ေဒါက္တာေတြက (၆)လပဲ ေနရေတာ့မယ္ဆိုၿပီးေျပာလို႔ အံ့မခန္းဝိတ္ခ်ျပခဲ့တဲ့အမ်ိဳးသား


လက္ရွိအခ်ိန္မွာ အသက္(၂၅)ႏွစ္သာရွိေသးတဲ့ Matthew Houser အမည္ရ အမ်ိဳးသားဟာ ေဒါက္တာေတြက သူရဲ႕ကိုယ္အေလးခ်ိန္ေၾကာင့္ အသက္ရွင္လ်က္ ေနရလွ (၆)လပဲ ရွိတာ့မယ္လုိ႔ သတိေပးခဲ့ပါတယ္။ ဘာေၾကာင့္ဆို သူ႕ရဲ႕ကိုယ္အေလးခ်ိန္ဟာ (၅၇)စတုံ ရွိခဲ့ၿပီး ေပါင္အားျဖင့္ (၈၀၀)ဝန္းက်င္ရွိေနခဲ့တာပါ။

ဒီမတုိင္ခင္က Matthew ဟာ ဘယ္ကိုမွလည္း မသြားႏုိင္၊ အိပ္ရာထဲမွာပဲ ေနေနရကာ သူမ်ားထူမွ၊ သူမ်ားတြဲမွ အစားအေသာက္နဲ႔ အေပါ့အေလးကိစၥေတြ အဆင္ေျပခဲ့တာပါ။ သူဟာ ဗာဂ်ီးနီးယားျပည္နယ္သားျဖစ္ၿပီး၊ သူ႕အေနနဲ႔ ဒီေလာက္မ်ားျပားတဲ့ ကိုယ္အေလးခ်ိန္ေၾကာင့္ ေရရွည္အသက္ဆက္ရွည္ဖုိ႔ မလြယ္ဘူးဆုိတာ သူ႕ကိုယ္သူလည္း သိခဲ့ပါတယ္။

News 5 သတင္းဌာနနဲ႔ေတြ႕ဆုံစဥ္မွာ “တကယ္ေတာ့ ကၽြန္ေတာ္က ေသရဖို႔အတြက္ ခုတင္ေပၚမွာလွဲၿပီးေစာင့္ေနရသလိုပါပဲ… ဒါကို ေကာင္းေကာင္းႀကီးသိတယ္။ ေျပာရရင္ ကိုယ့္စ်ာပနအတြက္ ႀကိဳၿပီး စီစဥ္ရေတာ့မယ့္အခ်ိန္ေပါ့ ” လုိ႔ ေျပာခဲ့ပါတယ္။

လူတစ္ေယာက္ ေသရေတာ့မယ့္အခ်ိန္ကို ႀကိဳသိထားမယ္၊ ေနာက္ၿပီး ေသျခင္းတရားကို တားဆီးႏုိင္မယ့္နည္းလမ္းလည္းသိခဲ့မယ္ဆိုရင္ လက္ေလွ်ာ့သြားမွာလား။ Matthew ကေတာ့ လက္မေလွ်ာ့ခဲ့ပါဘူး။ ဆရာဝန္ဆီကေန  (၆) လေလာက္ပဲ ေနရေတာ့မယ္ဆိုတဲ့အေၾကာင္းလည္း သိလိုက္ရေရာ ကိုယ္အေလးခ်ိန္စတင္ေလွ်ာ့ခ်ဖို႔အတြက္ လုပ္ေတာ့တာပဲ တဲ့။ (၃) ႏွစ္အတြင္းမွာ ပင္ပင္ပန္းပန္း ႀကိဳးစားပမ္းစား ကုိယ္အေလးခ်ိန္က်ဆင္းဖုိ႔ တစ္ရက္ကို အနည္းဆံုး (၂) နာရီေလာက္ တစ္ပတ္ကို (၆)ရက္ ေလ့က်င့္ခန္းေတြ လုပ္ခဲ့ၿပီး ေဆးပညာဂ်ာနယ္တစ္ခုက ရည္ညႊန္းတဲ့ အစားအစာကုိပဲ ပုံမွန္စားေသာက္ စသျဖင့္ အလုပ္နဲ႔သက္ေသျပခဲ့ပါေတာ့တယ္။

Matthew က “ကၽြန္ေတာ္ အဲဒီစကားကို ၾကားၾကားၿပီးခ်င္း ေဆး႐ုံမွာ ကိုယ့္ကိုယ္ကုိ ျပန္ေတြးမိတယ္။ တစ္ခုခုေတာ့ ငါ့ဘဝ ေျပာင္းလဲေအာင္ လုပ္ရေတာ့မယ္။ မျဖစ္မေန လုပ္ကို လုပ္ရမယ္လုိ႔… အဲဒီေနာက္ အေကာင္အထည္ေဖာ္ေတာ့တာပဲ” လုိ႔ ေျပာပါတယ္။ ဒီလိုနဲ႔ Matthew ဟာ ကုိယ္အေလးခ်ိန္ ေပါင္(၆၀၀)အထိ ခ်ႏုိင္ခဲ့ပါေတာ့တယ္။

ငယ္ငယ္ကတည္းက တျဖည္းျဖည္းပိုပိုတုိးလာခဲ့တဲ့ ကိုယ္အေလးခ်ိန္ေၾကာင့္ စိတ္ပုိင္းဆုိင္ရာ ဖိအားေတြ၊ စိုးရိမ္ေၾကာင့္က်မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရသူတစ္ဦးလည္းျဖစ္ပါတယ္။  တစ္ခါတေလသူ႕ကုိ သနားသလုိၾကည့္ေနတဲ့ အၾကည့္ဒဏ္ေတြကိုေတာင္ ခံႏုိင္ရည္ မရွိခဲ့ပါဘူးတဲ့။ ဒါေၾကာင့္ သူ႕ကို ကုိယ္အေလးခ်ိန္ျမင့္မားေနသူေတြကို သူ႕လိုပဲ စိတ္ဓာတ္ခိုင္မာၿပီး မျဖစ္ႏုိင္ဘူးဆိုတာ မရွိဘူးလို႔ ျပသခ်င္တဲ့အတြက္ မီဒီယာေရွ႕ကို လူလံုးထြက္ျပကာ သူ႕ဘဝအေၾကာင္းေတြကို ေဝမွ်ေပးခဲ့တာပါ။

Matthew ကပဲထပ္ၿပီး “က်ာင္းသားဘဝတုန္းကေတာ့ ကၽြန္ေတာ္ အၿမဲတမ္းအႏုိင္က်င့္ခံရတယ္ဗ်။ သူငယ္ခ်င္းလည္း မ်ားမ်ားစားစား မရွိဘူး။ သူငယ္ခ်င္းဆုိလုိ႔ အစားအစာနဲ႔ တီဗြီၾကည့္တာေလာက္ပဲ။ အခုကၽြန္ေတာ္လုပ္သလုိ လူတုိင္း လုပ္နုိင္ဖုိ႔ေတာ့ ခက္ခဲပါလိမ့္မယ္။ ဒါေပမဲ့ သင္တုိ႔ လုပ္ကို လုပ္ႏုိင္ပါတယ္။ ခိုင္မာတဲ့စိတ္ေမြးလိုက္ပါ။” ဆိုၿပီး အားေပးခဲ့ပါေသးတယ္။

တကယ္လုိ႔ ဝိတ္ခ်ေတာ့မယ္ဆုိရင္ လမ္းေလွ်ာက္ျခင္းကအစ အလြန္အေရးပါေၾကာင္း၊ ေန႔စဥ္ မိမိစားေသာက္တဲ့ ကယ္လုိရီေတြကို အၿမဲလုိလုိ ဂ႐ုစုိက္သင့္ၿပီး၊ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့အစားအစာေတြကို ပုံမွန္စားဖုိ႔ လုိေၾကာင္း၊ ေလ့က်င့္ခန္းေတြကုိေတာ့ တစ္ဆင့္နဲ႔တစ္ဆင့္ ျမင့္တဲ့အပုိင္း၊ ျပင္းထန္တဲ့အပိုင္းကို ႀကိဳးစားလုပ္ေဆာင္ဖုိ႔ လုိေၾကာင္း အႀကံေပးခဲ့ပါတယ္။

Credit:နတ္သူႀကီး-AlinnMyay(အလင္းေျမ)

Unicodeဖြင့်ဖတ်ရန်

ဒေါက်တာတွေက (၆)လပဲ နေရတော့မယ်ဆိုပြီးပြောလို့ အံ့မခန်းဝိတ်ချပြခဲ့တဲ့အမျိုးသား

လက်ရှိအချိန်မှာ အသက်(၂၅)နှစ်သာရှိသေးတဲ့ Matthew Houser အမည်ရ အမျိုးသားဟာ ဒေါက်တာတွေက သူရဲ့ကိုယ်အလေးချိန်ကြောင့် အသက်ရှင်လျက် နေရလှ (၆)လပဲ ရှိတာ့မယ်လို့ သတိပေးခဲ့ပါတယ်။ ဘာကြောင့်ဆို သူ့ရဲ့ကိုယ်အလေးချိန်ဟာ (၅၇)စတုံ ရှိခဲ့ပြီး ပေါင်အားဖြင့် (၈၀၀)ဝန်းကျင်ရှိနေခဲ့တာပါ။

ဒီမတိုင်ခင်က Matthew ဟာ ဘယ်ကိုမှလည်း မသွားနိုင်၊ အိပ်ရာထဲမှာပဲ နေနေရကာ သူများထူမှ၊ သူများတွဲမှ အစားအသောက်နဲ့ အပေါ့အလေးကိစ္စတွေ အဆင်ပြေခဲ့တာပါ။ သူဟာ ဗာဂျီးနီးယားပြည်နယ်သားဖြစ်ပြီး၊ သူ့အနေနဲ့ ဒီလောက်များပြားတဲ့ ကိုယ်အလေးချိန်ကြောင့် ရေရှည်အသက်ဆက်ရှည်ဖို့ မလွယ်ဘူးဆိုတာ သူ့ကိုယ်သူလည်း သိခဲ့ပါတယ်။

News 5 သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ “တကယ်တော့ ကျွန်တော်က သေရဖို့အတွက် ခုတင်ပေါ်မှာလှဲပြီးစောင့်နေရသလိုပါပဲ… ဒါကို ကောင်းကောင်းကြီးသိတယ်။ ပြောရရင် ကိုယ့်ဈာပနအတွက် ကြိုပြီး စီစဉ်ရတော့မယ့်အချိန်ပေါ့ ” လို့ ပြောခဲ့ပါတယ်။

လူတစ်ယောက် သေရတော့မယ့်အချိန်ကို ကြိုသိထားမယ်၊ နောက်ပြီး သေခြင်းတရားကို တားဆီးနိုင်မယ့်နည်းလမ်းလည်းသိခဲ့မယ်ဆိုရင် လက်လျှော့သွားမှာလား။ Matthew ကတော့ လက်မလျှော့ခဲ့ပါဘူး။ ဆရာဝန်ဆီကနေ  (၆) လလောက်ပဲ နေရတော့မယ်ဆိုတဲ့အကြောင်းလည်း သိလိုက်ရရော ကိုယ်အလေးချိန်စတင်လျှော့ချဖို့အတွက် လုပ်တော့တာပဲ တဲ့။ (၃) နှစ်အတွင်းမှာ ပင်ပင်ပန်းပန်း ကြိုးစားပမ်းစား ကိုယ်အလေးချိန်ကျဆင်းဖို့ တစ်ရက်ကို အနည်းဆုံး (၂) နာရီလောက် တစ်ပတ်ကို (၆)ရက် လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပြီး ဆေးပညာဂျာနယ်တစ်ခုက ရည်ညွှန်းတဲ့ အစားအစာကိုပဲ ပုံမှန်စားသောက် စသဖြင့် အလုပ်နဲ့သက်သေပြခဲ့ပါတော့တယ်။

Matthew က “ကျွန်တော် အဲဒီစကားကို ကြားကြားပြီးချင်း ဆေးရုံမှာ ကိုယ့်ကိုယ်ကို ပြန်တွေးမိတယ်။ တစ်ခုခုတော့ ငါ့ဘဝ ပြောင်းလဲအောင် လုပ်ရတော့မယ်။ မဖြစ်မနေ လုပ်ကို လုပ်ရမယ်လို့… အဲဒီနောက် အကောင်အထည်ဖော်တော့တာပဲ” လို့ ပြောပါတယ်။ ဒီလိုနဲ့ Matthew ဟာ ကိုယ်အလေးချိန် ပေါင်(၆၀၀)အထိ ချနိုင်ခဲ့ပါတော့တယ်။

ငယ်ငယ်ကတည်းက တဖြည်းဖြည်းပိုပိုတိုးလာခဲ့တဲ့ ကိုယ်အလေးချိန်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။  တစ်ခါတလေသူ့ကို သနားသလိုကြည့်နေတဲ့ အကြည့်ဒဏ်တွေကိုတောင် ခံနိုင်ရည် မရှိခဲ့ပါဘူးတဲ့။ ဒါကြောင့် သူ့ကို ကိုယ်အလေးချိန်မြင့်မားနေသူတွေကို သူ့လိုပဲ စိတ်ဓာတ်ခိုင်မာပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြသချင်တဲ့အတွက် မီဒီယာရှေ့ကို လူလုံးထွက်ပြကာ သူ့ဘဝအကြောင်းတွေကို ဝေမျှပေးခဲ့တာပါ။

Matthew ကပဲထပ်ပြီး “ကျာင်းသားဘဝတုန်းကတော့ ကျွန်တော် အမြဲတမ်းအနိုင်ကျင့်ခံရတယ်ဗျ။ သူငယ်ချင်းလည်း များများစားစား မရှိဘူး။ သူငယ်ချင်းဆိုလို့ အစားအစာနဲ့ တီဗွီကြည့်တာလောက်ပဲ။ အခုကျွန်တော်လုပ်သလို လူတိုင်း လုပ်နိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ သင်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ခိုင်မာတဲ့စိတ်မွေးလိုက်ပါ။” ဆိုပြီး အားပေးခဲ့ပါသေးတယ်။

တကယ်လို့ ဝိတ်ချတော့မယ်ဆိုရင် လမ်းလျှောက်ခြင်းကအစ အလွန်အရေးပါကြောင်း၊ နေ့စဉ် မိမိစားသောက်တဲ့ ကယ်လိုရီတွေကို အမြဲလိုလို ဂရုစိုက်သင့်ပြီး၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို ပုံမှန်စားဖို့ လိုကြောင်း၊ လေ့ကျင့်ခန်းတွေကိုတော့ တစ်ဆင့်နဲ့တစ်ဆင့် မြင့်တဲ့အပိုင်း၊ ပြင်းထန်တဲ့အပိုင်းကို ကြိုးစားလုပ်ဆောင်ဖို့ လိုကြောင်း အကြံပေးခဲ့ပါတယ်။

Credit:နတ်သူကြီး-AlinnMyay(အလင်းမြေ)
Previous
Next Post »
Powered by Blogger.