္ခဏာတွေကို ပိုမိုကောင်းမွန်စေတယ်။ စနစ်တကျလေ့လာမှု ၁ ခုမှာ စိတ်ဓါတ်ကျတာကို သက်သာစေတယ်။ ကွက်ကျား-လေ့လာမှု ၄ ခုမှာ Quality of life လူနေမှုတန်ဘိုး ရေတို ကောင်းမွန်စေတယ်။
(ခ) Progestogens (ပရိုဂျက်စတိုဂျင်) ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုနဲ့ ကွက်ကျား-လေ့လာမှု ၆ ခုမှာ Progestogens ပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သက်သာစေတယ်။ တခြားပိုကောင်းတာ မတွေ့ရဘူး။
(ဂ) Tibolone (တီဘိုလုံး) ဟော်မုန်း၊
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Vasomotor symptoms လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vasomotor symptoms လက္ခဏာတွေကို သက်သာစေတာမှာ Oestrogen/Progestogen ပေးတာထက် မညံ့ဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vaginal dryness မွေးလမ်းကြောင်း ခြောက်သွေ့တာကို သက်သာစေရာမှာလဲ သိသာတဲ့ ကွာခြားချက် ၄၈ ပတ်အကြာမှာ မတွေ့ရဘူး။
လေ့လာမှုတခုမှာ Sexual satisfaction လိင်ကိစ္စ ကျေနပ်မှုမှာ Oestradiol + Noresthisterone ပေးတာထက် ပိုကောင်းတယ်လို့ မတွေ့ရဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Sexual fantasies and arousability လိင်ပိုင်းဆိုင်ရာ ဆန်းပြားမှုနဲ့ နိုးထမှုတွေမှာ ဆေးမပေးသူတွေထက် ၃ လ အကြာမှာ ပိုကောင်းတယ်။
တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Conjugated Oestrogen ပေးတာထက် Sexual desire လိင်စိတ်ဖြစ်ပေါ်တာ နဲ့ Coital frequency လိင်ဆက်ဆံမှု အကြိမ် ပိုသာတာ တွေ့ရတယ်။
၂။ Likely to be beneficial အကျိုးရှိမယ်လို့ထင်ရတာ
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Phyto-Oestrogens ပါတဲ့ Soy protein ပေးတာဟာ မပေးသူတွေထက် လက္ခဏာ ခံစားရတာ သက်သာတယ်။ ဒါပေမဲ့ ၆ ပတ်အကြာမှာ လက္ခဏာပေါ်တဲ့ အကြိမ်ရေ အနည်းဘူး။
Phyto-Oestrogens ဆိုတာ လူတွေစားတဲ့ အစားအစာထဲမှာ ပါနေတဲ့ မ-ဟော်မုန်း (အီစထိုဂျင်) ကိုခေါ် တယ်။ ကနေဒါ သုတေသန တခုအဆိုအရ Nuts အစေ့အဆံတွေ၊ Oilseeds အစေ့အဆံတွေကရတဲ့ဆီ၊ Soy products ပဲပုပ်၊ Cereals ပြောင်း-ပြောင်းနှံ၊ Breads ပေါင်မုံ့၊ Legumes ပဲတောင့်ရှည် နဲ့ Meat အသားတွေမှာ ပါတယ်။ Flax seed ဗီသွာ (နှမ်းကြတ်) နဲ့ Oilseeds စေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ Soybeans ပဲပုပ် နဲ့ Tofu တို့ဟူးတို့က ဒုတိယ လိုက်တယ်။
၃။ Unknown effectiveness ဘာလို့ ထိရောက်မှုရှိတယ်ဆိုတာ ပြောမရတာ
- Antidepressants စိတ်မကျဆေးတွေ
- Clonidine သွေးတိုးဆေး၊
- Testosterone ကျား-ဟော်မုန်း၊
Dr. တင့်ဆွေ
Sign up here with your email
ConversionConversion EmoticonEmoticon