မြန်မာသံအမတ်ကြီးဦးစိုးနွယ်အားအရေးယူပေးပါရန်တောင်းဆိုမှုများထွက်ပေါ်

ဂျာမာန်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ပျံသန်းနိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုပွဲတွင် မြန်မာလူမျိုးများ အားလုံး အထွတ်အမြတ် ထားရာ ရွှေတိဂုံ စေတီတော်ပုံ စံ ပြုလုပ်ထားသည့် ကိတ်မုန့်အား အဆိုပါ ကုမ္ပဏီမှ အရာရှိကြီးများနှင့် အတူ မြန်မာနိုင်ငံမှ ခန့်အပ်ထား သည့် သံအမတ်ကြီး ဦးစိုးနွယ် (ဗိုလ်ချုပ်မှုးဟောင်း) က ဓါးဖြင့် လှီးဖြတ်ခဲ့သည် ပုံမှာ အွန်လိုင်းမီဒီယာ များတွင်ပျံနှံလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါ မူရင်းသတင်းအား ဖော်ပြထားသည့် http://www.anna.aero/2012/11/13/condor-becomes-first-airline-to-fly-to-burma-from-europe/ အား ကြည့်ရှုလေ့လာရာတွင်လည်း အဆိုပါကဲ့သို့ ကိတ်မုန့်အား ရွှေတိဂုံစေတီ ပုံစံ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ နှောင်းပိုင်းမှ စတင်ကာ ဘာသာရေး လူမျိုးရေးနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ ဒေသအနှံအပြားတွင် ဖြစ်ပွားခဲ့ ပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Tour ကုမ္မဏီတစ်ခုမှ မန်နေဂျာတစ်ဦးမှ ဂျာမနီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယခုကိစ္စ ပိုမိုကြီးထွားလာ မည်ဆိုပါက ၄င်းတို့၏ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာနိုင်ကြောင်း The Ladies ဂျာနယ် သို့ ပြောကြားခဲ့သည်။

အဆိုပါ သတင်းအား တင်ပြထားသည့် ဖေ့ဘုတ်အသုံးပြုသူ တစ်ဦးကမူ ၄င်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သောလည်း ရွှေတိဂုံစေတီတော် ဆိုသည်မှာ မြန်မာနိုင်ငံသားများအားလုံး လူမျိုးမရွေး ဘာသာမရွေးအလေးအနက်ထားသည့် မြန်မာ့သမိုင်းပြတိုက်တစ်ခုကဲ့သို့ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ဖြင့် ရွှေတိဂုံစေတီတော်ပုံ ပြုလုပ်ထားသည့် ကိတ်မုန့်အား ဓါးဖြင့်ပင် မရွယ်သင့်ကြောင်း ၄င်း၏ ဖေ့ဘုတ်အကောင့်ပေါ် တွင် ရေးသားထားသည်။

မကြာသေးမီ လပိုင်းကပင် စစ်တွေမြို့တွင် လုပ်ငန်းများ လုပ်ဆောင်နေသည် MSF မှ ဌာနေကိုယ်စားလှယ် အမေရိကန်နိုင်ငံသူသည် သာသနာ့ အလံကို ၄င်းအဖွဲ့မှ ငှားရမ်းထားသည့် ရုံးခန်းတည်ရှိရာ အိမ်မှ ဖြုတ်သိမ်းခဲ့သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ အဓိကရုဏ်း ဖြစ်ပွားရာမှ ကလေးတစ် ဦး သေနတ်မှန်သေဆုံးပြီး ယူအင်အဖွဲ့အစည်းများ၏ ဂိုဒေါင်များ ရုံးခန်းများကို ဒေါသထွက်နေသည့် မြို့ခံလူအုပ်ကြီးမှ ၀င်ရောက်ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ပစ္စည်းတန်ဖိုး ဒေါ်လာ ၁ သန်းနီးပါး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

The Ladies News Journal

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.