ဂျပန်ဝန်ကြီးချုပ်က လုပ်ငန်းခွင်များတွင် အမျိုးသမီးများအား ပိုမိုခန့်အပ်နိုင်ရေး ဆောင်ရွက်မည်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၀န်ကြီးအဖွဲ့အပြောင်းအလဲကို စက်တင်ဘာလတွင် ပထမဆုံးအ ကြိမ် လုပ်ဆောင်ပါက အမျိုးသမီးဝန်ကြီးများဖြင့် အစားထိုးသွားမည်ဟု ပြောကြားသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းသည် အမျိုးသမီးများ လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်နိုင်ရေးအ တွက် စံနမူ နာပြ လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်အတွက် ရှင်ဇိုအာဘေးက `ကျား၊မ သာတူညီမျှရေးဆိုင်ရာဝန်ကြီး´ မာဆာကို မို ရီကို တာဝန်ပေးအပ်ထားသည်။

အလုပ်လုပ်ကိုင်မည့် မိခင်များအပေါ်တွင် ကလေးများ၏ ၀န်ထုပ်ဝန်ပိုး လျော့နည်း သွားစေ ရန် နိုင်ငံတွင်း ကလေးထိန်းဌာနများ ပိုမိုတည်ထောင်မည်ဖြစ်သကဲ့သို့ ဖခင်များကလည်း ကလေး ငယ် များ စောင့်ရှောက် ရာတွင် ပိုမိုပါဝင်လာစေရန် နည်းလမ်းသစ်များကို မာဆာကို မိုရီက ရှာဖွေ လျက် ရှိသည်။

`မိဘတွေအတွက် မွေးခွင့်ယူမယ့် အစီအစဉ်ကို တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ကျွန်မရဲ့ လူသားရင်း မြစ်ဆိုင် ရာဌာန အကြီးအကဲက ကျွန်မကို ပြောတယ်။ ၀န်ကြီးရေ ဒီလိုမလုပ်ပါနဲ့တဲ့။ ကျွန်မက တော့ ကမ္ဘာပေါ် မှာ ပထမဆုံးဖြစ်မယ့် ဒီအစီအစဉ်ကို လုပ်ဆောင်သွားမှာပါ´ ဟု ပြောကြားသည်။

Hosei Graduate School of Regional Policy Design မှ ပါမောက္ခ တာကာအို ကိုမိနဲက ´အိမ် ထောင်သည် အမျိုးသမီးတွေအနေနဲ့ ပင်စင်တွေ ခံစားခွင့်ရမှာဖြစ်သလို ထပ်ဆောင်းရန်ပုံငွေ၊ အခွန်ကင်းလွတ်ခွင့်တွေကို ကုမ္ပဏီတွေက ပေးသွားမှာပါ။ ဒီလို သွယ်ဝိုက်တဲ့ နည်းနဲ့ အမျိုးသ မီး တွေ အိမ်ရှင်မဖြစ်လာဖို့ အားပေးသွား ပါမယ်´ ဟု ပြောကြားသည်။

mizzimaburmese

Previous
Next Post »
Powered by Blogger.