Zawgyi ျဖင့္ဖတ္ရန္
ၿပီးခဲ့တဲ့ တကၠသိုလ္ဝင္တန္းေအာင္စာရင္းေတြ ထြက္တုန္းက ေက်ာင္းသားေလးတစ္ေယာက္ဟာ ဘာသာစုံ ဂုဏ္ထူးထြက္ခဲ့ပါတယ္သူဟာ စာႀကိဳးစားသလို ၊ ဉာဏ္ရည္လည္းထက္ျမက္သူျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ကို ဆရာဝန္တစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔မိခင္ကိုယ္တိုင္ ေမွ်ာ္မွန္းထားသလို ပတ္ဝန္းက်င္ကလည္း ဒီလိုပဲ ထင္မွတ္ေနၾကပါတယ္။ ဒါေပမယ့္ အားလုံးကို အံ့ၾသသင့္ေစတာတစ္ခု ကို သူတို႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲ့တာကေတာ့ သားျဖစ္သူ ဂုဏ္ထူးအျပည့္နဲ႔ ေအာင္ေပမယ့္ ေက်ာင္းဆက္မတက္ေတာ့ပဲသာ့သနာ့ေဘာင္ကို အၿပီးတိုင္ဝင္ၿပီးေတာ့ ျမတ္ဘုရားရဲ႕ သာသနာမွာ တရားဓမၼေတြကိုပဲ ေလ့လာေတာ့မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေနာက္ဆုံးေတာ့ မိခင္ျဖစ္သူဟာ သားရဲ႕ ကုသိုလ္အေရးကို မတားလိုတာေၾကာင့္ ခြင့္ျပဳေပးခဲ့ေပမယ့္ အခုလို တကၠသိုလ္ေတြ တက္ေနခ်ိန္မွာေတာ့ ဘာသာစုံဂုဏ္ထူးအျပည့္နဲ႔ သူ႔သားေလးကို လြမ္းတဲ့ အေၾကာင္းကို အခုလိုပဲ ရင္ဖြင့္လာပါတယ္။
ျမင့္ျမတ္သူသို႔ တဒဂၤအလြမ္း **** တကၠသိုလ္ေက်ာင္းေတြဖြင့္ေတာ့မယ္သားေရ။သားသူငယ္ခ်င္းေတြအားလုံး ကိုယ္ဝါသနာပါရာတကၠသိုလ္အသီးသီးကိုတက္ၾကဖို႔ ျပင္ဆင္ေနၾကၿပီေပါ့။ေမေမ့သားေလးလည္း ဘဝရဲ႕တစ္ဆစ္ခ်ိဳးအေကြ႕ကို ခ်ိဳးေကြ႕မသြားခဲ့ဘူးဆိုရင္ ဟိုးအရင္သားငယ္စဥ္ကတည္းက အိပ္မက္မက္ခဲ့တဲ့ ေဆးတကၠသိုလ္ေက်ာင္းေတာ္ႀကီးကို တက္ေရာက္ပညာသင္ၾကားဖို႔အတြက္ ျပင္ဆင္ေနၿပီေပါ့ေနာ္။
သားအၿမဲေျပာတတ္တဲ့စကားေလးက“သားႀကီးလာရင္ လူသားေတြရဲ႕အသက္ကိုကယ္တင္တဲ့၊လူေတြရဲ႕ေရာဂါေဝဒနာေတြကိုသက္သာေပ်ာက္ကင္းေအာင္ကုသေပးႏိုင္တဲ့ ဆရာဝန္ႀကီးတစ္ေယာက္ျဖစ္ခ်င္တယ္ေမေမ။ျဖစ္ေအာင္လည္းသားႀကိဳးစားမယ္´´ငယ္စဥ္ကတည္းက မိဘအေပၚသိတတ္လိမၼာၿပီး အတန္းစဥ္ပညာထူးခြၽန္ဆုေတြ အၿမဲရခဲ့တဲ့သားေလးဟာ၂၀၁၉ခုႏွစ္တကၠသိုလ္ဝင္တန္းကိုလည္း ဘာသာစုံဂုဏ္ထူး(ရမွတ္၅၂၇)နဲ႔ထူးခြၽန္စြာေအာင္ျမင္ခဲ့ပါတယ္။သားျဖစ္ခ်င္တဲ့ဆရာဝန္ႀကီးလုပ္လို႔ရၿပီဆိုတဲ့အသိနဲ႔ ေအာင္စာရင္းထြက္တဲ့ေန႔က ေမေမဝမ္းသာလြန္းလို႔ မ်က္ရည္မ်ားေတာင္က်ခဲ့မိပါတယ္။
အဲဒီဝမ္းသာမ်က္ရည္ေလးေတာင္မေျခာက္ခင္မွာေပါ့ သားေျပာလာတဲ့စကားက“ေမေမ သား၁၀တန္းကိုလည္းထူးခြၽန္ေအာင္ႀကိဳးစားခဲ့ၿပီးၿပီ။ေဆးပညာသင္ယူၿပီးဆရာဝန္တစ္ေယာက္လည္းလုပ္လို႔ရၿပီ။ဒါေပမဲ့ေမေမ သားေရွ႕ဆက္ၿပီးခုလိုေလာကီပညာရပ္ေတြထက္ ေလာကုတၱရာပညာရပ္ေတြကိုပဲ သင္ယူခ်င္ေလ့လာခ်င္တယ္ေမေမ။သား သာသနာ့ေဘာင္ကိုအၿပီးဝင္ၿပီး တရားဓမၼစာေပေတြကိုပဲေလ့လာေတာ့မယ္။ သားကိုခြင့္ျပဳပါေနာ္´´ ႐ုတ္တရက္ ေမေမ့ရင္ေတြပူေလာင္သြားခဲ့တယ္သား။ တဒဂၤခနမွာ ေမေမေဆာက္တည္ရာမရ ဝမ္းနည္းပူေဆြးခဲ့ရတယ္။
၉တန္း၊၁၀တန္းမွာ မလႈိင္မိသားစုေက်ာင္းကို ပညာသြားသင္ေနတာမို႔ ႏွစ္ႏွစ္ခြဲေနခဲ့ရၿပီး ခုလိုမိသားစုစုံလင္အတူတူေန၊အတူစားၾကလို႔မွမဝေသး၊သားနဲ႔သမီးကိုေမေမ့ရင္ခြင္မွာေထြးေပြ႕ထားၿပီး ေန႔စဥ္သားမိတစ္ေတြအတူတကြအိပ္ၾကလို႔မွမဝေသး၊သားေလးႀကိဳက္တတ္တဲ့ဟင္းေတြကို မေမာတမ္းခ်က္ျပဳတ္ေကြၽးေမြးလို႔မွမဝေသး၊ႏွစ္ႏွစ္ခြဲေနခဲ့ရတဲ့သားေလးကို အရိပ္တစ္ၾကည့္ၾကည့္ ၾကည့္ေနလို႔မွမဝေသး သားေလးကေမေမတို႔ကိုထားခဲ့ၿပီး၊သံေယာဇဥ္ျဖတ္ၿပီး ေမေမ့ေမတၱာရိပ္၊ေမေမ့အိမ္ရိပ္ကေနထြက္ခြာၿပီး ေမေမတို႔နဲ႔အေဝးကိုသြားေတာ့မယ္တဲ့လား။သားကေမေမတို႔ကိုမခ်စ္ေတာ့၊မခင္တြယ္ေတာ့ဘူးတဲ့လား။
ေမေမ့အရိပ္မွာေနရတာမေပ်ာ္ေတာ့ဘူးတဲ့လား။ေဆာက္တည္ရာမရ၊ပူေလာင္မႈအေတြးေတြမ်ားစြာနဲ႔ သားေလးမသိေအာင္ေမေမငိုေနခဲ့မိတယ္။ ေမေမငိုေန၊မ်က္ရည္က်ေနမိေပမဲ့ ဟိုအရင္ကတည္းက သားဆႏၵကိုအၿမဲျဖည့္ဆည္းေပးခဲ့တဲ့ေမေမဟာ အခုလည္းသားဆႏၵကိုတားဖို႔စိတ္မကူးမိပါဘူးကြယ္။ တားလည္းမတားစေကာင္းတဲ့အရာပါ။ ေမေမ့ရင္ကေပါက္ဖြားလာတဲ့ေမေမ့သားေလးကို ခုခ်ိန္ထိကေလးေလးတစ္ေယာက္လို ထင္မွတ္ေနေသးတဲ့ေမေမဟာ တဒဂၤခန တရားလက္လြတ္ပူေဆြးမိသြားတာပါ။
တစ္ကယ္ေတာ့ေလ သားေလးရဲ႕မွန္ကန္ျမင့္ျမတ္တဲ့ဆုံးျဖတ္ခ်က္ကို ေမေမတို႔ကဝမ္းသာစြာ သာဓုေခၚခြင့္ျပဳေပးရမွာဆိုတာ ေမေမသိပါတယ္သား။ *သစ္ရိပ္၊ဝါးရိပ္ထက္ ေဆြးမ်ိဳးအရိပ္ကပိုေအးတယ္။ *ေဆြမ်ိဳးရိပ္ထက္ မိဘအရိပ္ကပိုေအးတယ္။ *မိဘရိပ္ထက္ ဆရာအရိပ္ကပိုေအးတယ္။ *ဆရာရိပ္ထက္ မင္းျမတ္အရိပ္ကပိုေအးတယ္။ *မင္းျမတ္ရိပ္ထက္ တရားအရိပ္ကပိုေအးတယ္ မဟုတ္လားသား။
ေလာကႀကီးမွာ တရားအရိပ္သာအေကာင္းမြန္ဆုံး၊အေအးျမဆုံးဆိုတာကို ေမေမသိပါတယ္သား။ ေမေမတို႔ရဲ႕ေက်နပ္ဝမ္းသာစြာခြင့္ျပဳေပးမႈေၾကာင့္ သားေလးတစ္ယာက္ ပရိယတၱိ၊ပဋိပတၱိစာေပတို႔ကို ေလ့လာသင္ယူေနတာ ခုဆိုငါးလေတာင္ၾကာခဲ့ၿပီေနာ္။ ေလာကုတၱရာစာေပေလ့လာရာမွာလည္း သားေလးအၿမဲထူးခြၽန္ေအာင္ျမင္တယ္ဆိုတာ ေမေမတို႔သိရၾကားရလို႔ အရမ္းဝမ္းသာၾကည္ႏူးရပါတယ္။ဆက္လက္ၿပီးလည္း သာသနာ့အက်ိဳးကိုဆထက္တပိုးထမ္း႐ြက္ႏိုင္တဲ့ သာသနာ့အာဇာနည္တစ္ပါးျဖစ္ပါေစလို႔ ဆုေတာင္းေမတၱာပို႔ရင္း သာသနာ့ေဘာင္ကေမေမ့သားဦးဇင္းေလးရဲ႕ပရိယတၱိ၊ပဋိပတၱိစာေပႀကိဳးစားေလ့လာသင္ယူေနမႈတို႔ကို ေမေမသာဓုအႀကိမ္ႀကိမ္ေခၚဆိုေနပါ့မယ္ေနာ္။
ဒါေပမဲ့သားေရ…..ေမေမကိုးလလြယ္ဆယ္လမွာဖြားခဲ့တဲ့သားေလးကို တစ္ခါတစ္ခါမွာ သတိရေနမိ၊လြမ္းေနမိပါတယ္ကြယ္။
ေမေမ့ရဲ႕မသိစိတ္က တစ္ခါတစ္ခါမွာ သား၉၊၁၀ေက်ာင္းတက္စဥ္ကေနခဲ့တဲ့ မိသားစုေက်ာင္းရဲ႕page၊မိသားစုေက်ာင္းသား/သူေဟာင္းမ်ားနဲ႔မိဘမ်ားရွိရာpageေတြမွာ သားေလးကိုအလြမ္းေျပ ေက်ာင္းသတင္းေတြကိုဝင္ဝင္ၾကည့္မိ၊ဟိုးအရင္ကသားေလးေက်ာင္းသားဘဝက ပုံရိပ္ေဟာင္းေလးေတြကိုရွာေဖြၾကည့္ေနမိတယ္သား။
သားေရ…..ေမေမ့သိစိတ္ကေနေတာ့ လူတစ္ရာမွာတစ္ေယာက္ေတာင္မလိုက္ႏိုင္တဲ့ လူ႔ေလာကႀကီးထဲကမ်ားျပားလွတဲ့ ေလာကီစီးစိမ္ကာမဂုဏ္ေတြကို မက္ေမာစြဲလမ္းမႈမရွိ ပယ္ျဖတ္ႏိုင္တဲ့သားေလးရဲ႕ျမင့္ျမတ္တဲ့လုပ္ရပ္ကို အၿမဲၾကည္ညိဳသာဓုေခၚေနမွာပါေနာ္။ မိဘထက္ပိုေတာ္တဲ့ အတိဇာတသားအျဖစ္ ေမေမတို႔အၿမဲဂုဏ္ယူ၊ပီတိျဖစ္ေနမွာပါသား။ ဒါေပမဲ့ေပါ့…..တစ္ခါတစ္ခါမွာေတာ့ ေမေမ့မသိစိတ္ကေန လြမ္းေနမိပါေသးတယ္သား။ တကၠသိုလ္ေက်ာင္းေတြ ဖြင့္ေတာ့မယ္သားေရ…။
