



Zawgyi ဖြင့်ဖတ်ရန်








Unicode ဖြင့်ဖတ်ရန်

ဆေးခြောက် နေ့စဉ်သုံးစွဲသူတွေဟာ ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေ ပိုများကြောင်း ရှာဖွေတွေ့ရှိ




Jama Network Open က တရားဝင်ထုတ်ပြန်တဲ့ သတင်းတစ်ခုအရ နေ့စဉ်ဆေးခြောက် သောက်သုံးသူတစ်ဦးဟာ ဝှေးစေ့ကင်ဆာ ပိုဖြစ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးခြောက်ကို နေ့စဉ်အနည်းဆုံး ၁၀နှစ်နှင့်အထက်သုံးစွဲသူတစ်ဦးဟာ ဘာမှမသုံးစွဲသူထက် ၃၆ရာခိုင်နှုန်း ဝှေးစေ့ကင်ဆာဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ပညာရှင်တွေဟာ စမ်းသပ်မှု၂၅ခုကျော် ပြုလုပ်ခဲ့ပါတယ်။အဲဒါကတော့ နေ့စဉ်ဆေးခြောက်သုံးစွဲသူတွေဟာ ဝှေးစေ့ကင်ဆာအပါအဝင် အဆုတ်ကင်ဆာ၊ခံတွင်းကင်ဆာ၊ဦးနှောက်ကင်ဆာနဲ့ လည်ပင်းကင်ဆာ ဖြစ်မဖြစ်ကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။နောက်ဆုံးရလဒ်ကတော့ ဝှေးစေ့ကင်ဆာသာ တခြားကင်ဆာတွေထက် ပိုမိုဖြစ်ပွားနိုင်ကြောင်းပါပဲ။



ဒါ့အပြင် စီးကရက် ဒါမှမဟုတ် ဆေးခြောက်သုံးစွဲသူတွေဟာ carcionogens ဆိုတဲ့ဒြပ်ပေါင်းတစ်ခုကို မသောက်သုံးသူတွေထက် ပိုမိုရရှိစေပါတယ်။ အဲဒီဒြပ်ပေါင်းဟာ ကင်ဆာဖြစ်ပွားမှုကို ပိုမိုလှုံ့ဆော်ပေးတဲ့ ဒြပ်ပေါင်းတစ်ခုပဲဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့ ဆေးခြောက်အပင်ဆိုတာလဲ အပင်တွေထဲက အပင်တစ်ခုဖြစ်တာကြောင့်မို့လို့ပါပဲ။အထူးသဖြင့်ဆေးခြောက်အပင်တွေကို မီးရှို့တဲ့အခါ ထွက်လာတဲ့ အငွေ့တွေထဲမှာ carcionogensဆိုတဲ့ ဒြပ်ပေါင်းပါဝင်နေလို့ပါ။အပေါ်ကဖော်ပြခဲ့တဲ့အတိုင်း အဲဒီဒြပ်ပေါင်းဟာ ကင်ဆာရောဂါဖြစ်ပွားစေနိုင်နှုန်းကို မြင့်တက်စေလို့ပဲဖြစ်ပါတယ်။

အခြားလေ့လာတွေ့ရှိချက်တစ်ခုကတော့ ဝှေးစေ့ကင်ဆာဟာ ဆေးခြောက်ကို ရေရှည်သုံးစွဲသူတွေထဲကမှ လူငယ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့်တော့ အသက် ၁၅နှစ်မှ ၃၅နှစ်အတွင်း ဖြစ်ပါတယ်။ စစ်တမိးအရဆိုရင်တော့ အမေရိကန်တွင် တစ်နှစ်အတွင်း လူပေါင်း ၈,၈၅၀ဟာ ဆေးခြောက်ရေရှည် သုံးစွဲခြင်းကြောင့် ဝှေးစေ့ကင်ဆာဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။

share from: burmese.asia

Previous
Next Post »
Powered by Blogger.