ႏွစ္(၅၀) အတြင္း တစ္ႀကိမ္သာ စကားမ်ားခဲ့ဖူးတယ္ဆိုတဲ့ ၿဗိတိန္ရဲ႕ အေပ်ာ္႐ႊင္ဆုံးစုံတြဲ





Zawgyi ျဖင့္ဖတ္ရန္

ၿဗိတိန္ရဲ႕ အေပ်ာ္႐ႊင္ဆုံးစုံတြဲလို႔ သမုတ္ခံထားရတဲ့ စုံတြဲတစ္တြဲက သူတို႔ဟာ ႏွစ္(၅၀) အတြင္း ႀကီးႀကီးမားမား စကားမ်ားဖူးတာဆိုလို႔ တစ္ႀကိမ္သာျဖစ္ဖူးေၾကာင္း ဆိုပါတယ္။ အသက္(၇၁) ႏွစ္အ႐ြယ္ ဘာရီဟုမ္းစ္နဲ႔ အသက္(၇၂) ႏွစ္အ႐ြယ္ လက္စ္လီဟုမ္းစ္တို႔ဟာ လက္ထပ္လာၾကတာ ရာစုႏွစ္တစ္ဝက္ေလာက္ ရွိေနပါၿပီ။ သူတို႔စုံတြဲကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာဟာ ပိုပိုၿပီး နက္ရႈိင္းလာတယ္လို႔လည္း ဆိုခဲ့ေၾကာင္း foxnews အရ သိရပါတယ္။



လက္စ္လီကေတာ့ “ကြၽန္မတို႔ဘဝဟာ ေပ်ာ္စရာေတာ္ေတာ္ေကာင္းပါတယ္။ ကြၽန္မ သူ႔ကို စစခ်င္း ေတြ႕တုန္းက ခံစားခ်က္မ်ိဳးဟာ ခုထက္ထိ ရွိေနတုန္းပဲ။ လူေတြကေတာ့ ေမးပါတယ္။ ဒီေလာက္ထိ တစ္ေယာက္ကိုတစ္ေယာက္ ႏွစ္ႏွစ္ကာကာခ်စ္ေနၾကေအာင္ ဘယ္လိုမ်ားလုပ္ထားၾကသလဲေပါ့ေလ….” လို႔ ဆိုပါတယ္။

ဘာရီနဲ႔ လက္စ္လီတို႔ဟာ သူတို႔ရဲ႕ အိမ္ေထာင္သက္အတြင္း အခ်င္းမ်ားစရာဆိုလို႔ တစ္ခါပဲ ရွိဖူးပါတယ္။ အဲ့ဒါက ဆိုဖာကိစၥနဲ႔ပါ။ “ကြၽန္မတို႔က အဲဒီအခ်ိန္တုန္းက ဆိုဖာအသစ္ဝယ္မလို႔ေလ။ ဘယ္ရီက အလုပ္မွာဆိုေတာ့ ကြၽန္မပဲ ပစၥည္းသြားယူရတယ္။ ဒါေပမယ့္ ဆိုဖာက လိုခ်င္တဲ့အေရာင္မရဘူး။ ဒီေတာ့ ကြၽန္မက မယူလာဘူး။ ဘယ္ရီက အိမ္သစ္ကို ဆိုဖာေဟာင္းႀကီးနဲ႔ မေျပာင္းခ်င္ဘူးဆိုၿပီး ေနာက္တစ္ေန႔ ဆိုင္သြားၿပီး သူ႔ဘာသာသူ သြားဝယ္တယ္။ အဲ့ဒီတုန္းက ေယာကၡမနဲ႔ေနတာဆိုေတာ့ ဘာရီ႕မွာ နည္းနည္းေလး စိတ္ဖိစီးမႈရွိခဲ့တယ္..” လို႔ ေျပာျပပါတယ္။



ဘာရီနဲ႔ လက္စ္လီတို႔ဟာ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ခ်စ္ႀကိဳက္ခဲ့ၾကတာပါ။ ႏွစ္အေတာ္ၾကာတြဲၿပီးေနာက္မွာေတာ့ ဘာရီ အသက္(၁၇) ႏွစ္ေလာက္အေရာက္မွာ ႏွစ္ေယာက္ ခဏျပတ္သြားခဲ့ပါေသးတယ္။ ဒီလိုနဲ႔ (၁) ႏွစ္ ခြဲၾကာေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္ ခြဲခြာခဲ့ၿပီးတဲ့အခ်ိန္မွာေတာ့ ဘာရီဟာ လက္စ္လီရဲ႕ တန္ဖိုးကို ပိုနားလည္လာတဲ့အတြက္ လက္စ္လီရဲ႕အခ်စ္ကို ျပန္ရယူဖို႔ တဖန္ ျပန္ႀကိဳးစားခဲ့တာပါ။

ဘာရီကေတာ့ “..ကြၽန္ေတာ့္အတြက္ လက္စ္လီဟာ ဘဝပါပဲ။ ကြၽန္ေတာ္အစတည္းက ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္လုံး သူမနဲ႔အတူတူ ျဖတ္သန္းသြားရမယ္ဆိုတာ သိခဲ့တယ္။ ဒါေၾကာင့္လည္း လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ အခုဆိုရင္ ကြၽန္ေတာ္တို႔အခ်စ္က တျဖည္းျဖည္းနဲ႔ ပိုလို႔ေတာင္ နက္ရႈိင္းလာေသးတယ္။ ကြၽန္ေတာ္ တစ္မိနစ္ကေလးေတာင္ ေနာင္တရဖူးတာမ်ိဳး မရွိခဲ့ပါဘူး…” လို႔ ဆိုပါတယ္။ အခုဆိုရင္ေတာ့ ဘာရီနဲ႔ လက္စ္တို႔ ဇနီးေမာင္ႏွံမွာ သမီးႏွစ္ေယာက္နဲ႔ ေျမး(၄) ေယာက္ရေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။@

share from: theesaychin

Unicode ဖြင့်ဖတ်ရန်

နှစ်(၅၀) အတွင်း တစ်ကြိမ်သာ စကားများခဲ့ဖူးတယ်ဆိုတဲ့ ဗြိတိန်ရဲ့ အပျော်ရွှင်ဆုံးစုံတွဲ




ဗြိတိန်ရဲ့ အပျော်ရွှင်ဆုံးစုံတွဲလို့ သမုတ်ခံထားရတဲ့ စုံတွဲတစ်တွဲက သူတို့ဟာ နှစ်(၅၀) အတွင်း ကြီးကြီးမားမား စကားများဖူးတာဆိုလို့ တစ်ကြိမ်သာဖြစ်ဖူးကြောင်း ဆိုပါတယ်။ အသက်(၇၁) နှစ်အရွယ် ဘာရီဟုမ်းစ်နဲ့ အသက်(၇၂) နှစ်အရွယ် လက်စ်လီဟုမ်းစ်တို့ဟာ လက်ထပ်လာကြတာ ရာစုနှစ်တစ်ဝက်လောက် ရှိနေပါပြီ။ သူတို့စုံတွဲကတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ပိုပိုပြီး နက်ရှိုင်းလာတယ်လို့လည်း ဆိုခဲ့ကြောင်း foxnews အရ သိရပါတယ်။



လက်စ်လီကတော့ “ကျွန်မတို့ဘဝဟာ ပျော်စရာတော်တော်ကောင်းပါတယ်။ ကျွန်မ သူ့ကို စစချင်း တွေ့တုန်းက ခံစားချက်မျိုးဟာ ခုထက်ထိ ရှိနေတုန်းပဲ။ လူတွေကတော့ မေးပါတယ်။ ဒီလောက်ထိ တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်နေကြအောင် ဘယ်လိုများလုပ်ထားကြသလဲပေါ့လေ….” လို့ ဆိုပါတယ်။

ဘာရီနဲ့ လက်စ်လီတို့ဟာ သူတို့ရဲ့ အိမ်ထောင်သက်အတွင်း အချင်းများစရာဆိုလို့ တစ်ခါပဲ ရှိဖူးပါတယ်။ အဲ့ဒါက ဆိုဖာကိစ္စနဲ့ပါ။ “ကျွန်မတို့က အဲဒီအချိန်တုန်းက ဆိုဖာအသစ်ဝယ်မလို့လေ။ ဘယ်ရီက အလုပ်မှာဆိုတော့ ကျွန်မပဲ ပစ္စည်းသွားယူရတယ်။ ဒါပေမယ့် ဆိုဖာက လိုချင်တဲ့အရောင်မရဘူး။ ဒီတော့ ကျွန်မက မယူလာဘူး။ ဘယ်ရီက အိမ်သစ်ကို ဆိုဖာဟောင်းကြီးနဲ့ မပြောင်းချင်ဘူးဆိုပြီး နောက်တစ်နေ့ ဆိုင်သွားပြီး သူ့ဘာသာသူ သွားဝယ်တယ်။ အဲ့ဒီတုန်းက ယောက္ခမနဲ့နေတာဆိုတော့ ဘာရီ့မှာ နည်းနည်းလေး စိတ်ဖိစီးမှုရှိခဲ့တယ်..” လို့ ပြောပြပါတယ်။



ဘာရီနဲ့ လက်စ်လီတို့ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်ကြိုက်ခဲ့ကြတာပါ။ နှစ်အတော်ကြာတွဲပြီးနောက်မှာတော့ ဘာရီ အသက်(၁၇) နှစ်လောက်အရောက်မှာ နှစ်ယောက် ခဏပြတ်သွားခဲ့ပါသေးတယ်။ ဒီလိုနဲ့ (၁) နှစ် ခွဲကြာအောင် တစ်ယောက်နဲ့တစ်ယောက် ခွဲခွာခဲ့ပြီးတဲ့အချိန်မှာတော့ ဘာရီဟာ လက်စ်လီရဲ့ တန်ဖိုးကို ပိုနားလည်လာတဲ့အတွက် လက်စ်လီရဲ့အချစ်ကို ပြန်ရယူဖို့ တဖန် ပြန်ကြိုးစားခဲ့တာပါ။

ဘာရီကတော့ “..ကျွန်တော့်အတွက် လက်စ်လီဟာ ဘဝပါပဲ။ ကျွန်တော်အစတည်းက ကျွန်တော့်ဘဝတစ်လျှောက်လုံး သူမနဲ့အတူတူ ဖြတ်သန်းသွားရမယ်ဆိုတာ သိခဲ့တယ်။ ဒါကြောင့်လည်း လက်ထပ်ခွင့်တောင်းခဲ့တာပါ။ အခုဆိုရင် ကျွန်တော်တို့အချစ်က တဖြည်းဖြည်းနဲ့ ပိုလို့တောင် နက်ရှိုင်းလာသေးတယ်။ ကျွန်တော် တစ်မိနစ်ကလေးတောင် နောင်တရဖူးတာမျိုး မရှိခဲ့ပါဘူး…” လို့ ဆိုပါတယ်။ အခုဆိုရင်တော့ ဘာရီနဲ့ လက်စ်တို့ ဇနီးမောင်နှံမှာ သမီးနှစ်ယောက်နဲ့ မြေး(၄) ယောက်ရနေပြီ ဖြစ်တယ်လို့ သိရပါတယ်။@

share from: theesaychin


Previous
Next Post »
Powered by Blogger.