(၂၀၁၉တကၠသိုလ္ဝင္တန္းကို ၆ဘာသာဂုဏ္ထူးျဖင့္ေအာင္ျမင္ၿပီး သာသနာ့ေဘာင္သို႔အၿပီးဝင္သြားေသာ သားေလးေအာင္ေကာင္းဆက္(ကိုရင္ရွင္ကိတၱိဇဝ)အား ဤစာစုေလးျဖင့္ရွိခိုးဦးတင္ဂုဏ္ျပဳလိုက္ပါသည္)( 5.11.2019 လဝန္းေသာ္တာ)
ကဲ ပရိသတ္ႀကီးေရ သာ့သနာေဘာင္ထဲက သားကို လြမ္းေပမယ့္ ကုသိုလ္အေရးမို႔ မိခင္တစ္ေယာက္ရဲ႕ အခ်စ္ဟာ သူကို ဘယ္ေလာက္အထိ ႀကီးမားတယ္ဆိုတာ အားလုံး ျမင္ေတြ႕ရေလာက္ပါၿပီေနာ္။
share from : burmese.asia
Unicode ဖြင့်ဖတ်ရန်
ဆယ်တန်း ကို ၆ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ပြီး သာသနာ့ဘောင်ကို အပြီးဝင်သွားတဲ့ သားကို လွမ်းနေတဲ့ မိခင်
ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေ ထွက်တုန်းက ကျောင်းသားလေးတစ်ယောက်ဟာ ဘာသာစုံ ဂုဏ်ထူးထွက်ခဲ့ပါတယ်သူဟာ စာကြိုးစားသလို ၊ ဉာဏ်ရည်လည်းထက်မြက်သူဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဆရာဝန်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့မိခင်ကိုယ်တိုင် မျှော်မှန်းထားသလို ပတ်ဝန်းကျင်ကလည်း ဒီလိုပဲ ထင်မှတ်နေကြပါတယ်။ ဒါပေမယ့် အားလုံးကို အံ့သြသင့်စေတာတစ်ခု ကို သူတို့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့တာကတော့ သားဖြစ်သူ ဂုဏ်ထူးအပြည့်နဲ့ အောင်ပေမယ့် ကျောင်းဆက်မတက်တော့ပဲသာ့သနာ့ဘောင်ကို အပြီးတိုင်ဝင်ပြီးတော့ မြတ်ဘုရားရဲ့ သာသနာမှာ တရားဓမ္မတွေကိုပဲ လေ့လာတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးတော့ မိခင်ဖြစ်သူဟာ သားရဲ့ ကုသိုလ်အရေးကို မတားလိုတာကြောင့် ခွင့်ပြုပေးခဲ့ပေမယ့် အခုလို တက္ကသိုလ်တွေ တက်နေချိန်မှာတော့ ဘာသာစုံဂုဏ်ထူးအပြည့်နဲ့ သူ့သားလေးကို လွမ်းတဲ့ အကြောင်းကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။
မြင့်မြတ်သူသို့ တဒင်္ဂအလွမ်း **** တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။သားသူငယ်ချင်းတွေအားလုံး ကိုယ်ဝါသနာပါရာတက္ကသိုလ်အသီးသီးကိုတက်ကြဖို့ ပြင်ဆင်နေကြပြီပေါ့။မေမေ့သားလေးလည်း ဘဝရဲ့တစ်ဆစ်ချိုးအကွေ့ကို ချိုးကွေ့မသွားခဲ့ဘူးဆိုရင် ဟိုးအရင်သားငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းတော်ကြီးကို တက်ရောက်ပညာသင်ကြားဖို့အတွက် ပြင်ဆင်နေပြီပေါ့နော်။
သားအမြဲပြောတတ်တဲ့စကားလေးက“သားကြီးလာရင် လူသားတွေရဲ့အသက်ကိုကယ်တင်တဲ့၊လူတွေရဲ့ရောဂါဝေဒနာတွေကိုသက်သာပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ်မေမေ။ဖြစ်အောင်လည်းသားကြိုးစားမယ်´´ငယ်စဉ်ကတည်းက မိဘအပေါ်သိတတ်လိမ္မာပြီး အတန်းစဉ်ပညာထူးချွန်ဆုတွေ အမြဲရခဲ့တဲ့သားလေးဟာ၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်တန်းကိုလည်း ဘာသာစုံဂုဏ်ထူး(ရမှတ်၅၂၇)နဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။သားဖြစ်ချင်တဲ့ဆရာဝန်ကြီးလုပ်လို့ရပြီဆိုတဲ့အသိနဲ့ အောင်စာရင်းထွက်တဲ့နေ့က မေမေဝမ်းသာလွန်းလို့ မျက်ရည်များတောင်ကျခဲ့မိပါတယ်။
အဲဒီဝမ်းသာမျက်ရည်လေးတောင်မခြောက်ခင်မှာပေါ့ သားပြောလာတဲ့စကားက“မေမေ သား၁၀တန်းကိုလည်းထူးချွန်အောင်ကြိုးစားခဲ့ပြီးပြီ။ဆေးပညာသင်ယူပြီးဆရာဝန်တစ်ယောက်လည်းလုပ်လို့ရပြီ။ဒါပေမဲ့မေမေ သားရှေ့ဆက်ပြီးခုလိုလောကီပညာရပ်တွေထက် လောကုတ္တရာပညာရပ်တွေကိုပဲ သင်ယူချင်လေ့လာချင်တယ်မေမေ။သား သာသနာ့ဘောင်ကိုအပြီးဝင်ပြီး တရားဓမ္မစာပေတွေကိုပဲလေ့လာတော့မယ်။ သားကိုခွင့်ပြုပါနော်´´ ရုတ်တရက် မေမေ့ရင်တွေပူလောင်သွားခဲ့တယ်သား။ တဒင်္ဂခနမှာ မေမေဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးခဲ့ရတယ်။
