ေဖေဖေတြဆီက ရသင့္တဲ့အခြင့္အေရးေတြကို ေမေမေတြ ကိုယ္စားေတာင္းဆိုလိုက္တဲ့ စႏၵီျမင့္လြင္


Zawgyiျဖင့္ဖတ္ရန္

ႏိုင္ငံေက်ာ္ အဆိုေတာ္မေလး စႏၵီျမင့္လြင္ဟာ ဆိုရင္ ပရိသတ္ေတြ ခ်စ္ခင္အားေပးရတဲ့ သူေလးပါ။ သူမက လူငယ္အဆိုေတာ္မ်ားစြာထဲမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိထားသူေလး ဆိုလည္း မမွားပါဘူး ။သူမရဲ႕ သီခ်င္းေလးေတြက လူငယ္ပရိသတ္ေတြ ရဲ႕ အႀကိဳက္ပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ စႏၵီျမင့္လြင္က ေဖေဖေတြဆီက ရသင့္တဲ့အခြင့္အေရးေတြကို ေမေမေတြ ကိုယ္စားေတာင္းဆိုလိုက္တဲ့ အေၾကာင္းေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

စႏၵီျမင့္လြင္ က ခ်စ္ရတဲ့ ခင္ပြန္း၊ သမီးေလးနဲ႔ အတူ အႏုပညာအလုပ္ေတြ ႀကိဳးစားလုပ္ရင္း ေအးခ်မ္းေပ်ာ္ရႊင္စြာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ သူမက ဒီေန႔မွာေတာ့ သမီးေလး Treasure ရဲ႕ ခ်စ္စရာေကာင္းတဲ့ ပံုေလးေတြ မၽွေဝလိုက္တာပါ။

ဒီတစ္ခါမွာေတာ့ စႏၵီျမင့္လြင္ က " သို႔ေဖေဖ

အလုပ္ၿပီးတဲ့အခါ အိမ္ကို တန္းတန္းမတ္မတ္ ျပန္လာခဲ့ေပးပါ။ မီးမီးနဲ႔ ေမေမ ေဖေဖ့ကို ေစာင့္ေနပါတယ္။

အိမ္ျပန္ေရာက္ရင္ တေန႔လုံး ကေလးထိန္းရတဲ့ ေမေမ့ကို ဝိုင္းကူေပးရင္ ေမေမက အရမ္းေပ်ာ္ပါတယ္။

ေမေမက ဟင္းခ်က္ရင္ ေဖေဖက ပန္းကန္ဝိုင္းကူေဆးေပးပါေနာ္။ ေမေမက အဝတ္ေလၽွာ္ရင္ ေဖေဖက မီးပူတိုက္ေပးပါ။

ကေလးေမြးလိုက္ရလို့ ေမေမက မလွေတာ့ဘူး။ ေမေမက ဝလာတယ္ဆိုၿပီး မၿငိဳျငင္ပါနဲ႔ေနာ္။ ေမေမ့ကို ပိုခ်စ္ေပးပါ။

တခါတေလ ညဘက္ မီးမီး အိပ္မေပ်ာ္လို့ ေအာ္မိရင္ ေမေမ့ကို မနိုးဘဲ ေဖေဖက ေခ်ာ့သိပ္ေပးပါေနာ္။

ေဖေဖ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္သလို ေမေမ့ကိုလည္း သူငယ္ခ်င္းေတြနဲ႔ ေလၽွာက္လည္ခြင့္ေပးပါေနာ္။ အဲဒီအခ်ိန္မွာ ေဖေဖက မီးမီးကို တစ္လွည့္ထိန္းေပးပါ။

ေမေမ ဝမ္းနည္းရတဲ့အခါတိုင္း ေမေမ့ကို ေဖေဖ အျပစ္မတင္ပါနဲ႔ေနာ္။ ေမေမအနားမွာေနၿပီး ေမေမ့ကို အားေပးေပးပါေနာ္။

ေမေမအားလုံး ကိုယ္စားခ်စ္တဲ့ ေမေမဒီး" ဆိုၿပီး တေလာကလံုးက ေမေမေတြအစားေျပာထားပါတယ္။

စႏၵီ့ျမင့္လြင္ ရဲ႕ သမီးေလး ခ်စ္စရာပံုရိပ္


စႏၵီျမင့္လြင္ရဲ႕ ခ်စ္စရာေကာင္းတဲ့ သမီးေလးTreasure ရဲ႕ ပံုရိပ္ကေလးေတြကို ပရိသတ္ေတြ သေဘာက်လိမ့္မယ္ ထင္ပါတယ္။ ၾကည့္ရူေပးၾကတဲ့ မိုမိုေလး ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

Moekalay

Source;sandy myint lwin

Credit:Momolay

Unicodeဖြင့်ဖတ်ရန်

ဖေဖေတွေဆီက ရသင့်တဲ့အခွင့်အရေးတွေကို မေမေတွေ ကိုယ်စားတောင်းဆိုလိုက်တဲ့ စန္ဒီမြင့်လွင်

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က ဖေဖေတွေဆီက ရသင့်တဲ့အခွင့်အရေးတွေကို မေမေတွေ ကိုယ်စားတောင်းဆိုလိုက်တဲ့ အကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်း၊ သမီးလေးနဲ့ အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက ဒီနေ့မှာတော့ သမီးလေး Treasure ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ မျှဝေလိုက်တာပါ။

ဒီတစ်ခါမှာတော့ စန္ဒီမြင့်လွင် က " သို့ဖေဖေ

အလုပ်ပြီးတဲ့အခါ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့ပေးပါ။ မီးမီးနဲ့ မေမေ ဖေဖေ့ကို စောင့်နေပါတယ်။

အိမ်ပြန်ရောက်ရင် တနေ့လုံး ကလေးထိန်းရတဲ့ မေမေ့ကို ဝိုင်းကူပေးရင် မေမေက အရမ်းပျော်ပါတယ်။

မေမေက ဟင်းချက်ရင် ဖေဖေက ပန်းကန်ဝိုင်းကူဆေးပေးပါနော်။ မေမေက အဝတ်လျှော်ရင် ဖေဖေက မီးပူတိုက်ပေးပါ။

ကလေးမွေးလိုက်ရလို့ မေမေက မလှတော့ဘူး။ မေမေက ဝလာတယ်ဆိုပြီး မငြိုငြင်ပါနဲ့နော်။ မေမေ့ကို ပိုချစ်ပေးပါ။

တခါတလေ ညဘက် မီးမီး အိပ်မပျော်လို့ အော်မိရင် မေမေ့ကို မနိုးဘဲ ဖေဖေက ချော့သိပ်ပေးပါနော်။

ဖေဖေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သလို မေမေ့ကိုလည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့်ပေးပါနော်။ အဲဒီအချိန်မှာ ဖေဖေက မီးမီးကို တစ်လှည့်ထိန်းပေးပါ။

မေမေ ဝမ်းနည်းရတဲ့အခါတိုင်း မေမေ့ကို ဖေဖေ အပြစ်မတင်ပါနဲ့နော်။ မေမေအနားမှာနေပြီး မေမေ့ကို အားပေးပေးပါနော်။

မေမေအားလုံး ကိုယ်စားချစ်တဲ့ မေမေဒီး" ဆိုပြီး တလောကလုံးက မေမေတွေအစားပြောထားပါတယ်။

စန္ဒီ့မြင့်လွင် ရဲ့ သမီးလေး ချစ်စရာပုံရိပ်

စန္ဒီမြင့်လွင်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးTreasure ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay

Source;sandy myint lwin

Credit:Momolay
Previous
Next Post »
Powered by Blogger.