


Zawgyi ဖြင့်ဖတ်ရန်















Unicode ဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံကအထက်တန်းလွှာတွေဝတ်ဆင်တဲ့ဝတ်စုံလေးနဲ့အမျိုးသမီးထုတစ်ရပ်လုံးကိုရင်ခုန်အောင်လုပ်လိုက်တဲ့ ပိုင်တံခွန်

တည်ကြည်ခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားရုံသာမက ဆံနွယ်ရှည်လေးတွေရှိတာတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့တစ်ခဲနက်ဝန်းရံခြင်းကို ရရှိထားသူကတော့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ပါ။ သူဟာ အနုပညာအလုပ်တွေကိုဝါသနာပါပြီး တစိုက်မတ်မတ်ကြိုးစားလုပ်ကိုင်တာကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိထားတာပါ။



သူ့ရဲ့အောင်မြင်မှုတွေက မြန်မာနိုင်ငံတွင်သာမကပဲ ပြည်ပနိုင်ငံများတွင်ပါ ထင်ရှားကျော်ကြားနေတာပါ။ လတ်တလောမှာလည်း ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ သူ့ရဲ့လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာတွင် အမြဲဝေမျှပေးနေတာပါ။



အခုတစ်ခါမှာလည်း ထိုင်းနိုင်ငံရဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပုံရိပ်လေးတွေ တင်ထားတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့အောင်မြင်မှုတွေကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေရတာပါ။ ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။


share from: theesaychin


Previous
Next Post »
Powered by Blogger.