အလႉရွင္အေရာက္နည္းလို႔ လိုအပ္ခ်က္မ်ားေနတဲ့ “ေမတၱာပရဟိတာေဂဟာ”




Zawgyi ျဖင့္ဖတ္ရန္


အလႉလည္းလုပ္ခ်င္တယ္ ၊ သိပ္ေဝးေဝးလဲမသြားခ်င္ဘူး ၊ တကယ္လိုအပ္ေနတဲ့ေနရာေတြကိုမွာလည္းလႉခ်င္တယ္ဆိုရင္ေတာ့ လွည္းကူးၿမိဳ႕နယ္ မရမ္းေခ်ာင္းေက်း႐ြာထဲမွာရွိတဲ့ “ ေမတၱာပရဟိတ ” မသန္စြမ္းအနာႀကီးေရာဂါသည္ေစာင့္ေရွာက္ေရးေဂဟာနဲ႔ မရမ္းေခ်ာင္းတိုက္နယ္ေဆး႐ုံေလးမွာလႉဖို႔ တိုက္တြန္းခ်င္ပါတယ္။ဒီေဂဟာေလးနဲ႔ ေဆး႐ုံေလးက ရန္ကုန္တိုင္းေဒသႀကီးပိုင္နယ္ေျမထဲမွာရွိေပမယ့္ လမ္းခရီးအရ အလႉရွင္အေရာက္နည္းတာေၾကာင့္ လိုအပ္ခ်က္ေတြမ်ားပါတယ္။




ေဂဟာမွာေတာ့ တေန႔တာေက်းေမြးစရိတ္နဲ႔ အဖိုးအဖြားမ်ားအတြက္ တျခားလိုအပ္တာေလးေတြလႉႏိုင္ပါတယ္။ တကိုယ္ရည္သုံးစြဲဖို႔ လိုအပ္တာေလးေတြလႉႏိုင္တဲ့အျပင္ အလႉေငြအေနနဲ႔လည္း ေငြတေထာင္ေလာက္က သူတို႔တေန႔တာသုံးစြဲဖို႔အတြက္လုံေလာက္တဲ့ေငြေၾကးလို႔သိရပါတယ္။



ေဂဟာအေနာက္ဘက္ကလမ္းကေလးထဲမွာေတာ့ မရမ္းေခ်ာင္းေက်း႐ြာရွိၿပီး တိုက္နယ္ေဆး႐ုံကေလးလည္း ရွိပါတယ္။ ေဆး႐ုံးကေတာ့ လြန္ခဲ့တဲ့၃လေလာက္ကမွ တာဝန္က်ဆရာဝန္ရဲ႕ ေဆာင္႐ြက္မႈနဲ႔ ျပန္လည္အသက္ဝင္လာၿပီး ဆရာဝန္၊ အလႉရွင္ ၊ ႐ြာသူ႐ြာသားေတြရဲ႕ႀကိဳးစားမႈနဲ႔ ေကာင္းမြန္စြာလည္ပတ္ေနပါၿပီ။ သို႔ေပမယ့္ လိုအပ္ခ်က္ေတြရွိေနေသးတဲ့အတြက္ ေဂဟာကိုလႉရင္းနဲ႔ ေဆး႐ုံေလးကိုပဲ တြဲလႉဖို႔ တခါတည္းတိုက္တြန္းခ်င္ပါတယ္။





တေန႔တာအာဟာရေကြၽးေမြးျခင္းအတြက္ နံနက္စာ – ၃၀၀၀၀  ေန႔လည္စာ – ၇၀၀၀၀ ညစာ – ၅၀၀၀၀ အျပင္ အျခားအစားအေသာက္နဲ႔ေဆးဝါးမ်ားလည္း လႉဒါန္းႏိုင္ပါတယ္ ။ လႉဒါန္းလိုသူေတြအေနနဲ႔ ေမတၱာပရဟိတေဂဟာ ဥကၠဌျဖစ္တဲ့
ဦးလွေဌး – 09448009115 , 0930783339 ေဂဟာေကာ္မတီ႐ုံး – 09428603151, 0930485422 ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္။

Share from: burmese.asia

Unicode ဖြင့်ဖတ်ရန်

အလှူရှင်အရောက်နည်းလို့ လိုအပ်ချက်များနေတဲ့ “မေတ္တာပရဟိတာဂေဟာ”

အလှူလည်းလုပ်ချင်တယ် ၊ သိပ်ဝေးဝေးလဲမသွားချင်ဘူး ၊ တကယ်လိုအပ်နေတဲ့နေရာတွေကိုမှာလည်းလှူချင်တယ်ဆိုရင်တော့ လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာထဲမှာရှိတဲ့ “ မေတ္တာပရဟိတ ” မသန်စွမ်းအနာကြီးရောဂါသည်စောင့်ရှောက်ရေးဂေဟာနဲ့ မရမ်းချောင်းတိုက်နယ်ဆေးရုံလေးမှာလှူဖို့ တိုက်တွန်းချင်ပါတယ်။ဒီဂေဟာလေးနဲ့ ဆေးရုံလေးက ရန်ကုန်တိုင်းဒေသကြီးပိုင်နယ်မြေထဲမှာရှိပေမယ့် လမ်းခရီးအရ အလှူရှင်အရောက်နည်းတာကြောင့် လိုအပ်ချက်တွေများပါတယ်။



ဂေဟာမှာတော့ တနေ့တာကျေးမွေးစရိတ်နဲ့ အဖိုးအဖွားများအတွက် တခြားလိုအပ်တာလေးတွေလှူနိုင်ပါတယ်။ တကိုယ်ရည်သုံးစွဲဖို့ လိုအပ်တာလေးတွေလှူနိုင်တဲ့အပြင် အလှူငွေအနေနဲ့လည်း ငွေတထောင်လောက်က သူတို့တနေ့တာသုံးစွဲဖို့အတွက်လုံလောက်တဲ့ငွေကြေးလို့သိရပါတယ်။



ဂေဟာအနောက်ဘက်ကလမ်းကလေးထဲမှာတော့ မရမ်းချောင်းကျေးရွာရှိပြီး တိုက်နယ်ဆေးရုံကလေးလည်း ရှိပါတယ်။ ဆေးရုံးကတော့ လွန်ခဲ့တဲ့၃လလောက်ကမှ တာဝန်ကျဆရာဝန်ရဲ့ ဆောင်ရွက်မှုနဲ့ ပြန်လည်အသက်ဝင်လာပြီး ဆရာဝန်၊ အလှူရှင် ၊ ရွာသူရွာသားတွေရဲ့ကြိုးစားမှုနဲ့ ကောင်းမွန်စွာလည်ပတ်နေပါပြီ။ သို့ပေမယ့် လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် ဂေဟာကိုလှူရင်းနဲ့ ဆေးရုံလေးကိုပဲ တွဲလှူဖို့ တခါတည်းတိုက်တွန်းချင်ပါတယ်။



တနေ့တာအာဟာရကျွေးမွေးခြင်းအတွက် နံနက်စာ – ၃၀၀၀၀  နေ့လည်စာ – ၇၀၀၀၀ ညစာ – ၅၀၀၀၀ အပြင် အခြားအစားအသောက်နဲ့ဆေးဝါးများလည်း လှူဒါန်းနိုင်ပါတယ် ။ လှူဒါန်းလိုသူတွေအနေနဲ့ မေတ္တာပရဟိတဂေဟာ ဥက္ကဌဖြစ်တဲ့
ဦးလှဌေး – 09448009115 , 0930783339 ဂေဟာကော်မတီရုံး – 09428603151, 0930485422 ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Share from: burmese.asia



Previous
Next Post »
Powered by Blogger.