ရက်လွန် အသားတွေကို အသုံးပြုထားတဲ့ စားစရာတွေကို မသိဘဲဝယ်စားခဲ့ရတဲ့ စားသုံးသူတွေကို နစ်နာကြေပေး ဖို့ မသေချာသေးဘူးလို့ McDonald နဲ့ KFC တို့က ပြောပါတယ်။
McDonald ရဲ့ ရှန်ဟိုင်းကိုယ်စားလှယ်က ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို တိတိကျကျ မဆုံးဖြတ်ရ သေးဘူး လို့ပြောပါတယ်။
KFC ရဲ့ ရှန်ဟိုင်း ကိုယ်စားလှယ်ကလည်း ဒီမေးခွန်းကို သက်ဆိုင်သူတွေကို မေးပြီးမှ ပြန်ဆက် သွယ်မယ်လို့ ပြောပါတယ်။ရှန်ဟိုင်း အစားအသောက်ဘေးကင်းစေရေး ကွပ်ကဲမှုအဖွဲ့က ရှန်ဟိုင်း ဟူစီ အစားအသောက် ကုမ္ပဏီကို ရက်လွန် အသားတွေကို ထုပ်ပိုးရောင်းချခဲ့တယ်လို့ သံသယရှိတဲ့ အတွက် ယာယီ ပိတ်ထားပါတယ်။
ရှန်ဟိုင်း အခြေစိုက် အမေရိကန်ကုမ္မဏီဟာ McDonald၊ KFC နဲ့ Pizza Hut တို့လို တကမ္ဘာလုံး ဖြန့်ကျက် ထားတဲ့ စားသောက်ဆိုင်တွေအတွက် ကြက်သားနဲ့ အမဲသားကို ပုံမှန်ပို့နေတဲ့ ကုမ္ပဏီပါ။
ကုမ္ပဏီက ရက်လွန်အသား သေတ္တာပေါင်း ၅၀၀၀ ကျော်ကို ရောင်းချခဲ့တယ်ဆိုတဲ့ စုံစမ်းဖော်ထုတ်တဲ့ သတင်းတပုဒ် ဟိုးလေးတကျော် ဖြစ်ပြီးနောက် အရည်အသွေးထိန်းချုပ်ရေး မန်နေဂျာ အပါအ၀င် လူငါးယောက်ကို ရှန်ဟိုင်းရဲအဖွဲ့က ဖမ်းဆီး စစ်ဆေးနေပါတယ်။
ကျော်မကောင်းကြားမကောင်း ဒီသတင်းကြောင့် တရုတ်ပြည်မှာသာမက၊ ဂျပန်မှာ ဆိုင်ခွဲပေါင်း တသောင်းကျော်ရှိတဲ့ FamilyMart ရဲ့ ကြက်သား စားသောက်ကုန်တွေ အပေါ်လည်း ဂယက်ရိုက်ခဲ့ပါတယ်။
FamilyMart ကတော့ စားသုံးသူတွေကို လျှော်ကြေးပေးမယ့်အကြောင်း အသေးစိတ် ထုတ်ပြန်ထား ပြီး ဖြစ်ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon