Zawgyiျဖင့္ဖတ္ရန္
ပစၥည္းအသစ္အဆန္းေတြကုိသာ ကၽြန္ေတာ္တုိ႕ ဂရုစုိက္ျပီး ေသခ်ာသတိထားမိၾကေပမဲ့ ေန႕စဥ္အိမ္တြင္းသုံး ပစၥည္းေတြရဲ႕ အစိတ္အပုိင္းေတြကုိေတာ့ ဘာရည္ရြယ္ခ်က္အတြက္ ျပဳလုပ္ထားတာလဲဆုိတာကုိ ေသခ်ာမသိၾကပါဘူး။ကၽြန္ေတာ္တုိ႕ သတိမထားမိတဲ့ ေန႕စဥ္သုံးပစၥည္းေလးေတြရဲ႕ ပါ၀င္အစိတ္အပုိင္းေတြဟာ ဘာရည္ရြယ္ခ်က္နဲ႕ ျပဳလုပ္ထားတာလဲ၊ဘယ္လုိအသုံး၀င္လဲဆုိတာကုိ Shwemom ပရိတ္သတ္ၾကီးအတြက္ ေဖာ္ျပေပးလုိက္ပါ။
ပုလင္းမ်ားေအာက္ေျခက အဟုိက္မ်ား
ဒီအဟုိက္ေတြဟာ ၀ုိင္ပုလင္းေတြကုိ ပုိျပီး ဖိအားဒဏ္ခံႏုိင္ရန္လုပ္ေဆာင္ထားတာ ျဖစ္ျပီး ၀ုိင္ပုလင္းကုိ ပုိျပီး ၾကီးတယ္လုိ႕ မ်က္စိလွည့္စားရန္အတြက္ လုပ္ေဆာင္ထားတာလည္း ျဖစ္ပါတယ္။
ကြန္ပ်ဳတာ ကီးဘုတ္ရွိ F နဲ႕ J မွ အဖုေလးမ်ား
စာစီစာရုိက္အေလ့အက်င့္မ်ားသူေတြကေတာ့ သိၾကမွာပါ။Keyboard Typing ရုိက္ရာမွာ F နဲ႕ J Keys မ်ားဟာ လက္ညွိးမ်ားရွိေနရမဲ့ေနရာ ျဖစ္ပါတယ္။F နဲ႕ J Keys မွာ အဖုေလးမ်ားရွိျခင္းျဖင့္ ကီးဘုတ္ကုိ ျပန္ၾကည့္ေနစရာမလုိဘဲ အလြယ္တကူ လက္ကုိထားရွိႏုိင္ရန္ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။
အားသြင္းႀကဳိးေတြမွာ ပါ၀င္တဲ့ အဖုေလးမ်ား
ဒီဆလင္ဒါပုံစံ အဖုေလးေတြဟာ magnetic iron oxide နဲ႕ ျပဳလုပ္ထားတာျဖစ္ျပီး လွ်ပ္စစ္သံလုိက္လႈိင္းမ်ားရဲ႕ေနွာက္ယွက္မႈကုိ ကာကြယ္ရန္အတြက္ ျပဳလုပ္ထားျခင္း ျဖစ္ပါတယ္။
ေသာ့ခေလာက္မွ အေပါက္ကေလးမ်ား
သင္ဟာ ေသာ့ခေလာက္ကုိ အိမ္အျပင္ဘက္မွာ အသုံးျပဳမယ္ဆုိရင္ မုိးရာသီမွာေရစုိတဲ့ အခါ ေသာ့ကုိယ္ထည္မွေရေတြ ဒီအေပါက္ေလးမွ တဆင့္ စီးက်သြားေစဖုိ႕ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ေနာက္တစ္ခ်က္ကေတာ့ ဒီအေပါက္ေလးမွတဆင့္ ေခ်ာဆီထည့္လို႕ရရန္ ျဖစ္ပါတယ္။
ကားမွ ဆီပမာဏျပဒိုင္ခြက္မွ ျမွား
ဆီပမာဏျပဒိုင္ခြက္မွ ဒီအမွတ္အသားေလးကုိ သိပ္မသတိမထားမိေလာက္ၾကပါဘူး။ဒါေပမဲ့ သင္သူမ်ားကားကုိ ယူေမာင္းစဥ္မွာ ဒီအမွတ္အသားေလးဟာ အလြန္အသုံး၀င္မွာ ျဖစ္ပါတယ္။ဒီျမွားရဲ႕ရည္ရြယ္ခ်က္ကေတာ့ ဆီထည့္ရန္အေပါက္ဟာ ကားရဲ႕ ဘယ္ဘက္မွာရွိေနသလဲဆုိတာကုိအလြယ္တကူသိေစဖုိ႕ ထည့္သြင္းထားတဲ့ အမွတ္အသားတစ္ခုျဖစ္ပါတယ္။
ဟင္းခ်က္အုိးလက္ကုိင္မွ အေပါက္
ပထမတစ္ခ်က္ကေတာ့ အမ်ားသိတဲ့အတုိင္း ခ်ိတ္ဆြဲထားဖုိ႕ ျဖစ္ပါတယ္။ေနာက္ရည္ရြယ္ခ်က္တစ္ခုကေတာ့ ဟင္းခ်က္ျပီးတဲ့အခါ ေယာင္းမပဲျဖစ္ျဖစ္၊ဇြန္းပဲ ျဖစ္ျဖစ္ ထုိအေပါက္ေလးထဲမွာ ထည့္ထားဖုိ႕အတြက္ျဖစ္ပါတယ္။
ေပဘူးရွိ ေပႀကိဳးထိပ္မွ အေပါက္၊လႊသြားစိတ္မ်ား
တုိင္းတာမဲ့ေနရာမွာ သံတစ္ေခ်ာင္းရုိက္ျပီး သံေခါင္းနဲ႕ ေပႀကိဳးထိပ္မွအေပါက္တုိ႕ ခ်ိတ္ျပီး ေပၾကဳိးျပန္လည္ေလွ်ာမထြက္ေစရန္ျပဳလုပ္ထားျခင္းျဖစ္ပါတယ္။လႊသြားစိတ္မ်ားကေတာ့ ေပႀကိဳးနဲ႕ တုိင္းတာလုိ႕ရတဲ့ ေနရာကုိ လႊသြားစိတ္ေတြနဲ႕ ျခစ္ျပီး မွတ္သားဖုိ႕ရန္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။
ဂ်င္းေဘာင္းဘီက သံမႈိေလးမ်ား
Levi Strauss က သူ႕ရဲ႕ ပထမဆုံး ဂ်င္းေဘာင္းဘီေတြကုိ ထုတ္လုပ္ခဲ့စဥ္မွာ အလုပ္သမားေတြနဲ႕ မုိင္းတူးသမားေတြရဲ႕ အလုပ္ခြင္ေၾကာင့္ ေဘာင္းဘီခ်ဳပ္ရုိးေတြဟာ ခဏေလးနဲ႕ ျပဲသြားေလ့ရွိပါတယ္။ဒါေၾကာင့္ ေနာက္ထုတ္လုပ္တဲ့ ဂ်င္းေဘာင္းဘီခ်ဳပ္ရုိးေတြမွာ ခုိင္ခံေအာင္ သံမႈိေတြနဲ႕ တြဲထားျခင္း ျဖစ္ပါတယ္။
ဂ်င္းေဘာင္းဘီက အိတ္ေသးေသးေလးမ်ား
ဒီအိတ္ကေလးေတြထဲမွာ ပုိက္ဆံဖြက္ဖြက္ထားတတ္တဲ့ လူေတြရွိမွာပါ။ဒီအိတ္ကေလးေတြရဲ႕ ပထမဆုံးရည္ရြယ္ခ်က္ကေတာ့ ၁၉ ရာစုခန္႕က ေရႊတူးသမားေတြနဲ႕ Cowboys ေတြ ဒီအိတ္ေလးထဲမွာ အိတ္ေဆာင္နာရီ ထည့္ထားဖုိ႕ရန္ ထည့္သြင္းခ်ဳပ္လုပ္ထားျခင္း ျဖစ္ပါတယ္။
အ၀တ္အထည္ အသစ္ေတြ၀ယ္ရင္ ပါလာတဲ့ အေရာင္တူအစေလးေတြ
ရည္ရြယ္ခ်က္ကေတာ့ ဒီလုိပါ။အ၀တ္အထည္စက္ရုံကေန အ၀တ္အစားနဲ႕အတူ ဒီလုိအ၀တ္စေလးေတြကုိ ထည့္သြင္းေပးလုိက္ျခင္းဟာ ဘယ္ဆပ္ျပာမႈန္႕နဲ႕ သုံးဖုိ႕အဆင္ေျပမလဲဆိုတာ စမ္းသပ္ႏုိင္ဖုိ႕ ထည့္ေပးလုိက္ျခင္းျဖစ္ပါတယ္။အ၀တ္အစားကုိ မေလွ်ာ္ခင္ ဒီလုိ နမူနာ အ၀တ္စေလးနဲ႕ အရင္ေလွ်ာ္ၾကည့္ျခင္းျဖင့္ တန္ဖုိးၾကီး အ၀တ္အစားကုိ မပ်က္စီးေအာင္ ထည့္သြင္းေပးထားျခင္း ျဖစ္ပါတယ္။
ေလယာဥ္ပ်ံ ျပတင္းေပါက္က အေပါက္
ေလယာဥ္ပ်ံစီးဖူးတဲ့ သူေတြကေတာ့ အေပါက္ပါမွန္းသိၾကမွာပါ။ပထမ ရည္ရြယ္ခ်က္က ေလဖိအားကုိ ထိန္းညွိေပးဖို႕ပါ။ေလယာဥ္က အျမင့္ကုိ ေရာက္ေလ ေလယာဥ္ကုိယ္ထည္ထဲက ေလဖိအားနဲ႕ ျပင္ပေလဖိအား ျခားနားမႈမ်ားေလပါပဲ။ျပတင္းေပါက္က အေပါက္ေလးေတြဟာ ေလထုဖိအား ကြာျခားမႈကုိ တတ္ႏုိင္သမွ် ေလွ်ာ့ခ်ေပးဖုိ႕ရန္ ျဖစ္ပါတယ္။ဒုတိယ ရည္ရြယ္ခ်က္က ေရေငြ႕ မရုိက္ဖုိ႕ အတြက္ျဖစ္ပါတယ္။
ေဘာလ္ပင္ဖုံး မွာ ပါ၀င္တဲ့ အေပါက္
ကၽြန္ေတာ္တုိ႕ေဘာပင္ကအေပါက္ေလးဟာ မွင္ေခ်ာင္္းေတြကုိလုံး၀ေျခာက္ေသြ႕မသြားေစရန္ ၊ဒါမွမဟုတ္မွင္ရည္ေတြ စိမ့္မထြက္သြားဖို႕ လုပ္ထားတယ္လုိ႕ ေတြးရင္ေတြးမိပါလိမ့္မယ္။ဒါေပမဲ့ တကယ္ရည္ရြယ္ခ်က္က အဲ့ဒီေလာက္အထိ ပညာရွင္မဆန္ပါဘူး။တကယ္လုိ႕ ကေလးတစ္ေယာက္က ေဘာလ္ပင္ဖုံးကုိ မ်ဳိခ်မိလုိ႕ လည္ပင္းမွာ တစ္ေနရင္ ဒီေဘာပင္ဖုံးက အေပါက္ေလးမွ တဆင့္ အသက္ရႈလုိ႕ရေအာင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။
Ref : Buzzfeed
Credit:Arkar Hein (Shwemom)
Unicodeဖြင့်ဖတ်ရန်
လူတိုင်းသတိမထားမိကြတဲ့ နေ့စဉ်သုံးပစ္စည်းများရဲ့ အရေးပါပုံများနှင့်အသုံးပြုပုံများ
ပစ္စည်းအသစ်အဆန်းတွေကိုသာ ကျွန်တော်တို့ ဂရုစိုက်ပြီး သေချာသတိထားမိကြပေမဲ့ နေ့စဉ်အိမ်တွင်းသုံး ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကိုတော့ ဘာရည်ရွယ်ချက်အတွက် ပြုလုပ်ထားတာလဲဆိုတာကို သေချာမသိကြပါဘူး။ကျွန်တော်တို့ သတိမထားမိတဲ့ နေ့စဉ်သုံးပစ္စည်းလေးတွေရဲ့ ပါဝင်အစိတ်အပိုင်းတွေဟာ ဘာရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတာလဲ၊ဘယ်လိုအသုံးဝင်လဲဆိုတာကို Shwemom ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါ။
ပုလင်းများအောက်ခြေက အဟိုက်များ
ဒီအဟိုက်တွေဟာ ဝိုင်ပုလင်းတွေကို ပိုပြီး ဖိအားဒဏ်ခံနိုင်ရန်လုပ်ဆောင်ထားတာ ဖြစ်ပြီး ဝိုင်ပုလင်းကို ပိုပြီး ကြီးတယ်လို့ မျက်စိလှည့်စားရန်အတွက် လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
ကွန်ပျုတာ ကီးဘုတ်ရှိ F နဲ့ J မှ အဖုလေးများ
စာစီစာရိုက်အလေ့အကျင့်များသူတွေကတော့ သိကြမှာပါ။Keyboard Typing ရိုက်ရာမှာ F နဲ့ J Keys များဟာ လက်ညှိးများရှိနေရမဲ့နေရာ ဖြစ်ပါတယ်။F နဲ့ J Keys မှာ အဖုလေးများရှိခြင်းဖြင့် ကီးဘုတ်ကို ပြန်ကြည့်နေစရာမလိုဘဲ အလွယ်တကူ လက်ကိုထားရှိနိုင်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အားသွင်းကြိုးတွေမှာ ပါဝင်တဲ့ အဖုလေးများ
ဒီဆလင်ဒါပုံစံ အဖုလေးတွေဟာ magnetic iron oxide နဲ့ ပြုလုပ်ထားတာဖြစ်ပြီး လျှပ်စစ်သံလိုက်လှိုင်းများရဲ့နှောက်ယှက်မှုကို ကာကွယ်ရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
သော့ခလောက်မှ အပေါက်ကလေးများ
သင်ဟာ သော့ခလောက်ကို အိမ်အပြင်ဘက်မှာ အသုံးပြုမယ်ဆိုရင် မိုးရာသီမှာရေစိုတဲ့ အခါ သော့ကိုယ်ထည်မှရေတွေ ဒီအပေါက်လေးမှ တဆင့် စီးကျသွားစေဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ဒီအပေါက်လေးမှတဆင့် ချောဆီထည့်လို့ရရန် ဖြစ်ပါတယ်။
ကားမှ ဆီပမာဏပြဒိုင်ခွက်မှ မြှား
ဆီပမာဏပြဒိုင်ခွက်မှ ဒီအမှတ်အသားလေးကို သိပ်မသတိမထားမိလောက်ကြပါဘူး။ဒါပေမဲ့ သင်သူများကားကို ယူမောင်းစဉ်မှာ ဒီအမှတ်အသားလေးဟာ အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။ဒီမြှားရဲ့ရည်ရွယ်ချက်ကတော့ ဆီထည့်ရန်အပေါက်ဟာ ကားရဲ့ ဘယ်ဘက်မှာရှိနေသလဲဆိုတာကိုအလွယ်တကူသိစေဖို့ ထည့်သွင်းထားတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။
ဟင်းချက်အိုးလက်ကိုင်မှ အပေါက်
ပထမတစ်ချက်ကတော့ အများသိတဲ့အတိုင်း ချိတ်ဆွဲထားဖို့ ဖြစ်ပါတယ်။နောက်ရည်ရွယ်ချက်တစ်ခုကတော့ ဟင်းချက်ပြီးတဲ့အခါ ယောင်းမပဲဖြစ်ဖြစ်၊ဇွန်းပဲ ဖြစ်ဖြစ် ထိုအပေါက်လေးထဲမှာ ထည့်ထားဖို့အတွက်ဖြစ်ပါတယ်။
ပေဘူးရှိ ပေကြိုးထိပ်မှ အပေါက်၊လွှသွားစိတ်များ
တိုင်းတာမဲ့နေရာမှာ သံတစ်ချောင်းရိုက်ပြီး သံခေါင်းနဲ့ ပေကြိုးထိပ်မှအပေါက်တို့ ချိတ်ပြီး ပေကြိုးပြန်လည်လျှောမထွက်စေရန်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။လွှသွားစိတ်များကတော့ ပေကြိုးနဲ့ တိုင်းတာလို့ရတဲ့ နေရာကို လွှသွားစိတ်တွေနဲ့ ခြစ်ပြီး မှတ်သားဖို့ရန် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဂျင်းဘောင်းဘီက သံမှိုလေးများ
Levi Strauss က သူ့ရဲ့ ပထမဆုံး ဂျင်းဘောင်းဘီတွေကို ထုတ်လုပ်ခဲ့စဉ်မှာ အလုပ်သမားတွေနဲ့ မိုင်းတူးသမားတွေရဲ့ အလုပ်ခွင်ကြောင့် ဘောင်းဘီချုပ်ရိုးတွေဟာ ခဏလေးနဲ့ ပြဲသွားလေ့ရှိပါတယ်။ဒါကြောင့် နောက်ထုတ်လုပ်တဲ့ ဂျင်းဘောင်းဘီချုပ်ရိုးတွေမှာ ခိုင်ခံအောင် သံမှိုတွေနဲ့ တွဲထားခြင်း ဖြစ်ပါတယ်။
ဂျင်းဘောင်းဘီက အိတ်သေးသေးလေးများ
ဒီအိတ်ကလေးတွေထဲမှာ ပိုက်ဆံဖွက်ဖွက်ထားတတ်တဲ့ လူတွေရှိမှာပါ။ဒီအိတ်ကလေးတွေရဲ့ ပထမဆုံးရည်ရွယ်ချက်ကတော့ ၁၉ ရာစုခန့်က ရွှေတူးသမားတွေနဲ့ Cowboys တွေ ဒီအိတ်လေးထဲမှာ အိတ်ဆောင်နာရီ ထည့်ထားဖို့ရန် ထည့်သွင်းချုပ်လုပ်ထားခြင်း ဖြစ်ပါတယ်။
အဝတ်အထည် အသစ်တွေဝယ်ရင် ပါလာတဲ့ အရောင်တူအစလေးတွေ
ရည်ရွယ်ချက်ကတော့ ဒီလိုပါ။အဝတ်အထည်စက်ရုံကနေ အဝတ်အစားနဲ့အတူ ဒီလိုအဝတ်စလေးတွေကို ထည့်သွင်းပေးလိုက်ခြင်းဟာ ဘယ်ဆပ်ပြာမှုန့်နဲ့ သုံးဖို့အဆင်ပြေမလဲဆိုတာ စမ်းသပ်နိုင်ဖို့ ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်။အဝတ်အစားကို မလျှော်ခင် ဒီလို နမူနာ အဝတ်စလေးနဲ့ အရင်လျှော်ကြည့်ခြင်းဖြင့် တန်ဖိုးကြီး အဝတ်အစားကို မပျက်စီးအောင် ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။
လေယာဉ်ပျံ ပြတင်းပေါက်က အပေါက်
လေယာဉ်ပျံစီးဖူးတဲ့ သူတွေကတော့ အပေါက်ပါမှန်းသိကြမှာပါ။ပထမ ရည်ရွယ်ချက်က လေဖိအားကို ထိန်းညှိပေးဖို့ပါ။လေယာဉ်က အမြင့်ကို ရောက်လေ လေယာဉ်ကိုယ်ထည်ထဲက လေဖိအားနဲ့ ပြင်ပလေဖိအား ခြားနားမှုများလေပါပဲ။ပြတင်းပေါက်က အပေါက်လေးတွေဟာ လေထုဖိအား ကွာခြားမှုကို တတ်နိုင်သမျှ လျှော့ချပေးဖို့ရန် ဖြစ်ပါတယ်။ဒုတိယ ရည်ရွယ်ချက်က ရေငွေ့ မရိုက်ဖို့ အတွက်ဖြစ်ပါတယ်။
ဘောလ်ပင်ဖုံး မှာ ပါဝင်တဲ့ အပေါက်
ကျွန်တော်တို့ဘောပင်ကအပေါက်လေးဟာ မှင်ချောင်းတွေကိုလုံးဝခြောက်သွေ့မသွားစေရန် ၊ဒါမှမဟုတ်မှင်ရည်တွေ စိမ့်မထွက်သွားဖို့ လုပ်ထားတယ်လို့ တွေးရင်တွေးမိပါလိမ့်မယ်။ဒါပေမဲ့ တကယ်ရည်ရွယ်ချက်က အဲ့ဒီလောက်အထိ ပညာရှင်မဆန်ပါဘူး။တကယ်လို့ ကလေးတစ်ယောက်က ဘောလ်ပင်ဖုံးကို မျိုချမိလို့ လည်ပင်းမှာ တစ်နေရင် ဒီဘောပင်ဖုံးက အပေါက်လေးမှ တဆင့် အသက်ရှုလို့ရအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Ref : Buzzfeed
Credit:Arkar Hein (Shwemom)
Sign up here with your email
ConversionConversion EmoticonEmoticon