ကြောင့် ဆီနီဂေါနိုင်ငံဟာ အနောက်အာဖရိကမှာ ပဉ္စ မမြောက် အီဘိုလာရောဂါကူးစက်ခံရတဲ့နိုင်ငံဖြစ်လာပါ တယ်။
ဂီနီတက္ကသိုလ်ကျောင်းသားတဦးက ဂီနီနိုင်ငံကနေ ရောဂါကူးစက်ခံခဲ့ရပြီး ဒါကာမြို့တော်က ဆေးရုံတရုံမှာ သူ့ဆန္ဒအလျောက် သွားရောက်အစစ်ဆေးခံခဲ့တာလို့ ဆီနီဂေါ ကျန်းမာရေးဝန်ကြီးကပြောဆိုပါတယ်။
သူကိုယ်တိုင်လည်း ဂီနီနိုင်ငံမှာ အီဘိုလာရောဂါသည်တွေနဲ့ တွေ့ထိတယ်လို့ ထုတ်ဖော်ပြောဆို ပြီး သူ့ကို သီးသန့်ခွဲခြားထားတယ်။ လောလောဆယ်တော့ ပုံမှန်အခြေအနေမှာ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
ဒီကျောင်းသားဟာ အီဘိုလာရောဂါသည်တွေနဲ့ တွေ့ထိခဲ့လို့ အနီးကပ်စောင့်ကြည့်နေရာကနေ လွန်ခဲ့တဲ့ ၃ ပတ်က ပျောက်ဆုံးသွားခဲ့တာလို့ ဂီနီအာဏာပိုင်တွေက ဆိုပါတယ်။
ဂီနီနိုင်ငံမှာ အခုနှစ်မတ်လကစပြီး အီဘိုလာရောဂါပန်လည်ဖြစ်ပွားလာပြီး လက်ရှိအချိန်အထိ အနောက်အာ ဖရိကနိုင်ငံတွေမှာ သေဆုံးသူအားလုံး ၁၅၅၀ ကျော်သွားပြီဖြစ်ပါတယ်။
ဆီနီဂေါမြို့တော် ဒါကာဟာ အနောက်အာဖရိကမှာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အင်ဂျီအို အဖွဲ့တွေရဲ့ ဗဟို ဌာနတခုဖြစ်ပြီး ဒေသတွင်း ငွေကြေးဆိုင်ရာ၊ စီးပွားရေး အချက်အချာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့တပတ်ကပဲ အိမ်နီးချင်းနိုင်ငံတွေက အီဘိုလာရောဂါကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် ဂီနီနိုင်ငံနဲ့ နယ်နမိတ်ကို ပိတ်လိုက်ပြီး အီဘိုလာရောဂါ အဓိကဖြစ်ပွားနေတဲ့နိုင်ငံတွေနဲ့ လေကြောင်းဆက်သွယ် မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon