ပဲခူးတိုင်း ပဲခူးခရိုင် ကလျာဏီရပ်ကွက်အတွင်း ရေကြီးရေလျှံနေမှုကို သြဂုတ် ၅ ရက်က တွေ့ရစဉ် |
ယင်းသဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ကို ခရိုင်မြို့နယ် ရပ်ကွက်ကျေးရွာအလိုက် အဆင့် ဆင့် ဖွဲ့စည်းထားပြီး ရေကြီးရေလျှံမှုများအပြင် အခြားသဘာဝ ဘေး အန္တရာယ်များကို ကယ်ဆယ် သွား မည်ဖြစ်ကာ လက်ရှိအချိန်တွင် ဒီရေအတက်အကျနှင့် မိုးရွာသွန်း မှုကြောင့် ရေကြီးမှုများကို လေ့ လာစောင့်ကြည့်လျက်ရှိသော ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ကို သြဂုတ် ၄ ရက်က အရေးပေါ် အစည်းအဝေးလုပ်ပြီး တိုင်းဒေသကြီးအစိုးရ အမိန့်နဲ့ ဖွဲ့ခဲ့တယ်။ ပဲခူးတိုင်းမှာ လောလောဆယ်တော့ ရပ်ကွက်အချို့ ရေလျှံ မှုတွေတော့ ရှိသေးတယ်။ လာမယ့်လပြည့်နေ့အထိ ရေထက်ကြီးဖို့ ရှိ၊ မရှိကို သတိထား စောင့်ကြည့်နေ ပါတယ်” ဟု ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပဲခူးမြို့နယ်အတွင်း ကျွန်းသာယာရပ်ကွက်၊ ကလျာဏီရပ်ကွက်၊ ဖောင်တော်ဦးရပ်ကွက်၊ မဇင်းရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်တို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။ ဒေသခံများမှာ လှေများကို အသုံးပြုသွား၍ သွားလာနေကြသည်ဟု သိရသည်။
ပဲခူးမြို့ ကလျာဏီရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ မူလတန်းကျောင်း ပိတ်ထားသည်ကို သြဂုတ် ၅ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) |
“ရေမြုပ်နေတာ ရက် ၂၀ ကျော်ပြီး ရေက တက်တာမြန်ပြီး ကျတာနှေးနေတယ်။ ရေကြီးတာ ခါးလောက် ရှိတော့ ကလေးတွေအတွက် အရမ်းစိုးရိမ်ရတယ်” ဟု ကလျာဏီရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါ ရေဘေးဒုက္ခသည်များ၏ အခက်အခဲများနှင့် ပတ်သက်၍ ယင်းကျောင်းတိုင်ဆရာတော် အား လျှောက်ထားမေးမြန်းခဲ့ရာ ဆရာတော်က ဒုက္ခသည်စခန်းမှာ ယာယီသာဖြစ်သေးကြောင်း မီဒီ ယာများအား သတင်းမေးမြန်းခွင့်နှင့် ဓာတ်ပုံရိုက်ကူးခွင့်တို့ ပေးခဲ့ခြင်းမရှိဘဲ ပြန်ရန်သာ မိန့်ကြားခဲ့သည်။
ပဲခူးခရိုင်တွင် မြို့နယ်ပေါင်း ရှစ်မြို့နယ်အနက် ပိန်းဇလုပ်၊ ရွှေကျင်၊ ညောင်လေးပင်၊ ပဲခူးမြို့နယ်တို့ တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ခရိုင်အတွင်းရှိ လယ်ဧကပေါင်း ၂၀၀၀၀ ကျော်မှာလည်း ရေ ၀င်ရောက်မှုရှိနေပြီး ဆန်စပါးများ ရေနစ်မြုပ်မှု ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ကြည်နိုင်၊ ဝေလင်းအောင် | EMG
Sign up here with your email
ConversionConversion EmoticonEmoticon