Zawgyi ျဖင့္ဖတ္ရန္
ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္”(Bulbul)ဟာ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံ ဘက္ကို ဦးတည္ေ႐ြ႕လ်ားမယ့္ အေျခအေနမရွိေသးလို႔ အဝါေရာင္အဆင့္သတ္မွတ္ထားတယ္လို႔ မိုးဇလဌာနက ထုတ္ျပန္ပါတယ္။
ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းနဲ႔ ဆက္စပ္ေနတဲ့ ဘဂၤလားပင္လယ္ေအာ္အေရွ႕ ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)ဟာ ေနာက္ ၂၄ နာရီအတြင္း အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္သို႔ ေရာက္ရွိႏိုင္ၿပီး ေျမာက္-အေနာက္ေျမာက္ ဘက္သို႔ ေ႐ြ႕လ်ားမယ္လို႔ မိုးဇလက ခန႔္မွန္းထားပါတယ္။
မုန္တိုင္းဟာ အိႏၵိယႏိုင္ငံ၊ မာယာဘန္ဒါၿမိဳ႕၊ ကပၸလီကြၽန္း အေနာက္-အေနာက္ေျမာက္ဘက္ ေရမိုင္ ၂၂၀ မိုင္ခန႔္၊ ပါရာဒစ္ပ္ၿမိဳ႕၊ ဩရိႆရဲ႕ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္ ၄၀၅ မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ပုသိမ္ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၅၅ မိုင္ခန႔္နဲ႔ ဂြၿမိဳ႕ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၇၀ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါတယ္။
ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္”ဟာ ျမန္မာစံေတာ္ခ်ိန္ ၈ နာရီခြဲမွာ ေျမာက္လတၱီက်ဳ ၁၄.၀ ဒီဂရီနဲ႔ အေရွ႕ေလာင္ဂ်ီက်ဳ ၈၉.၃ ဒီဂရီမွာရွိေနၿပီး ဗဟိုခ်က္ေလဖိအား ၉၉၈ ဟက္တိုပါစကယ္နဲ႔ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီကို ၄၅ မိုင္ႏႈန္းျဖစ္တယ္လို႔ မိုးဇလ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
ဆိုင္ကလုန္းမုန္တိုင္း အရွိန္ေၾကာင့္ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးနဲ႔ ရခိုင္ျပည္နယ္မွာ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္း ေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္မွာ ေနရာက်ဲက်ဲနဲ႔ စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္မွာ ေနရာ ကြက္က်ား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ မေကြးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္း ေဒသႀကီးနဲ႔ ရခိုင္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ ဆိုပါတယ္။
ျမန္မာ့ကမ္း႐ိုးတန္းတေလ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ေလျပင္းေတြ က်ေရာက္ လႈိင္းႀကီးႏိုင္ၿပီး မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလဟာ တနာရီကို မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ကာ လႈိင္းအျမင့္မွာ (၈)ေပမွ (၁၂)ေပခန္႔ ရွိႏိုင္တယ္လို႔ မိုးဇလက ခန္႔မွန္း ပါတယ္။
မုန္တိုင္းေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတေလ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္ေတြ၊ သေဘၤာေတြ ႀကိဳတင္ သတိျပဳၾကဖို႔လည္း အသိေပးႏႈိးေဆာ္ထားပါတယ္။
share from : xyznews
Unicode ဖြင့်ဖတ်ရန်
ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” ၏ နောက်ဆုံးရ အခြေအနေ ