Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်က သွေးလှူပေးဖူးတဲ့ မိန်းကလေးက အခု ကိုယ့်ဇနီး ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ
ကြုံဆုံနေရတဲ့ လူ့ဘဝကြီးမှာ မထင်မှတ်ထားတဲ့ အရာတွေဟာ လက်တွေ့ဘဝမှာ တကယ်ဖြစ်လာတာ အများကြီးပါနော်။ အမှုမဲ့ အမှတ်မဲ့လို့ ထင်ထားခဲ့ပေမယ့်လည်း ဘဝအတွက် တကယ်ကို အရေးပါတဲ့ အရာကြီးတစ်ခုဖြစ်လာတတ်ပါတယ်။ အခု ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ် ပေါင်း ၁၁ နှာအကြာက သွေးလှူခဲ့မိတဲ့ မိန်းကလေးဟာ သူ့ရဲ့ ဇနီးလောင်းဖြစ်လာခဲ့တဲ့ အဖြစ်လေးပါပဲ။ ထိုင်ဝမ်နိုင်ငံက Lian ဆိုတဲ့ အမျိုးသားဟာ သွေးလှူဒါန်းမှုကို အမြဲတမ်းပြုလုပ်တတ်သူဖြစ်ပါတယ်။ သူဟာ သူ့ရဲ့သွေးနဲ့ သူတစ်ပါးကို ကယ်တင်နိုင်မယ်လို့ အမြဲတမ်းယုံကြည်ထားသူလည်းဖြစ်ပါတယ်။ Lain ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ကားမတော်ဆမှုနဲ့ ပြင်းထန်တဲ့ ဝေဒါနကို ခံစားခဲ့ရသူ တစ်ဦးကို သွေးလှူခဲ့ဖူးပါတယ်။ အဆိုပါ လှူဒါန်းခံရသူဟာ သွေးထွက်လွန်ပြီး သေဆုံးရမလို ဖြစ်ခဲ့ရပါတယ်။ သို့ပေမယ့်လည်း Lain သွေးလှူဒါန်းမှုနဲ့ အသက်ဆက်ခဲ့ရပါတယ်။
သူတို့ နှစ်ဦး တွေ့ဆုံပုံလေးက နည်းနည်းတော့ Ro ရပါလိမ့်မယ်။ Lain ဟာ မိသားစု လုပ်ငန်းကို လွှဲပြောင်းယူပြီး ထိုင်ဝမ်ရဲ့ Hsinchu မြို့ကို ပြန်လာခဲ့ပါတယ်။ ဒီအခါမှာတော့ Lim ဟာ Lain ကို တွေ့ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့ ဟာ ချစ်သူတွေဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ Lim ဟာ လွန်ခဲ့တဲ့ နှစ်တွေက သူမဖြစ်ခဲ့တဲ့ မတော်တဆမှုနဲ့ သူမရဲ့ အသက် ကို ကယ်တင်ခဲ့သူကို ရှာဖွေလိုတဲ့ စိတ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ Lim ဟာ သွေးလှူဌာနကို ဖုန်းဆက်ပြီး အဆက်အသွယ်ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း သွေးလှူရှင်ဟာ သူ့ရဲ့ ကိုယ်ရေးအချက်အလက်ကို ဖော်ပြလိုခြင်းမရှိတဲ့အတွက် ဇတ်လမ်းက ပြတ်ခဲ့ရပါတယ်။
Lim ဟာ အဆိုပါ ဝန်ထမ်းကိုတော့ သွေးလှူရှင်ရဲ့ အချက်အလက်အားလုံးကို မသိရတောင် မိသားစုနာမည်လေးကို သိချင်ပါတယ်လို့ အဆိုပြုခဲ့ပါတယ်။ ဒီအခါမှောတော့ အဆိုပါ ဝန်ထမ်းဟာလည်း ကူညီလိုသူဖြစ်တဲ့အတွက် မိသားစုနာမည်ဖြစ်တဲ့ Lain ကိုပြောပြမိပါတယ်။ ဒီလိုပြောပြလိုက်တော့ Lim ဟာ သူ့ချစ်သူရဲ့ နာမည်အပြည့်အစုံကို ပြောပြလိုက်တဲ့အခါမှာ အဆိုပါဝန်ထမ်းက အံသြမှုတွေနဲ့ မည်ကဲ့သို့ သိရှိတာလဲလို့ မေးခဲ့မိပါတယ်။ Lain ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သွေးလှူမှုကို ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ Lain နဲ့ Lim ဟာ ၂၀၁၈ ခုနှစ်မှာတော့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ ဒီအဖြစ်ပျက်လေးကတော့ ထိုင်ဝမ်မှာ နာမည်ကြီးနေတဲ့ အဖြစ်လေးပဲဖြစ်ပါတယ်။ ကဲ … ပရိတ်သတ်ကြီးရေ ဆန်းကြယ်တဲ့ လောကကြီးက အမြဲတမ်း မယုံနိုင်စရာတွေကို ဖန်တီးပေးတတ်ပါတယ်နော်………….။
Writer- ME(Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon