”တစ်ဖက်ကုမ္ပဏီက ကမ်းလှမ်းလာတဲ့အတွက် ဒီစနစ်ကို လုပ်ဖြစ်တာပါ။ ကျွန်တော်တို့ဘက်ကလည်း i-Pay ကတ်သီးသန့် ကားလုပ်ချင်တာနဲ့ အဆင် ပြေသွားတာပါ။
အဓိက,ကတော့ ငွေအကြွေပြဿနာဖြေရှင်းနိုင်ဖို့နဲ့ ယာဉ်ပိုင်ရှင်တွေ တိကျတဲ့လူစီးတဲ့နှုန်းကိုရရှိနိုင် ဖို့ရည် ရွယ်ပါတယ်”ဟု၎င်းက ပြောသည်။အဆိုပါ ယာဉ်လိုင်းသည် ဒဂုံ တက္ကသိုလ်နှင့် ဆူးလေကို အဓိက ထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း သြဂုတ်သို့မဟုတ် စက်တင်ဘာလတွင် ဝန်ဆောင်မှု စတင်သွား မည် ဖြစ်ကြောင်း လတ်တလော အခြေအနေတွင် ကတ်အသုံးပြုမှုအတွက် သင်တန်းပို့ချနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
”ယာဉ်လိုင်းပေါ်မှာ Customer Service အတွက် ဝန်ထမ်းတွေ ထားမှာပါ။ စီးသူတွေရဲ့ အခက်အခဲတွေ ဖြေ ရှင်းပေးမယ်။ ငွေဖြည့်တာတွေ၊ ကတ်ဝယ်ယူမှုတွေ ပြု လုပ်ပေးသွားမှာပါ” ဟု ၎င်းကဆက်ပြော သည်။ ယာဉ်စီးခနှုန်းထားအနေဖြင့် ကျပ် ၂ဝဝ သို့မဟုတ် ၃ဝဝ ထားရှိမည်ကို မသတ်မှတ်ထားသေးကြောင်း၊ ဝန်ဆောင်မှု စတင် သည်နှင့် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ iPay ကတ်ငွေဖြည့်သွင်းခြင်းများကို လည်း ယာဉ်လိုင်းပြေးဆွဲရာ လမ်းမှတ်တိုင်များ တွင် ရောင်း ချပေးသွား မည် ဖြ စ်ကြောင်း ၎င်းက ဆက်ပြော သည်။
လက်ရှိတွင် အဆိုပါကုမ္ပဏီသည် iPay စနစ်အသုံးပြုနိုင်ရေးအတွက် ပါရမီအဓိပတိ အပြာယာဉ်လိုင်းအချို့ တွင် ကြေညာပေးခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ လတ်တလော အနေဖြင့် iPay ကတ်စနစ်ကို ကားနှင့် ရန်ကုန်-ဒလပြေး ဆွဲနေသည့် သင်္ဘောများတွင် အသုံးပြုနေပြီး တစ်နေ့လျှင် သုံးစွဲသူ ၁၅ဝဝ မှ ၁၇ဝဝ ကြားအထိ ရှိနေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
popular journal
Sign up here with your email
ConversionConversion EmoticonEmoticon