ဧပြီ ၁၄ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက် ပိုင်း ဘိုကိုဟာရန် အကြမ်းဖက်သူပုန်တွေ လှုပ်ရှားတဲ့ ဘိုနိုပြည်နယ်မှာ အမျိုးသမီးအထက်တန်းကျောင်းက ကျောင်းသူ ၂၀၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာပါ။
ပြန်ပေးဆွဲခံရပြီး မကြာခင် ကျောင်းသူအယောက် ၅၀ ကျော် ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့ကြပေမယ့် ကျောင်းသူ ၂၀၀ ကျော် ဆက်လက်ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ နိုင်ဂျီးရီးယားနိုင်ငံ ပါလီမန်ရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပြီး ကျောင်းသူတွေကို ပြန်ရှာပေးပါဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ ပညာရေးဝန်ကြီးကလည်း အသက် ၁၅ နှစ်နဲ့ ၂၀ ကြား ကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုမှာ အစိုးရဟာ တိကျပြတ်သားတဲ့ အရေးယူဖြေရှင်းမှုမျိုးမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ဘိုကိုဟာရန် မွတ်စလင် အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ကလည်း လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူ အငြိမ်းစားဝန်ထမ်းတဦးက အစိုးရက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုမရှိလို့ ပြန်ပေးဆွဲခံရမှုတွေ ပိုမိုဖြစ်ပွားလာပြီး ပြန်ပေးဆွဲခံရသူဦးရေဟာလည်း တိုးပွားလာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုလို ပြန်ပေးဆွဲခံရမှုဟာ နိုင်ဂျီးရီးယားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နိုင်ဂျီးရီးယားစစ်တပ်က ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ဘူးဆိုတာ သက်သေပြနေတယ်လို့ ဆိုပါတယ်။
နိုင်ဂျီးရီးယားသမ္မတ Goodluck ကတော့ ပြန်ပေးဆွဲခံရသူကျောင်းသူတွေ အရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူ ၂၀၀ ကျော်ဟာ တယောက်ကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာနဲ့ ဘိုကိုဟာရန်သူပုန်တွေထံ ပြန်ရောင်းခံရတယ်လို့ ဒေသခံ လူအခွင့်အရေးအဖွဲ့တွေရဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုချက်ကတော့ မရသေးပါဘူး။
ဒီဗွီဘီ
Sign up here with your email
ConversionConversion EmoticonEmoticon