၉တန်း၊၁၀တန်းမှာ မလှိုင်မိသားစုကျောင်းကို ပညာသွားသင်နေတာမို့ နှစ်နှစ်ခွဲနေခဲ့ရပြီး ခုလိုမိသားစုစုံလင်အတူတူနေ၊အတူစားကြလို့မှမဝသေး၊သားနဲ့သမီးကိုမေမေ့ရင်ခွင်မှာထွေးပွေ့ထားပြီး နေ့စဉ်သားမိတစ်တွေအတူတကွအိပ်ကြလို့မှမဝသေး၊သားလေးကြိုက်တတ်တဲ့ဟင်းတွေကို မမောတမ်းချက်ပြုတ်ကျွေးမွေးလို့မှမဝသေး၊နှစ်နှစ်ခွဲနေခဲ့ရတဲ့သားလေးကို အရိပ်တစ်ကြည့်ကြည့် ကြည့်နေလို့မှမဝသေး သားလေးကမေမေတို့ကိုထားခဲ့ပြီး၊သံယောဇဉ်ဖြတ်ပြီး မေမေ့မေတ္တာရိပ်၊မေမေ့အိမ်ရိပ်ကနေထွက်ခွာပြီး မေမေတို့နဲ့အဝေးကိုသွားတော့မယ်တဲ့လား။သားကမေမေတို့ကိုမချစ်တော့၊မခင်တွယ်တော့ဘူးတဲ့လား။
မေမေ့အရိပ်မှာနေရတာမပျော်တော့ဘူးတဲ့လား။ဆောက်တည်ရာမရ၊ပူလောင်မှုအတွေးတွေများစွာနဲ့ သားလေးမသိအောင်မေမေငိုနေခဲ့မိတယ်။ မေမေငိုနေ၊မျက်ရည်ကျနေမိပေမဲ့ ဟိုအရင်ကတည်းက သားဆန္ဒကိုအမြဲဖြည့်ဆည်းပေးခဲ့တဲ့မေမေဟာ အခုလည်းသားဆန္ဒကိုတားဖို့စိတ်မကူးမိပါဘူးကွယ်။ တားလည်းမတားစကောင်းတဲ့အရာပါ။ မေမေ့ရင်ကပေါက်ဖွားလာတဲ့မေမေ့သားလေးကို ခုချိန်ထိကလေးလေးတစ်ယောက်လို ထင်မှတ်နေသေးတဲ့မေမေဟာ တဒင်္ဂခန တရားလက်လွတ်ပူဆွေးမိသွားတာပါ။
တစ်ကယ်တော့လေ သားလေးရဲ့မှန်ကန်မြင့်မြတ်တဲ့ဆုံးဖြတ်ချက်ကို မေမေတို့ကဝမ်းသာစွာ သာဓုခေါ်ခွင့်ပြုပေးရမှာဆိုတာ မေမေသိပါတယ်သား။ *သစ်ရိပ်၊ဝါးရိပ်ထက် ဆွေးမျိုးအရိပ်ကပိုအေးတယ်။ *ဆွေမျိုးရိပ်ထက် မိဘအရိပ်ကပိုအေးတယ်။ *မိဘရိပ်ထက် ဆရာအရိပ်ကပိုအေးတယ်။ *ဆရာရိပ်ထက် မင်းမြတ်အရိပ်ကပိုအေးတယ်။ *မင်းမြတ်ရိပ်ထက် တရားအရိပ်ကပိုအေးတယ် မဟုတ်လားသား။
လောကကြီးမှာ တရားအရိပ်သာအကောင်းမွန်ဆုံး၊အအေးမြဆုံးဆိုတာကို မေမေသိပါတယ်သား။ မေမေတို့ရဲ့ကျေနပ်ဝမ်းသာစွာခွင့်ပြုပေးမှုကြောင့် သားလေးတစ်ယာက် ပရိယတ္တိ၊ပဋိပတ္တိစာပေတို့ကို လေ့လာသင်ယူနေတာ ခုဆိုငါးလတောင်ကြာခဲ့ပြီနော်။ လောကုတ္တရာစာပေလေ့လာရာမှာလည်း သားလေးအမြဲထူးချွန်အောင်မြင်တယ်ဆိုတာ မေမေတို့သိရကြားရလို့ အရမ်းဝမ်းသာကြည်နူးရပါတယ်။ဆက်လက်ပြီးလည်း သာသနာ့အကျိုးကိုဆထက်တပိုးထမ်းရွက်နိုင်တဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း သာသနာ့ဘောင်ကမေမေ့သားဦးဇင်းလေးရဲ့ပရိယတ္တိ၊ပဋိပတ္တိစာပေကြိုးစားလေ့လာသင်ယူနေမှုတို့ကို မေမေသာဓုအကြိမ်ကြိမ်ခေါ်ဆိုနေပါ့မယ်နော်။
ဒါပေမဲ့သားရေ…..မေမေကိုးလလွယ်ဆယ်လမှာဖွားခဲ့တဲ့သားလေးကို တစ်ခါတစ်ခါမှာ သတိရနေမိ၊လွမ်းနေမိပါတယ်ကွယ်။
မေမေ့ရဲ့မသိစိတ်က တစ်ခါတစ်ခါမှာ သား၉၊၁၀ကျောင်းတက်စဉ်ကနေခဲ့တဲ့ မိသားစုကျောင်းရဲ့page၊မိသားစုကျောင်းသား/သူဟောင်းများနဲ့မိဘများရှိရာpageတွေမှာ သားလေးကိုအလွမ်းပြေ ကျောင်းသတင်းတွေကိုဝင်ဝင်ကြည့်မိ၊ဟိုးအရင်ကသားလေးကျောင်းသားဘဝက ပုံရိပ်ဟောင်းလေးတွေကိုရှာဖွေကြည့်နေမိတယ်သား။
သားရေ…..မေမေ့သိစိတ်ကနေတော့ လူတစ်ရာမှာတစ်ယောက်တောင်မလိုက်နိုင်တဲ့ လူ့လောကကြီးထဲကများပြားလှတဲ့ လောကီစီးစိမ်ကာမဂုဏ်တွေကို မက်မောစွဲလမ်းမှုမရှိ ပယ်ဖြတ်နိုင်တဲ့သားလေးရဲ့မြင့်မြတ်တဲ့လုပ်ရပ်ကို အမြဲကြည်ညိုသာဓုခေါ်နေမှာပါနော်။ မိဘထက်ပိုတော်တဲ့ အတိဇာတသားအဖြစ် မေမေတို့အမြဲဂုဏ်ယူ၊ပီတိဖြစ်နေမှာပါသား။ ဒါပေမဲ့ပေါ့…..တစ်ခါတစ်ခါမှာတော့ မေမေ့မသိစိတ်ကနေ လွမ်းနေမိပါသေးတယ်သား။ တက္ကသိုလ်ကျောင်းတွေ ဖွင့်တော့မယ်သားရေ…။
(၂၀၁၉တက္ကသိုလ်ဝင်တန်းကို ၆ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး သာသနာ့ဘောင်သို့အပြီးဝင်သွားသော သားလေးအောင်ကောင်းဆက်(ကိုရင်ရှင်ကိတ္တိဇဝ)အား ဤစာစုလေးဖြင့်ရှိခိုးဦးတင်ဂုဏ်ပြုလိုက်ပါသည်)( 5.11.2019 လဝန်းသော်တာ)
ကဲ ပရိသတ်ကြီးရေ သာ့သနာဘောင်ထဲက သားကို လွမ်းပေမယ့် ကုသိုလ်အရေးမို့ မိခင်တစ်ယောက်ရဲ့ အချစ်ဟာ သူကို ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ အားလုံး မြင်တွေ့ရလောက်ပါပြီနော်။
share from : burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon