Zawgyi ျဖင့္ဖတ္ရန္
ၿဗိန္တိန္ႏိုင္ငံ ေကာင္တီ Durham ရဲ႕လမ္းေတြေပၚမွာ ၿဗိတိန္ပိုက္ဆံ ေပါင္ေထာင္ေပါင္းမ်ားစြာကို ခ်န္ရစ္ထားေပးခဲ့တဲ့ ေစတနာရွင္တစ္ဦးေတာ့ ရွိေနပါတယ္။
ရဲတပ္ဖြဲ႕နဲ႔ ႐ြာသားေတြဟာ လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ အနည္းဆုံး ၁၂ ႀကိမ္နီးပါးေတြ႕ေနရတဲ့ ထိုေငြ ေတြဟာ ဘာေၾကာင့္ အၿမဲတမ္းနီးပါး ေငြစကၠဴ ၂၀ တန္နဲ႔ ေပါင္ ၂၀၀၀ ျဖစ္ေနတာလဲဆိုတာကို ဇေဝဇဝါနဲ႔ေခါင္းရႈပ္ေနၾကပါ တယ္။ ဒီႏွစ္အတြင္းမွာပဲ အထုပ္ ၄ ထုပ္ေတြ႕ခဲ့ၿပီး ေနာက္ဆုံးအထုပ္ကို ၿပီးခဲ့တဲ့တနလၤာေန႔မနက္ပိုင္းက ေတြ႕ရွိခဲ့တာပါ။ ႐ြာတေလွ်ာက္ ဟိုေနရာ ဒီေနရာမွာေတြ႕ရေပမယ့္လည္း အၿမဲတမ္းေတာ့ ေျမျပန႔္ေတြမွာေတြ႕ရေလ့ရွိပါတယ္။ စုံစမ္းေထာက္လွမ္းသူေတြကေတာ့ သူတို႔ခုလိုေရာက္ရွိေနတာေတြနဲ႔ပတ္သက္ၿပီး ရွာေဖြေဖာ္ထုတ္ဖို႔ႀကိဳးစားခဲ့ၾကၿပီး လက္ေဗြရာစစ္ေဆးမႈမ်ားကိုပင္ျပဳလုပ္ခဲ့ၾကေပမယ့္ ခုခ်ိန္ထိေတာ့ ဘာမွမသိရေသးပါဘူး။
သူဟာ အရမ္းခ်မ္းသာၿပီး ေမ့ေလ်ာ့တတ္သူလား၊ ဒါမွမဟုတ္ ရည္႐ြယ္ခ်က္တစ္ခုခုမ်ားရွိေနတာလား?
ေငြေတြကို ရဲတပ္ဖြဲ႕ကို ျပန္လႊဲေပးေနတဲ့ Blackhall Colliery ႐ြာသားေတြရဲ႕ ႐ိုးသားမႈကိုေတာ့ ရဲတပ္ဖြဲ႕က ခ်ီးက်ဴးေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ပိုင္ရွင္ကျပန္လာၿပီးရွာႏိုင္ဖို႔အခြင့္အေရးအတြက္ေတာ့ ၂ ပတ္ၾကာသိမ္းဆည္းထားၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ ရွာေတြ႕တဲ့သူဆီကိုျပန္ေပးခဲ့ပါတယ္။
Peterlee CID မွ စုံေထာက္ရဲတပ္ဖြဲ႕မႉး ဂြၽန္ေဖာ္စတာ က ႐ြာထဲမွာရွိတဲ့ ႐ြာသူ႐ြာသားေတြနဲ႔ အဖြဲ႕အစည္းေတြကို ေတြ႕ဆုံ ေမးျမန္းျခင္းအျပင္ ေဒသခံဘဏ္၊ စာတိုက္ေတြနဲ႔ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး လက္ေဗြရာစစ္ေဆးမႈေတြအထိပါ ျပဳလုပ္ခဲ့ေပ မယ့္ ၄င္းပိုက္ဆံအထုပ္နဲ႔ပတ္သက္ၿပီး လွ်ိဳ႕ဝွက္နက္နဲတဲ့အရာတစ္ခုအျဖစ္ရွိေနဆဲပဲလို႔ေျပာၾကားခဲ့ပါတယ္။
ဒီအထုပ္ေလးေတြဟာ အၿမဲတမ္း ပလက္ေဖာင္းေတြလို ထင္ရွားတဲ့ေနရာေတြမွာပဲထားရွိတတ္ၿပီး အမ်ားအားျဖင့္ေတာ့ ျပည္သူေတြထဲက ႀကဳံတဲ့သူကရွာေတြ႕ခဲ့တာျဖစ္တယ္လို႔ သူကဆိုပါတယ္။ ‘ဒါဟာ ဒုကၡေရာက္ေနတဲ့သူေတြကို ကူညီေပးခ်င္တဲ့လူတစ္ဦးရဲ႕လုပ္ရပ္ျဖစ္ႏိုင္ၿပီး အခုလိုပိုက္ဆံေပးအပ္ျခင္းနဲ႔ အသိုင္းအဝိုင္းစိတ္ဓာတ္ကိုျပသခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔ေက်းဇူးတင္ေနပါတယ္’
“ဘာပဲျဖစ္ျဖစ္ ဒီအေျခအေနက လွ်ိဳ႕ဝွက္နက္နဲေနဆဲျဖစ္ေနတာမို႔လို႔ ဒါနဲ႔ပတ္သက္ၿပီး အကူအညီရမယ့္ ဘယ္သတင္း အခ်က္အလက္ကိုမဆို ကြၽန္ေတာ္တို႔ႀကိဳဆိုေနပါတယ္’
ေပါင္ ၂၀၀၀ ကိုရွာၿပီး လက္ဝယ္အပ္ပါ။ ဘယ္သူမွလာျပန္ေတာင္းတဲ့သူမရွိရင္ ရွာေတြ႕တဲ့သူကရပါလိမ့္မယ္။ ဒါဟာ သနားက႐ုဏာနဲ႔ေပးတဲ့ၾကင္နာမႈတစ္ခုဆိုရင္ ရွာေတြတဲ့သူအတြက္ေတာ့ လွပတဲ့ခရစၥမတ္လက္ေဆာင္တစ္ခုျဖစ္ပါလိမ့္မယ္။
လြန္ခဲ့တဲ့ႏွစ္မ်ားစြာက အတိတ္မွာ Blackhall Colliery ရဲ႕ျပည္သူေတြကို ဆိုးဆိုး႐ြား႐ြားလုပ္ခဲ့တဲ့သူတစ္ေယာက္က အခု အခ်ိန္မွာ ခြင့္လႊတ္မႈရွာေနတာလည္းျဖစ္ႏိုင္ပါတယ္လို႔ ဂြၽန္ပ႐ိုက္စ္ကေတြးေနခဲ့ပါတယ္။
သို႔ေသာ္ ဂယ္ရီစတိုကေတာ့ အလြန္ေကာင္းတဲ့လုပ္ေဆာင္မႈတစ္ခုပဲ။ လူေတြကိုကူညီၿပီး သူတို႔ရဲ႕တုံ႔ျပန္မႈကိုေတြ႕ျမင္ခ်င္ တယ္လို႔ေျပာဆိုခဲ့ပါတယ္။
Writer_Aung Moe ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
ဗြိတိန်နိုင်ငံ ရွာတစ်ရွာရှိ လမ်းမတွေပေါ်မှာ ပိုက်ဆံထုတ်တွေ လာလာပြီးထားပေးနေတဲ့ လူထူးဆန်းတစ်ဦး
ဗြိန်တိန်နိုင်ငံ ကောင်တီ Durham ရဲ့လမ်းတွေပေါ်မှာ ဗြိတိန်ပိုက်ဆံ ပေါင်ထောင်ပေါင်းများစွာကို ချန်ရစ်ထားပေးခဲ့တဲ့ စေတနာရှင်တစ်ဦးတော့ ရှိနေပါတယ်။
ရဲတပ်ဖွဲ့နဲ့ ရွာသားတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အနည်းဆုံး ၁၂ ကြိမ်နီးပါးတွေ့နေရတဲ့ ထိုငွေ တွေဟာ ဘာကြောင့် အမြဲတမ်းနီးပါး ငွေစက္ကူ ၂၀ တန်နဲ့ ပေါင် ၂၀၀၀ ဖြစ်နေတာလဲဆိုတာကို ဇဝေဇဝါနဲ့ခေါင်းရှုပ်နေကြပါ တယ်။ ဒီနှစ်အတွင်းမှာပဲ အထုပ် ၄ ထုပ်တွေ့ခဲ့ပြီး နောက်ဆုံးအထုပ်ကို ပြီးခဲ့တဲ့တနင်္လာနေ့မနက်ပိုင်းက တွေ့ရှိခဲ့တာပါ။ ရွာတလျှောက် ဟိုနေရာ ဒီနေရာမှာတွေ့ရပေမယ့်လည်း အမြဲတမ်းတော့ မြေပြန့်တွေမှာတွေ့ရလေ့ရှိပါတယ်။ စုံစမ်းထောက်လှမ်းသူတွေကတော့ သူတို့ခုလိုရောက်ရှိနေတာတွေနဲ့ပတ်သက်ပြီး ရှာဖွေဖော်ထုတ်ဖို့ကြိုးစားခဲ့ကြပြီး လက်ဗွေရာစစ်ဆေးမှုများကိုပင်ပြုလုပ်ခဲ့ကြပေမယ့် ခုချိန်ထိတော့ ဘာမှမသိရသေးပါဘူး။
သူဟာ အရမ်းချမ်းသာပြီး မေ့လျော့တတ်သူလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခုခုများရှိနေတာလား?
ငွေတွေကို ရဲတပ်ဖွဲ့ကို ပြန်လွှဲပေးနေတဲ့ Blackhall Colliery ရွာသားတွေရဲ့ ရိုးသားမှုကိုတော့ ရဲတပ်ဖွဲ့က ချီးကျူးနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင်ကပြန်လာပြီးရှာနိုင်ဖို့အခွင့်အရေးအတွက်တော့ ၂ ပတ်ကြာသိမ်းဆည်းထားပြီး အဲဒီနောက်ပိုင်းမှာတော့ ရှာတွေ့တဲ့သူဆီကိုပြန်ပေးခဲ့ပါတယ်။
Peterlee CID မှ စုံထောက်ရဲတပ်ဖွဲ့မှူး ဂျွန်ဖော်စတာ က ရွာထဲမှာရှိတဲ့ ရွာသူရွာသားတွေနဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံ မေးမြန်းခြင်းအပြင် ဒေသခံဘဏ်၊ စာတိုက်တွေနဲ့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး လက်ဗွေရာစစ်ဆေးမှုတွေအထိပါ ပြုလုပ်ခဲ့ပေ မယ့် ၎င်းပိုက်ဆံအထုပ်နဲ့ပတ်သက်ပြီး လျှို့ဝှက်နက်နဲတဲ့အရာတစ်ခုအဖြစ်ရှိနေဆဲပဲလို့ပြောကြားခဲ့ပါတယ်။
ဒီအထုပ်လေးတွေဟာ အမြဲတမ်း ပလက်ဖောင်းတွေလို ထင်ရှားတဲ့နေရာတွေမှာပဲထားရှိတတ်ပြီး အများအားဖြင့်တော့ ပြည်သူတွေထဲက ကြုံတဲ့သူကရှာတွေ့ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ‘ဒါဟာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးချင်တဲ့လူတစ်ဦးရဲ့လုပ်ရပ်ဖြစ်နိုင်ပြီး အခုလိုပိုက်ဆံပေးအပ်ခြင်းနဲ့ အသိုင်းအဝိုင်းစိတ်ဓာတ်ကိုပြသခဲ့တဲ့အတွက် ကျွန်တော်တို့ကျေးဇူးတင်နေပါတယ်’
“ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက လျှို့ဝှက်နက်နဲနေဆဲဖြစ်နေတာမို့လို့ ဒါနဲ့ပတ်သက်ပြီး အကူအညီရမယ့် ဘယ်သတင်း အချက်အလက်ကိုမဆို ကျွန်တော်တို့ကြိုဆိုနေပါတယ်’
ပေါင် ၂၀၀၀ ကိုရှာပြီး လက်ဝယ်အပ်ပါ။ ဘယ်သူမှလာပြန်တောင်းတဲ့သူမရှိရင် ရှာတွေ့တဲ့သူကရပါလိမ့်မယ်။ ဒါဟာ သနားကရုဏာနဲ့ပေးတဲ့ကြင်နာမှုတစ်ခုဆိုရင် ရှာတွေတဲ့သူအတွက်တော့ လှပတဲ့ခရစ္စမတ်လက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်။
လွန်ခဲ့တဲ့နှစ်များစွာက အတိတ်မှာ Blackhall Colliery ရဲ့ပြည်သူတွေကို ဆိုးဆိုးရွားရွားလုပ်ခဲ့တဲ့သူတစ်ယောက်က အခု အချိန်မှာ ခွင့်လွှတ်မှုရှာနေတာလည်းဖြစ်နိုင်ပါတယ်လို့ ဂျွန်ပရိုက်စ်ကတွေးနေခဲ့ပါတယ်။
သို့သော် ဂယ်ရီစတိုကတော့ အလွန်ကောင်းတဲ့လုပ်ဆောင်မှုတစ်ခုပဲ။ လူတွေကိုကူညီပြီး သူတို့ရဲ့တုံ့ပြန်မှုကိုတွေ့မြင်ချင် တယ်လို့ပြောဆိုခဲ့ပါတယ်။
Writer_Aung Moe ( XYZ NEWS )
Sign up here with your email
ConversionConversion EmoticonEmoticon