Zawgyiျဖင့္ဖတ္ရန္
ဒီတခါေတာ့ ဟင္းရည္ခ်က္နည္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။ လုပ္ရတာလည္း လက္မ၀င္၊ အရသာကလည္း ရွဴးရွဴးရွဲရွဲေလးနဲ႕ဆိုေတာ့ ထမင္းစားၿမိန္မွာအေသအခ်ာပါပဲ။
ပါ၀င္ပစၥည္းမ်ား
ငါးရံ႕ေခါင္း ခပ္ႀကီးႀကီး – ငါးဆယ္သား
ႀကက္သြန္နီ – သံုးဥ
ႀကက္သြန္ျဖဴ ဥႀကီး – ၁၅ ၿမႊာ
ခ်င္း – လက္တစ္ဆစ္
စပါးလင္ – ႏွစ္ေခ်ာင္း
ခရမ္းခ်ဥ္သီး – သံုးလံုး
ပဲျပား – တစ္တံုး
ငံုးဥ – ဆယ္လံုး
ငါးဖယ္လံုး – ဆယ့္ငါးလံုး
မွ်စ္ခ်ဥ္ႏုႏု – ဆယ့္ငါးက်ပ္သား
ရွမ္းနံနံ (၀ါ) နံနံပင္ – အနည္းငယ္
ငရုတ္သီးအစိမ္းမႈန္႕ – အနည္းငယ္
ငရုတ္သီးစိမ္း – ဆယ့္ငါးေတာင့္
ဆီ – သံုးက်ပ္သားခန္႕
ဆား၊ သႀကား၊ ငံျပာရည္ – အနည္းငယ္
ျပင္ဆင္ခ်က္ျပဳတ္ပံု အဆင့္ဆင့္
ပထမဆံုး ငါးေခါင္းကို အေနေတာ္အရြယ္ ပိုင္း၍ ေရေဆးၿပီး ဆား၊ နႏြင္းတို႕ျဖင့္ နယ္ပါ။ ႀကက္သြန္အနီ၊ အျဖဴႏွင့္ ခ်င္းကို အခြံႏႊာေရေဆးကာ မညက္တညက္ ေထာင္းပါ။ စပါးလင္ကို ရင့္တဲ့အပိုင္းမ်ားဖယ္ပါ။ ၿပီးလွ်င္ ေရေဆး၍ စပါးလင္ကို ထုေခ်ၿပီး အထံုးေလးျဖစ္ေအာင္ ထံုးထားပါ။ ခရမ္းခ်ဥ္သီးကို ေရေဆး၍ ေလးစိတ္စိတ္ပါ။ ပဲျပားကိုလည္း အေနေတာ္ ေလးေထာင့္အတံုးေလးေတြ တံုးထားပါ။ ၿပီးလွ်င္ ငံုးဥကို က်က္ေအာင္ ျပဳတ္ၿပီး အခြံခြာထားပါ။ ငါးဖယ္လံုးအတြက္ ငါးဖယ္ျခစ္ၿပီးသားကို ဆား၊ နႏြင္းျဖင့္ ေစးေအာင္ နယ္ၿပီး ငံုးဥအရြယ္ခန္႕လံုးထားပါ။ မွ်စ္ခ်ဥ္ကို သင့္ေတာ္သလို လွီးပါ။
ရွမ္းနံနံကို ေရေဆးကာ လက္ႏွစ္ဆစ္ခန္႕ျဖတ္ထားၿပီး ငရုတ္သီးစိမ္းကို အညွာေခၽြ၊ ေရေဆး၍ ထက္ျခမ္း ျခမ္းပါ။ ငါးေခါင္းဟင္းရည္ခ်က္ဖို႕ လုိအပ္တာေတြျပင္ဆင္ၿပီးရင္ ဟင္းခ်က္မည့္ဒယ္အိုးထဲတြင္ ဆီထည့္ပါ။ ဆီပူလွ်င္ ေထာင္ထားတဲ့ ႀကက္သြန္အႏွစ္နဲ႕ ငရုတ္သီးအစိမ္းမႈန္႕ထည့္ ဆီသပ္ပါ။ ႀကက္သြန္မ်ား ေရႊ၀ါေရာင္သမ္းစၿပဳၿပီး အနံ႕ေလးေမႊးလာရင္ ခရမ္းခ်ဥ္သီး၊ မွ်စ္ခ်ဥ္နဲ႕ စပါးလင္ကို ထည့္ေမႊပါ။
ၿပီးလွ်င္ ငါးေခါင္းႏွင့္ ဆား၊ သႀကား၊ ငံျပာရည္တို႕ကို ထည့္၍ သမေအာင္ ေမႊၿပီးရင္ ေရႏို႕ဆီဘူး ငါးလံုးခန္႕ထည့္ကာ အဖံုးအုပ္ၿပီး ဟင္းရည္ပြက္ပြက္ဆူတဲ့အထိ တည္ပါ။ ဟင္းရည္ဆူလာရင္ ပဲျပား၊ ငံုးဥ၊ ငါးဖယ္လံုးနဲ႕ ငရုတ္သီးစိမ္းမ်ား ထည့္လုိက္ပါ။ ငါးေခါင္းဟင္းရည္ကို အခ်ိဳရည္က်ေအာင္ ပြက္ပြက္ဆူၿပီး မိနစ္ႏွစ္ဆယ္ခန္႕ ဆက္တည္ေပးရပါမယ္။ ၿပီးလွ်င္ အရသာၿမည္းကာ ဟင္းအိုးခ်ကာနီးတြင္ ရွမ္းနံနံကို အုပ္ခပ္လုိက္ပါ။ ခ်ဥ္စပ္အရသာနဲ႕ ရွမ္းနံနံႏွင့္ စပါးလင္ရနံ႕ေလး ေမႊးသင္းေနတဲ့ ငါးေခါင္းဟင္းရည္ က်က္ပါၿပီ။
မွတ္ခ်က္။ ။ ငါးေခါင္းဟင္းရည္ခ်က္ရာတြင္ ငါးေခါင္းအျပင္ ငါးအသားကိုလည္း ထည့္ခ်က္ႏုိင္ပါတယ္။
Credit:My Food Myanmar
Unicodeဖြင့်ဖတ်ရန်
ရှူးရှူးရှဲရှဲအရသာနဲ့ ငါးခေါင်းဟင်းရည်
ဒီတခါတော့ ဟင်းရည်ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ လုပ်ရတာလည်း လက်မဝင်၊ အရသာကလည်း ရှူးရှူးရှဲရှဲလေးနဲ့ဆိုတော့ ထမင်းစားမြိန်မှာအသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
ငါးရံ့ခေါင်း ခပ်ကြီးကြီး – ငါးဆယ်သား
ကြက်သွန်နီ – သုံးဥ
ကြက်သွန်ဖြူ ဥကြီး – ၁၅ မြွှာ
ချင်း – လက်တစ်ဆစ်
စပါးလင် – နှစ်ချောင်း
ခရမ်းချဉ်သီး – သုံးလုံး
ပဲပြား – တစ်တုံး
ငုံးဥ – ဆယ်လုံး
ငါးဖယ်လုံး – ဆယ့်ငါးလုံး
မျှစ်ချဉ်နုနု – ဆယ့်ငါးကျပ်သား
ရှမ်းနံနံ (ဝါ) နံနံပင် – အနည်းငယ်
ငရုတ်သီးအစိမ်းမှုန့် – အနည်းငယ်
ငရုတ်သီးစိမ်း – ဆယ့်ငါးတောင့်
ဆီ – သုံးကျပ်သားခန့်
ဆား၊ သကြား၊ ငံပြာရည် – အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ အဆင့်ဆင့်
