Zawgyi ဖြင့်ဖတ်ရန်
အနံ့ဆိုးထွက်ခြင်း
မှိုရောဂါ
credit : aunty may
Unicode ဖြင့်ဖတ်ရန်
အသက်အန္တရာယ်ပါဖြစ်စေနိုင်လို့ မပေါ့ဆသင့်တဲ့အမျိုးသမီးအင်္ဂါရောဂါလက္ခဏာများ
ဒါကတော့အမျိုးသမီးတိုင်းသိသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေပါ။ မိန်းမအင်္ဂါကို မပြုလုပ်သင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေဖော်ပြပေးသွားမှာမလို့ ဆက်လက်ဖတ်ရှုပေးကြပါဦး။
အနံ့ဆိုးထွက်ခြင်း
အနံ့ဆိုးထွက်ခြင်းနဲ့ ကြုံရတဲ့ အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတတ်တာကတော့ အရင်ဆုံးကြုံတေ့ွရမှာပါပဲ။ အနံ့ဆိုးထွက်တာကို မပေါ့ဆသင့်ပါဘူးနော်။ မြန်မာအမျိုးသမီးတော်တော်များများဟာ ရင်သားနဲ့ အမျိုးသမီးအင်္ဂါနဲ့ပတ်သက်လာရင် ရှက်လို့ဆိုပြီး ဆရာဝန်သွားမပြတတ်ကြပါဘူး။ ဒီလို ဖြစ်တဲ့အချိန်မှာ ဘယ်သူနဲ့မှလည်း မတိုင်ပင်ရဲ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ Citrus fruits တွေဖြစ်တဲ့ လိမ္မော်သီးတို့၊ ကျွဲကောသီးတို့၊ သံပရိုသီးတို့လို စတဲ့ အသီးတွေကို စားပေးခြင်းက အနံ့ဆိုး ထွက်ခြင်းကို ကာကွယ်စေနိုင်ပါတယ်။ အနံ့အပြင် အဖြူပါရောဆင်းလာပြီး အရောင်ရင့်လာမယ်ဆိုရင်တော့ သားဖွားမီးယပ်အထူးကုနဲ့ သွားရောက်ပြသလိုက်ပါတော့။
ပုံမှန်သန့်စင်ပေးဖို့ လိုအပ်တယ်
အနံ့ဆိုးတွေ မထွက်အောင်၊ ရောဂါပိုးတွေ မဝင်ရောက်အောင်လို့ ပုံမှန်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ သန့်စင်တဲ့နေရာမှာလည်း သီးသန့်ထုတ်လုပ်ထားတဲ့ သန့်စင်တဲ့ဆေးရည်တွေကို အသုံးပြုခြင်းက ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ အနံ့မပါတာမျိုး၊ ဆရာဝန်ထောက်ခံချက်ပါတာမျိုး ရွေးချယ်ပါ။
ရာသီသွေးပေါ်ချိန်မှာ သန့်ရှင်းမှုကို အထူးဂရုပြုဖို့ လိုအပ်ပြီးတော့ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လစဉ်သုံး ပစ္စည်းမျိုးကိုသာ သုံးပေးသင့်ပါတယ်။ ဒီလိုမျိုး သုံးတဲ့အခါမှာလည်း သူ့အညွှန်းမှာပါတဲ့ အချိန်အတိုင်း လစဉ်သုံး ပစ္စည်းကို လှဲလှယ်ပေးသင့်ပါတယ်။ (ှုဥပမာ ၄ နာရီတစ်ကြိမ်ပေါ့) မသန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့ ဖြစ်သလိုသုံးလိုက်ခြင်းမျိုး လုံးဝ မလုပ်သင့်ပါဘူး။
မှိုရောဂါ
မိန်းမအင်္ဂါကို ပုံမှန်သန့်စင်ပေးခြင်းက မှိုရောဂါ ဖြစ်ပေါ်မှုကို တားဆီးပေးပြီးတော့ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ခုခေတ်မှာ မှိုရောဂါကို ကြိုတင် ကာကွယ်ပေးနိုင်တဲ့ ဆေးတွေလည်း ဝယ်ယူသောက်သုံးလို့ရနေပါပြီ။ ဒါပေမယ့်လို့ ဒီဆေးတွေသောက်ခြင်းက ရေရှည်အတွက်မကောင်းတဲ့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သုံးသင့်ပါတယ်။
credit : aunty may
Sign up here with your email
ConversionConversion EmoticonEmoticon