လက္ေအာက္ဝန္ထမ္းနဲ႔ျပန္ ခ်စ္ႀကိဳက္ခဲ့လို႔ အလုပ္ထုတ္ခံခဲ့ရတဲ့ McDonald ရဲ႕ CEO


Zawgyiျဖင့္ဖတ္ရန္

ေတာ္ေတာ္မ်ားမ်ားေသာ အလုပ္ဌာနကုမၸဏီေတြမွာ ရုံးတြင္းအခ်စ္ဇာတ္လမ္းေတြကို ကန္႔ကြက္ေလ့ရွိပါတယ္။ အဲဒီအထဲ ကမၻာေက်ာ္ fast food chain တစ္ခုျဖစ္တဲ့ McDonald ကေတာ့ ရံုးတြင္းအခ်စ္ဇာတ္လမ္းေတြကို ျပင္းျပင္းထန္ထန္ရံႈ႕ခ်တဲ့အထဲ ပါဝင္ေနတယ္ဆိုတာကို CEO ကို အလုပ္ထုတ္လိုက္ျခင္းျဖင့္ သက္ေသျပသြားခဲ့ပါၿပီ။

Insider မွ ေဖာ္ျပခ်က္အရ ၿပီးခဲ့တဲ့ ေသာၾကာေန႔၊ ႏိုဝင္ဘာလ ၁ ရက္ေန႔တုန္းက ဘုတ္အဖြဲ႔မ်ားရဲ႕ဆံုးျဖတ္ခ်က္အရ CEO အျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ Steve Easterbrook ကို ရာထူးမွ ထုတ္လိုက္ခဲ့ပါၿပီတဲ့။ McDonald ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ ကုမၸဏီေပၚလစီ စည္းမ်ဥ္းေတြမွာကိုက ဝန္ထမ္းခ်င္း ခ်စ္သူမျဖစ္ရဘူးတဲ့ အခ်က္ကပါဝင္ေနခဲ့တယ္ဆိုေတာ့ အခုလိုမ်ိဳး အေျခအေန ျဖစ္လာခဲ့တဲ့အခါ ဘုတ္အဖြဲ႕အေနနဲ႔ ဘယ္လိုမွ ခြင့္လႊတ္လို႔မရတာ ျဖစ္ပါလိမ့္မယ္။

ဒါေတာင္ Steve Easterbrook ဟာ McDonald မွာ လြန္ခဲ့တဲ့ (၅) ႏွစ္ေလာက္ကတည္းက UK မွာရွိေနတဲ့ McDonald ဆိုင္ေတြအကုန္လံုးကို စီမံခန္႔ခြဲေရးေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ရင္း ကုမၸဏီရဲ႕ ရွယ္ယာတန္ဖိုးနဲ႔ သူတာဝန္ယူထားတဲ့ UK ဆိုင္ခြဲေတြတင္မဟုတ္ဘဲ US ကဆိုင္ခြဲေတြကိုပါ တုိးတက္မႈေတြရွိလာေအာင္ ေဆာင္ရြက္ေပးခဲ့တဲ့သူတစ္ဦးပါ။ ကုမၸဏီမွာ CEO နဲ႔ Executive ရာထူးအဆင့္ ရွိေနသူတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ေနတယ္၊ တြဲပုန္းခုတ္ေနတယ္ဆိုၿပီး သတင္းေတြျပန္႔ႏွံ႕လာခဲ့တဲ့အခ်ိန္ ဘုတ္အဖြဲ႕အေနနဲ႔ တစ္ပတ္ေတာင္မၾကာဘဲ ခ်က္ခ်င္းဆိုသလိုပဲ အေရးေပၚအစည္းအေဝးထုိင္ကာ အလုပ္ထုတ္ပယ္ဖို႔အတြက္ ဆံုးျဖတ္ခ်က္ခ်ခဲ့တာပဲ ျဖစ္ပါေတာ့တယ္။

ဆံုးျဖတ္ခ်က္ကို အျပင္ကိုမေၾကျငာေသးရခင္မွာပဲ ဌာနအသီးသီးကို e-mail လႊတ္ကာ CEO တစ္ေယာက္အေနနဲ႔ ဒီလိုေတြက်ဴးလြန္ခဲ့တယ္ဆိုၿပီး ပို႔ခဲ့ပါေသးတယ္တဲ့။ ဒါေပမဲ့ Steve Easterbrook ကေတာ့ ဒါဟာ အထင္ျမင္လြဲမွားမႈတစ္ခုသာျဖစ္တယ္လို႔ အခိုင္အမာေျပာလာခဲ့ၿပီးေနာက္ သူ႕ကို CEO ရာထူးမွာ ထုတ္ပယ္ခဲ့တာဟာလည္း အခုအခ်ိန္မွာေတာ့ စိတ္ထဲမေကာင္းေပမယ့္ ေနာက္ ဒီထက္ပိုေကာင္းတဲ့ေနရာေရာက္မွာမလို႔ ထုတ္ပယ္ခံရတယ္လို႔ မွတ္ပါတယ္လို႔သာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပာလာခဲ့ပါတယ္။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

လက်အောက်ဝန်ထမ်းနဲ့ပြန် ချစ်ကြိုက်ခဲ့လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ McDonald ရဲ့ CEO

တော်တော်များများသော အလုပ်ဌာနကုမ္ပဏီတွေမှာ ရုံးတွင်းအချစ်ဇာတ်လမ်းတွေကို ကန့်ကွက်လေ့ရှိပါတယ်။ အဲဒီအထဲ ကမ္ဘာကျော် fast food chain တစ်ခုဖြစ်တဲ့ McDonald ကတော့ ရုံးတွင်းအချစ်ဇာတ်လမ်းတွေကို ပြင်းပြင်းထန်ထန်ရှုံ့ချတဲ့အထဲ ပါဝင်နေတယ်ဆိုတာကို CEO ကို အလုပ်ထုတ်လိုက်ခြင်းဖြင့် သက်သေပြသွားခဲ့ပါပြီ။

Insider မှ ဖော်ပြချက်အရ ပြီးခဲ့တဲ့ သောကြာနေ့၊ နိုဝင်ဘာလ ၁ ရက်နေ့တုန်းက ဘုတ်အဖွဲ့များရဲ့ဆုံးဖြတ်ချက်အရ CEO အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Steve Easterbrook ကို ရာထူးမှ ထုတ်လိုက်ခဲ့ပါပြီတဲ့။ McDonald ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ကုမ္ပဏီပေါ်လစီ စည်းမျဉ်းတွေမှာကိုက ဝန်ထမ်းချင်း ချစ်သူမဖြစ်ရဘူးတဲ့ အချက်ကပါဝင်နေခဲ့တယ်ဆိုတော့ အခုလိုမျိုး အခြေအနေ ဖြစ်လာခဲ့တဲ့အခါ ဘုတ်အဖွဲ့အနေနဲ့ ဘယ်လိုမှ ခွင့်လွှတ်လို့မရတာ ဖြစ်ပါလိမ့်မယ်။

ဒါတောင် Steve Easterbrook ဟာ McDonald မှာ လွန်ခဲ့တဲ့ (၅) နှစ်လောက်ကတည်းက UK မှာရှိနေတဲ့ McDonald ဆိုင်တွေအကုန်လုံးကို စီမံခန့်ခွဲရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရင်း ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးနဲ့ သူတာဝန်ယူထားတဲ့ UK ဆိုင်ခွဲတွေတင်မဟုတ်ဘဲ US ကဆိုင်ခွဲတွေကိုပါ တိုးတက်မှုတွေရှိလာအောင် ဆောင်ရွက်ပေးခဲ့တဲ့သူတစ်ဦးပါ။ ကုမ္ပဏီမှာ CEO နဲ့ Executive ရာထူးအဆင့် ရှိနေသူတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်၊ တွဲပုန်းခုတ်နေတယ်ဆိုပြီး သတင်းတွေပြန့်နှံ့လာခဲ့တဲ့အချိန် ဘုတ်အဖွဲ့အနေနဲ့ တစ်ပတ်တောင်မကြာဘဲ ချက်ချင်းဆိုသလိုပဲ အရေးပေါ်အစည်းအဝေးထိုင်ကာ အလုပ်ထုတ်ပယ်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာပဲ ဖြစ်ပါတော့တယ်။

ဆုံးဖြတ်ချက်ကို အပြင်ကိုမကြေငြာသေးရခင်မှာပဲ ဌာနအသီးသီးကို e-mail လွှတ်ကာ CEO တစ်ယောက်အနေနဲ့ ဒီလိုတွေကျူးလွန်ခဲ့တယ်ဆိုပြီး ပို့ခဲ့ပါသေးတယ်တဲ့။ ဒါပေမဲ့ Steve Easterbrook ကတော့ ဒါဟာ အထင်မြင်လွဲမှားမှုတစ်ခုသာဖြစ်တယ်လို့ အခိုင်အမာပြောလာခဲ့ပြီးနောက် သူ့ကို CEO ရာထူးမှာ ထုတ်ပယ်ခဲ့တာဟာလည်း အခုအချိန်မှာတော့ စိတ်ထဲမကောင်းပေမယ့် နောက် ဒီထက်ပိုကောင်းတဲ့နေရာရောက်မှာမလို့ ထုတ်ပယ်ခံရတယ်လို့ မှတ်ပါတယ်လို့သာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။

Penny

Credit:Shwemom
Previous
Next Post »
Powered by Blogger.