ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှု သတ္တမ မြောက်နေ့တွင် ခေါင်းလောင်းကြီး ဆယ်ယူသည့် နေရာအထက် မိုး ကောင်းကင်ပေါ်တွင် တိမ်တိုက်များက ခေါင်းလောင်းပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ဖြစ် ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း လာရောက် ကြည့်ရှုသည့် ရဟန်းရှင်လူပြည်သူ အပေါင်းက ဆိုသည်။
”ပထမစက်ဝိုင်းပုံသဏ္ဌာန်ပေါ် ပြီး တဖြည်းဖြည်းနဲ့ခေါင်းလောင်းပုံ သဏ္ဌာန်ပေါ်လာတာ။ အချိန်က ခဏ လေးပဲ။ သုံးမိနစ်လောက်တော့ကြာ မယ်ထင်တယ်”ဟုခေါင်းလောင်းဆယ် ယူနေမှုအား ဒလမြို့နယ် မှလာရောက် ကြည့်ရှုသည့်အသက် ၆၇နှစ်အရွယ် ဦးဇော်မြင့်က ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းတော် ကြီးအား ဆယ်ယူနေစဉ် သြဂုတ်လ ၁၄ ရက် သတ္တမမြောက်နေ့ ညနေ၃ နာရီတိတိတွင် ခေါင်းလောင်းတော် ကြီးဆယ်ယူနေသည့် မိုးကောင်းကင် အလယ်တည့်တည့်တွင် တိမ် တိုက် များက ခေါင်းလောင်းပုံသဏ္ဌာန်၊ အချိန်အားဖြင့် ၅မိနစ်ခန့် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
”ခေါင်းလောင်းကြီး ဆယ်ယူနေ တုန်း ဒီလိုထူးခြားမှုဖြစ်စဉ်တွေဖြစ် လာမယ်ဆိုတာကို ကြိုတွက်ထားပြီး သားပါ။ ဒါကြောင့် ဒီလက္ခဏာက ကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ခေါင်းလောင်းတော် ကြီးပြန် ဆယ်ယူရရှိမယ်လို့ယုံလဲ ယုံကြည်ပါ တယ်” ဟုပဲခူးမှလာရောက်ကြည့်ရှု သည့် ဒေါ်စန်းစန်းမြင့်က ဆို သည်။
Yangon Media Group
Sign up here with your email
ConversionConversion EmoticonEmoticon