![]() |
ပြည်ပနိုင်ငံတချို့တွင် အသုံးပြုလျက်ရှိသော တယ်လီနောဆင်းမ်ကတ် |
မိုဘိုင်းနည်းပညာဖြင့် ချိတ်ဆက်ပြီး MSI-M မှ အထူးပြုလုပ်ထားသော ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားပြီးခါစမိခင်များအတွက် ပေးပို့သွားမည်ဖြစ်ပြီး သားဆက်ခြားကျန်းမာရေး၊ ကလေးကျန်းမာရေးနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာများကို ပါ ပေးပို့ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးထောက်ပံ့ပေးမှုများဆောင်ရွက်ရာတွင် စာတိုပေးပို့ခြင်း၊ အသံဖြင့် ပေးပို့ခြင်း၊ ကွန်ပျူတာမှ အသံဖြင့် ပြန်လည်ဖြေကြားပေးမှုနှင့် Call Center များမှ ကျွမ်းကျင်ပညာရှင်များက ဖြေ ကြားပေးခြင်း ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။
ကျေးလက်ဒေသတွင် နေထိုင်သည့် လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက်ကျန်းမာရေးဝန်ဆောင်မှုပေးရန် လိုအပ်နေပြီး မိခင်၊ ကလေးနှင့် ပတ်သက်သည့် ကျန်းမာရေးသတင်းအချက်အလက်များကို ၂၀၁၅ ခုနှစ်တွင် ရည်မှန်းထားသည့် ကလေးသေဆုံးမှုလျှော့ချရေး၊ မိခင်နှင့် သားဆက်ခြားကျန်းမာရေးဝန်ဆောင်မှုတိုးတက်ရေးများ ပြည့်မီစေရန် တယ်လီနောမြန်မာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း MSI-M ၏ Country Director ဒေါက်တာစစ်နိုင်ကပြောသည်။
မိုဘိုင်းကျန်းမာရေးစစ်ဆေးမှု ၀န်ဆောင်မှုများကို 3Gစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီးကျေးလက်ဒေသ တွင်နေထိုင်သူများအနေဖြင့် မြို့ကြီးများရှိ ဆရာဝန်များနှင့် မိုဘိုင်းကွန်ရက်ကို အသုံးပြုကာ တိုင်ပင်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဝန်ဆောင်မှုများကို စက်တင်ဘာတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး မိုဘိုင်းဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် မှတ်ပုံတင်ရှိသူတိုင်းလိုသလောက်ရောင်း ချပေးမည်ဖြစ်သည်။
ဆွေမွန် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon