ပရဟိတအတွက် အလုပ်လုပ်ရပြီဆိုကတည်းက ကိုယ်ကိုယ်တိုင်ငွေကြေးရယူပြီး လုပ်ရတဲ့အလုပ်ထက် တာဝန်ကပိုပြီးဝန်မလေးသလိုခံစားရတယ်။ ပြီးတော့စိတ်လည်း ရှင်းပါ တယ်။ ဥပမာ စတိတ်ရှိုးတစ်ခုဆိုရင် ကိုယ်ငွေကြေးရယူပြီး သီဆိုဖျော်ဖြေတာထက်ရသမျှ ငွေကြေးအားလုံးကိုလှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီဆိုဖျော်ဖြေတဲ့ စ တိတ်ရှိုးနဲ့ခံစားချက်က မတူပါဘူး။ ပရဟိတအလုပ်လုပ်ရတာကပိုလည်း စိတ်ရှင်းတယ်။ ပိုလည်းလွတ်လပ်ပေါ့ပါးတယ်။ ပရဟိတအလုပ်ကတော့ ကျွန်မ တို့တိုင်းပြည် မှာ တကယ်လိုအပ်တဲ့နေ ရာတွေ အများကြီးရှိနေလို့ လူတိုင်းဟာကိုယ်ချင်းစာစိတ်ကို အခြေခံပြီးဖြစ်တည်လာတဲ့ စိတ်ရင်းစေတနာ ကနေ ပရဟိတအလုပ်တွေ လုပ်ဖြစ်ကြ တာများပါတယ်။
တခြားတိုင်းပြည်မှာတော့ လိုအပ်တာထက် လူသားအချင်းချင်း ချစ်ခင်ကြင်နာမှုပြလိုတဲ့သဘောနဲ့ လုပ်ဖြစ် ကြတာရှိတယ်။ ကျွန်မတို့ဆီမှာတော့ တကယ် လိုအပ် လို့ လုပ်နေကြတာများပါတယ်။ ပရဟိတလုပ်တဲ့ သူတွေကို ကျွန်မဂုဏ်ယူပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ လိုအပ်နေတာတွေက ငြင်းလို့ မရအောင် တည်ရှိနေတာမို့ စိတ်မကောင်းစရာ ဖြစ်တာပေါ့။ လိုအပ်တာမှ တော်တော်ကို လိုအပ်နေတယ်။
ပညာရေးမှာပဲဖြစ်ဖြစ်၊ကျန်းမာရေးမှာ ပဲဖြစ်ဖြစ်ပေါ့။ကျွန်မတို့ဆိုရင် အနုပညာရှင်တွေနဲ့ရော ခင်မင် ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ပါ စုပေါင်းပြီးမေတ္တာသင်္ဂဟ အဖွဲ့ ဖွဲ့စည်းပြီး လစဉ်လတိုင်းမှာ လိုအပ်တဲ့နေရာတွေဆီ သွား ရောက် လှူဒါန်းဖြစ်ပါတယ်။ တကယ်တော့လည်းကျွန်မတို့ လုပ်နိုင်တာလေးကတကယ် တိုင်းပြည်မှာ လိုအပ်တာနဲ့ ယှဉ် လိုက်ရင်သဲလေးတစ်ပွင့် လောက် ပဲရှိပါတယ်။
ဒါပေမဲ့သဲလေးတစ်ပွင့်မို့လို့မထူးဘူးဆိုတဲ့စိတ်မျိုး တော့ထားလို့မဖြစ်ဘူး။ လူတိုင်း ကမိမိနိုင်သလောက်လေးအား လုံးကိုကူ ညီဖေးမသွားကြမယ်ဆိုရင် သင့်လျော်မှန်ကန်တဲ့အ နေအ ထားလေး တစ်ခုတော့ ဖြစ်တည်ရောက်ရှိလာမှာပါ။ခုဆိုရင်သက်ဆိုင်ရာ ကာယကံ ရှင်တွေရဲ့ကိုယ်တိုင်ရွေး ချယ် တဲ့ အတိုင်း ပရဟိတအလုပ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ကျွန်မ ဆိုရင် ပရဟိတ အလုပ်တွေ အ နေနဲ့ဘယ် အရာကို လုပ်ချင်ဆုံး လဲလို့မေးရင်ကိုယ်တတ်နိုင်တဲ့ အလုပ် မျိုးကိုပဲကျွန်မလုပ်ချင်တယ် လို့ဖြေမှာပဲ။ ကိုယ်ကိုယ် တိုင်ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့အလုပ်နဲ့ပဲကူညီချင်တယ်။ ဒီလိုပဲကိုယ်ပိုင်နိုင်တဲ့အလုပ် ကနေရတဲ့ငွေကြေးနဲ့လည်း ကူညီ ချင်ကူညီမယ်။ ကိုယ်ပိုင်နိုင်တဲ့ လုပ်အားအလှူကိုလည်း လှူချင်လှူမယ် ဆိုတဲ့ သဘော မျိုးဆိုလိုတာပါ။
လှူဒါန်းတဲ့အဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ များစွာ ရှိနေပါတယ်။ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်ပြီး ပရဟိတအလှူတွေလည်း ရေရှည်အကျိုးရှိ စေနိုင်ဖို့ဆိုရင် ကျွန်မ အနေ နဲ့နိုင်ငံသူနိုင်ငံသားအားလုံးပညာ တတ်ဖို့ အတွက်ကူညီတာကပိုပြီး အဆင်ပြေမယ်လို့ ထင်မြင်မိတယ်။ လူတိုင်းရဲ့ အသိတရားနဲ့ အတတ်ပ ညာက နိုင်ငံ တစ်ခုနဲ့ လူ့အဖွဲ့ အစည်းအတွင်းမှာ အမှန်တကယ်လိုအပ်တယ်။
ဒါ့အပြင်လူတိုင်းမှာ အသိတရားလည်းရှိဖို့လိုသလို၊ အတတ်ပညာတတ်ဖို့လည်း လိုအပ်ပါတယ်။အဲဒါမှ တိုင်း ပြည် တစ်ခု လုံးတိုးတက်စေမယ်။ လှူဒါန်းလိုက်တယ်ဆိုတာ ကလှူဒါန်းလိုက်တဲ့အချိန် ခဏပဲအကျိုး ရှိပါတယ်။
ရေရှည် အကျိုးဖြစ်ထွန်းသွားဖို့အတွက် ကျတော့အလှူခံလို့ရတဲ့ ငွေကြေး နဲ့ကာယကံရှင်များရဲ့အရည်အ ချင်းကို မြှင့်တင်ပေးမှရပါ မယ်။ ကျွန်မတို့အခု ပရဟိတ စလုပ်ဖြစ် တယ် ဆိုတာက လည်း ကိုယ်ချင်းစာစိတ် ကလေး ကရင်တွင်းသန္ဓေတည်စခဲ့တာ ပါ။ လူတိုင်းလူတိုင်း ကိုယ်ချင်း စာစိတ်ကလေးရှိတယ်ဆိုရင် ပဲ ပရဟိတ အလုပ် ကို လုပ်ဖြစ် ကြမှာပါ။ ကျွန်မကိုယ်တိုင် လည်း မြန်မာပြည်မှာပြုလုပ်တဲ့ Charity Show တုန်းကတော့ အမေစုရဲ့ပညာရေး ကွန်ရက်ကို သိန်း ၁ဝဝ လောက်ပဲ လှူဒါန်း လိုက်နိုင် တယ်။
စုစုပေါင်းအလှူငွေထဲက အကူအညီလို အပ်တဲ့၇နေ ရာကိုသိန်း ၁ဝဝ ဆီလှူဒါန်းလိုက် ခဲ့တယ်။အခုနောက် ပိုင်းကျွန်မ လုပ်ဖြစ်သမျှတွေထဲမှာအမေ စုရဲ့ပညာရေး ကွန်ရက်ကို ပိုပြီး စိတ်အားထက်သန်ဖြစ်မိခဲ့ပါတယ်။ အထက်မှာကျွန်မ ပြောခဲ့သလိုပဲကလေးတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးမှသာနောင် အနာဂတ် တိုင်းပြည်ရဲ့ အ ရည် အချင်းလည်း မြင့်သထက်မြင့်လာမယ်ဆိုတာယုံကြည်ထားလို့ပါ။
ကျွန်မလုပ်နိုင်တာလေးကသဲတစ်ပွင့်ပါပဲ။ ကိုယ်ကူညီ နိုင်သလောက် ကူညီနေတဲ့ သဘောမျိုးပါ။ သြ စတြေးလျနိုင်ငံမှာလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတုန်းကရရှိခဲ့တဲ့ သိန်း ၅၈ဝဝန်း ကျင်လောက်ကို အမေစုရဲ့ ပညာရေး ကွန်ရက်နဲ့ ကျန်းမာ ရေးကွန်ယက်ကို ခွဲဝေလှူဒါန်း နိုင် ခဲ့ပါ တယ်။ကျွန်မအနေနဲ့ တခြားပရဟိတခေါင်း စဉ်နဲ့လာ တဲ့ ကိုယ်တတ်နိုင်တဲ့ပွဲမျိုးတွေမှာ ပါဝင်ကူညီဖြစ်မှာပါ။ကိုယ် တတ်နိုင်တဲ့ပွဲဆိုတာက ကျွန်မ အနေ နဲ့ ခရီးထွက်နေ တာ တို့၊ မအားလပ်တာမျိုးတို့ တိုက်ဆိုင် တာရှိတတ်တော့အဆင် ပြေတဲ့ ပွဲတွေမှာကူညီဖြစ် မှာပါ။ နောက်နှစ်မှာတော့ အမေရိက ဘက်ကိုလှည့်လည်ပြီး သြစတြေးလျမှာ ကျင်း ပခဲ့တဲ့ပွဲမျိုး အမေစု ရဲ့ကျန်းမာရေးနဲ့ ပညာ ရေးကွန်ရက်အကျိုးအတွက် သွားရောက်လုပ်ဆောင် ဖြစ်မှာ ပါ။
ငယ်ငယ်ကတော့ ကျောင်း မှာသင်ရတာကပရဟိတစိတ် ဆိုတာအများအကျိုးလိုလား တဲ့စိတ်ကိုသင် ယူဖူးပါတယ်။အဲ ဒီတုန်းက တော့သေသေချာချာ နားမလည် ဘူး။ သင်ကြားရသ လောက်ပဲ တတ်မြောက်ခဲ့ တယ်။ ကျွန်မအလွတ်ကျက်ဆိုလည်း ကျက်ခဲ့ရတယ်။အခုအခါ အသက်အရွယ်ကြီးလာတော့မှ ကျွန်မအနေ နဲ့ သဘောပေါက် လာ တယ်။ဒါကြောင့်မို့ကိုယ့် ထက်နိမ့်ကျသူများကိုကိုယ် ချင်းစာတဲ့စိတ်အပေါ် မှာအ ခြေ ခံ ပြီးဖြစ်လာတဲ့စေတနာ ဆိုတာပရဟိတစိတ်ထားပဲလို့ ပြောကြားရင်းပေါ်ပြူလာ ဂျာနယ် ရဲ့အ လှည့်ကျ ဧည့်သည် အယ်ဒီတာစကားကို အဆုံး သတ်လိုက်ရပါတော့တယ်။
ထွန်းအိန္ဒြာဗို | popular journal
Sign up here with your email
ConversionConversion EmoticonEmoticon