ဓာတ်လိုက်၍သေဆုံးခဲ့ရသည့် အမျိုးသမီးအား မှုခင်းဆေးပညာ များအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက် နိုင်ရန်အတွက် ကလေးမြို့ ပြည်သူ့ဆေးရုံကြီး မှုခင်းဆေးစာဌာနမှ ကလေးမြို့မရဲစခန်းသို့ ဆက်သွယ်အ ကြောင်းကြားခဲ့သည်။
ထို့ကြောင့် ကလေးမြို့မရဲစခန်းမှ ရဲအုပ် မျိုးမြင့်သန်းနှင့်အဖွဲ့သည် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွား ရောက်ခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးသူမှာ မ၀င်းမာ အသက် (၂၅)နှစ် ဆိုသူဖြစ်သည်။
ထိုနေ့ညနေပိုင်းက မိုးရွာသွန်းပြီးနောက် နေအိမ်ရှေ့ခြံစည်းရိုးရှိ သစ်ပင်များကို ဖခင်ဖြစ်သူ မှ ခုတ်ထွင်းရှင်း လင်းနေစဉ် ၎င်းတို့၏ နေအိမ်ရှေ့ရှိ လျှပ်စစ်ဓာတ်ကြိုးမှ ဖင်ဖြစ်သူအား ဓာတ်လိုက်ခဲ့သည်။
ထိုအချိန်တွင် သေဆုံးသူ မ၀င်းမာက ဖခင်ဇြစ်သူဓာတ်လိုက်နေခြင်းအား ၀င်ရောက်ကယ်တင်ရန် အရှည် အလျား(၃)ခန့်ရှိ တုတ်တချာင်းကို ကိုင်ဆောင်၍ နေအိမ်အတွင်းမှ ပြေးထွက်လာခဲ့ပြီး အဆိုပါ လျှပ်စစ် ဓာတ် ကြိုးအား တုတ်ဖြင့်ရိုက်နှက်ဖယ်ရှားခဲ့သည်။ ထိုသို့ ဖယ်ရှားစဉ် ၎င်းလျှပ်စစ်ဓာတ်ကြိုးသည် မ၀င်းမာ ၏ ကိုယ်ခန္ဒာပေါ်သို့ပြုတ်ကျသဖြင့် မ၀င်းမာသေဆုံးခဲ့ရခြင်းဖြစ်သည်။
အဆိုပါ လူသေဆုံးခဲ့မှုအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ကလေးမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၂ / ၂၀၁၄ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုတိုး ချင်းတွင်း
Sign up here with your email
ConversionConversion EmoticonEmoticon