စားဝတ်နေရေး အခက်အခဲကြောင့် အခြေခံလူတန်းစားများ ဆံပင်ဖြတ်ရောင်းမှု များပြားလာ


စားဝတ်နေရေး အခက်အခဲနှင့် အကြောင်းအမျိုးမျိုးသော ငွေကြေးအခက်အခဲများကြောင့် ဆံပင်အ၀ယ် ဆိုင်များတွင် ဆံပင်ဖြတ်ရောင်းသူများ အများအပြားရှိလာကြောင်း သိရသည်။

ဆံပင်ဖြတ်ရောင်းရခြင်း၏ အကြောင်းအရင်းများမှာ ကျန်းမာရေးနှင့် လူမှုရေး အကြောင်းအရင်းများကြောင့်
 ဖြစ်ပြီး များသောအားဖြင့် စားဝတ်နေရေး မပြေလည်ခြင်းကြောင့်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရှိ ဆံပင် အ၀ယ်ဒိုင်များထံမှ သိရသည်။

“တချို့ကျတော့ ကျန်းမာရေးကြောင့် ဆေးဖိုးမတတ်နိုင်လို့ လာဖြတ်ရောင်းတယ်။ တချို့ဆိုရင် ကားပေါ်မှာ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့ ပြန်စရာလမ်းစရိတ် မရှိတာနဲ့ ကြံရာမရတဲ့အဆုံး ဆံပင်ဖြတ်ရောင်းကြ တယ်။ အလှူအတန်းလုပ်ဖို့ ပိုက်ဆံမရှိရင်လည်း လာရောင်းကြတာပဲ။ များသောအားဖြင့်က အောက်ခြေ လူတန်းစားလောက်ပဲ ဆံပင်ဖြတ်ရောင်းကြပါတယ်” ဟု လှိုင်သာယာမြို့နယ် ဗထူးလမ်းပေါ်ရှိ ဆံပင်အ ၀ယ်ဒိုင်တစ်ခုမှ သိရသည်။

“အဘွားက အကြော်ရောင်းတော့ အကြော်ဖိုး အရင်းမရှိရင် ဆံပင်သွားဖြတ်ရောင်းတယ်။ လေး ကြိမ်လောက်တော့ရှိပြီ။ ပထမအကြိမ်တုန်းက ကျပ် ၄၀၀၀၀ လောက်ရတယ်။ နောက်ဆုံးအကြိမ်ကျတော့ ဆံပင်က ပါးလာတော့ တစ်သောင်းပဲရတော့တယ်။ ဆံပင်ရောင်းချင်တဲ့ ကောင်မလေးအချို့ကို ဆံပင်အ ၀ယ်ဒိုင်တွေဆီ လိုက်ပို့ပေးရင်တာ့ အ၀ယ်ဒိုင်တွေက အဘွားကို မုန့်ဖိုးပေးပါတယ်” ဟု လှိုင်သာယာ ဗထူး လမ်းမပေါ်ရှိ အကြော်ဆိုင်မှ အဘွားဒေါ်မြကြည်က ဆိုသည်။

အ၀ယ်ဒိုင်များ ဆံပင်ဝယ်ယူမှုများခြင်း မများခြင်းမှာ တရုတ်အ၀ယ်ဒိုင်များနှင့် သက်ဆိုင်ပြီး တရုတ်အ၀ယ် ဒိုင်များ ဆံပင်ဝယ်ယူမှု ကျဆင်းပါက ဆံပင်ဈေးနှုန်းကျဆင်းပြီး အရောင်းအ၀ယ်နှေးသွားကြောင်း သိရ သည်။

တရုတ်အ၀ယ်ဒိုင်ကြီးများ အနေဖြင့် ရန်ကုန်မြို့ရှိ ဆံပင်အ၀ယ်ဒိုင်များမှတစ်ဆင့်မှ ၀ယ်ယူ၍ မူဆယ်မြို့ တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

“အစ်ကိုတို့က သာကေတမှာ အ၀ယ်ဒိုင်ဖွင့်ထားတယ်။ သာကေတကတစ်ဆင့် မန္တလေး၊ ပြီးတော့ မူဆယ် လမ်းကြောင်းကနေ တရုတ်ပြည်ကို ပို့တယ်။ ဟော်လန်၊ အမေရိကန်တို့ကိုလည်း ပို့ပေမယ့် တရုတ်ကတော့ အများဆုံးဝယ်တာ များပါတယ်။ သာကေတမှာ အ၀ယ်ဆိုင် သီးသန့်ဆိုပြီး ဖွင့်ထားတာ မရှိပါဘူး။ အိမ်မှာပဲ လုပ်တာပါ။ ဘယ်သူမဆို လာရောင်းရင် ၀ယ်ပါတယ်” ဟု သာကေတမြို့နယ်မှ ဆံပင်အ၀ယ်ဒိုင် ကိုဇော်ထွန်းက ဆိုသည်။

ရပ်ကွက်အတွင်းရှိ ဆံပင်အ၀ယ်ဒိုင်များတွင် ဆံပင်တစ်ပိဿာ တစ်သိန်းခွဲဝန်းကျင်ရှိပြီး ၁၃ လက်မအရှည် ဆံပင်တစ်ကျပ်သား ၁၃၀၀ မှ ၁၅၀၀ အထိ ဈေးရှိပြီး ဆံပင်အ၀ယ်ဒိုင်ကြီးများတွင်မူ ကျပ် ၄၀၀၀၀ မှ သုံး သိန်းဝန်းကျင်အထိရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဆံပင်အ၀ယ်ဒိုင်များကို အင်းစိန်၊ လှိုင်သာယာ၊ သာကေတနှင့် မြောက်ဥက္ကလာပမြို့ နယ်များတွင် အများဆုံးတွေ့ရပြီး တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံများသို့ ဆံပင်များ အများဆုံးတင် ပို့ကြောင်းလည်း သိရသည်။

7day

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.