Zawgyi ဖြင့်ဖတ်ရန်
share from :burmese.a
Unicode ဖြင့်ဖတ်ရန်
ထိုင်နိုင်ငံမှာ မြန်မာအလုပ်သမားပေါင်း ၂၀၀ ကျော် အလုပ်ဖြုတ်ခံ လိုက်ရတဲ့ ဖြစ်စဉ်
မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု ၊ ကုန်ဈေးနှုန်ကြီးမြင့်မှုတွေကြောင့် မြန်မာနိုင်ငံသားတော်တော်များများထဲ အလုပ်လုပ်နိုင်တဲ့လူငယ်တွေဟာ အိမ်နီးခြင်းပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေကြရပါတယ်။ အထူးသဖြင့် မလေးရှား ၊ စင်္ကာပူ ၊ထိုင်းနိုင်ငံတွေကို သွားရောက်လုပ်ကိုင်ကြပါတယ်။
ထိုင်းနိုင်ငံက အယုဒ္ဓယခရိုင်အတွင်းက ရိုချန အကြီးစားစက်ရုံမှာ ရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအလုပ်သမားတွေဟာ အလုပ်သက်တမ်း စာချုပ်မပြည့်ခင် အလုပ်ဖြုတ်ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ဒါ့အပြင် ချွန်ဘူရီခရိုင် စီရာချာ မြို့မှာ ရှိတဲ့ စက်ရုံတစ်ရုံကလည်း အလုပ်သမား ၄၀၀ ကျော်ကိုကြိုတင်အသိပေးခြင်းမရှိပဲနဲပ အလုပ်ဖြုတ်ခဲ့တယ်လို့ သိရပါတယ်။
အဓိကကတော့ တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှုကြောင့် စီးပွားရေးစစ်ပွဲဖြစ်နေပြီးတော့ တရုတ်လူမျိုး လုပ်ငန်းရှင်တွေ အရှုံးပေါ်တာကြောင့် လုပ်ငန်းတွေ ရပ်လိုက်ရတာလို့ သိရပါတယ်။ ဒါတင် မကသေးပဲနဲ့ လာမည့် ၂၀၂၀ မှာပါအာရှဒေသ အလုပ်လက်မဲ့ ဦးရေ ပိုမိုတိုးပွားလာမှာဖြစ်ပြီးတော့ ထိုင်းနိုင်ငံတစ်ခုတည်းမှာပင် လုပ်သား ငါးသိန်းကျော် အလုပ်လက်မဲ့ ဖြစ်လိမ့်မယ်လို့လည်း သိရှိရပါတယ်။
ဒါကြောင့် ကိုယ့်ဆွေမျိုး ၊ မိတ်ဆွေတွေ ထိုင်းမှာ အလုပ်လုပ်နေသူများအနေနဲ့ သိရှိနိုင်အောင် မျှဝေပေးလိုက်ပါဦးနော်။
share from :burmese.a
Sign up here with your email
ConversionConversion EmoticonEmoticon