အိန္ဒိယ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ လောင်စာ ပြတ်လပ်


ကျောက်မီးသွေးအရန်သိုက်များ ပိုင်ဆိုင်မှုတွင် အိန္ဒိယနိုင်ငံမှာ ကမ္ဘာတွင်အများဆုံးဖြစ်သော် လည်း နိုင်ငံအတွင်းရှိ ဓာတ်အားပေး စက်ရုံများသည် လောင်စာ ပြတ်လပ်မှုကြောင့် မလည်ပတ်နိုင်ဘဲ လျှပ်စစ်ဓာတ်အား ပျက်တောက်မှုများ အကြီးအကျယ် ကြုံတွေ့ရနိုင်သည်ဟု ဇူလိုင် ၂၇ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံရှိ စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၆ဝ ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှ ထုတ် လုပ်ခြင်း ဖြစ်ပြီး၊ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများသို့ ကျောက်မီးသွေး ထောက်ပံ့မှုမှာ ယခုလအ တွင်း အလွန်အမင်း လျော့နည်းသွားသည်ဟု အိန္ဒိယ၏ အကြီးဆုံးသော လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက အိန္ဒိယအစိုးရကို သတိပေး ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် ကြုံတွေ့နေရသော အကျပ်အတည်းအား ဖြေရှင်းရန်အတွက် အိန္ဒိယအစိုးရက အလျှင်အမြန် ဆောင်ရွက် နေသော်လည်း ချို့ယွင်းနေသော စီးပွားရေးကို ပြန်လည်ထူထောင် ရန် ရေရှည်စီမံကိန်းများ လိုအပ်သည်ဟု လေ့လာ သုံးသပ်သူများက ထောက်ပြထားသည်။ ကျောက် မီးသွေးအရန်သိုက်များစွာ ရှိသော်လည်း အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ပြည်ပမှ တင်သွင်းသည့် ကျောက် မီးသွေးပေါ်တွင် အလွန်အမင်း မှီခိုလျက်ရှိသည်။

“အိန္ဒိယက ဒီထက်ပိုများတဲ့ လျှပ်စစ်ဓာတ်အားကို လိုအပ်နေပါတယ်။ တော်တော်များများကို အချိန်မြန်မြန်တွင်း ရနိုင်ဖို့ လိုပါတယ်” ဟု HSBC ဘဏ်၏ စီးပွားရေးပညာရှင် ဖက်ဒရစ် နျူမန်း က ပြောကြားလိုက်သည်။ ထို့အပြင် “အဲဒီလိုမှ မဟုတ်ရင် စီးပွားရေးပြန်လည်ထူထောင်ဖို့နဲ့ မိုဒီအစိုးအရဲ့ စီးပွားရေဖွံ့ဖြိုးတက်တက်မှု မျှော်လင့်ချက်တွေ အတွက်လည်း အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ အာရှတိုက်၏ စီးပွားရေးအရ တတိယအင်အားအကြီးဆုံး သော အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာသော မိုဒီအား ရည်ညွှန်းကာ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ယိုယွင်းနေသော အိန္ဒိယ ဓာတ်ငွေ့အထောက်အပံ့မလုံလောက်မှုပြဿနာကြောင့် အလွန်ပူပြင်းသည့် မေ လနှင့် ဇွန်လ တို့တွင် မြို့တော် ဒေလီ၌ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားလေ့ရှိသည်။ ထို့ကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းက လမ်းပေါ်ထွက် ဆန္ဒပြမှုများ၊ ပါလီမန်အတွင်း ငြင်းခုန်မှုများ ကိုလည်း ပေါ်ပေါက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ ဓာတ်အားပေးစက်ရုံများမှာ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု အပူစွမ်းအင် ဆိုင်ရာ အမျိုးသားကော်ပိုရေးရှင်းအဖွဲ့ (NTPC) မှ သတိပေးပြောကြားပြီးနောက်တွင် အိန္ဒိယ အစိုးရမှလည်း တိုင်းပြည်၏ အဓိကစက်ရုံ ၁ဝဝ အနက် ၄၆ ခုခန့်တွင် အသုံးပြုမည့် ကျောက်မီးသွေးမှာ ရက်သတ္တပတ် တစ်ပတ်စာပင် မရှိတော့ဟု လွန်ခဲ့သော သတင်းပတ်အတွင်း အတည်ပြု ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် မိုးရာသီကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် “ကျောက်မီးသွေးဖြည့်တင်းမှုတွေအတွက် ပိုမိုခက်ခဲ လာပါပြီ” ဟု စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် NTPC ၏ ပေးစားထဲတွင် ထည့်သွင်းရေးသား ထားသည်။

mizzima

Previous
Next Post »
Powered by Blogger.