ပထမဆုံး ငါးခေါင်းကို အနေတော်အရွယ် ပိုင်း၍ ရေဆေးပြီး ဆား၊ နနွင်းတို့ဖြင့် နယ်ပါ။ ကြက်သွန်အနီ၊ အဖြူနှင့် ချင်းကို အခွံနွှာရေဆေးကာ မညက်တညက် ထောင်းပါ။ စပါးလင်ကို ရင့်တဲ့အပိုင်းများဖယ်ပါ။ ပြီးလျှင် ရေဆေး၍ စပါးလင်ကို ထုချေပြီး အထုံးလေးဖြစ်အောင် ထုံးထားပါ။ ခရမ်းချဉ်သီးကို ရေဆေး၍ လေးစိတ်စိတ်ပါ။ ပဲပြားကိုလည်း အနေတော် လေးထောင့်အတုံးလေးတွေ တုံးထားပါ။ ပြီးလျှင် ငုံးဥကို ကျက်အောင် ပြုတ်ပြီး အခွံခွာထားပါ။ ငါးဖယ်လုံးအတွက် ငါးဖယ်ခြစ်ပြီးသားကို ဆား၊ နနွင်းဖြင့် စေးအောင် နယ်ပြီး ငုံးဥအရွယ်ခန့်လုံးထားပါ။ မျှစ်ချဉ်ကို သင့်တော်သလို လှီးပါ။
ရှမ်းနံနံကို ရေဆေးကာ လက်နှစ်ဆစ်ခန့်ဖြတ်ထားပြီး ငရုတ်သီးစိမ်းကို အညှာချွေ၊ ရေဆေး၍ ထက်ခြမ်း ခြမ်းပါ။ ငါးခေါင်းဟင်းရည်ချက်ဖို့ လိုအပ်တာတွေပြင်ဆင်ပြီးရင် ဟင်းချက်မည့်ဒယ်အိုးထဲတွင် ဆီထည့်ပါ။ ဆီပူလျှင် ထောင်ထားတဲ့ ကြက်သွန်အနှစ်နဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့် ဆီသပ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သမ်းစပြုပြီး အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီး၊ မျှစ်ချဉ်နဲ့ စပါးလင်ကို ထည့်မွှေပါ။
ပြီးလျှင် ငါးခေါင်းနှင့် ဆား၊ သကြား၊ ငံပြာရည်တို့ကို ထည့်၍ သမအောင် မွှေပြီးရင် ရေနို့ဆီဘူး ငါးလုံးခန့်ထည့်ကာ အဖုံးအုပ်ပြီး ဟင်းရည်ပွက်ပွက်ဆူတဲ့အထိ တည်ပါ။ ဟင်းရည်ဆူလာရင် ပဲပြား၊ ငုံးဥ၊ ငါးဖယ်လုံးနဲ့ ငရုတ်သီးစိမ်းများ ထည့်လိုက်ပါ။ ငါးခေါင်းဟင်းရည်ကို အချိုရည်ကျအောင် ပွက်ပွက်ဆူပြီး မိနစ်နှစ်ဆယ်ခန့် ဆက်တည်ပေးရပါမယ်။ ပြီးလျှင် အရသာမြည်းကာ ဟင်းအိုးချကာနီးတွင် ရှမ်းနံနံကို အုပ်ခပ်လိုက်ပါ။ ချဉ်စပ်အရသာနဲ့ ရှမ်းနံနံနှင့် စပါးလင်ရနံ့လေး မွှေးသင်းနေတဲ့ ငါးခေါင်းဟင်းရည် ကျက်ပါပြီ။
မှတ်ချက်။ ။ ငါးခေါင်းဟင်းရည်ချက်ရာတွင် ငါးခေါင်းအပြင် ငါးအသားကိုလည်း ထည့်ချက်နိုင်ပါတယ်။
Credit:My Food Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon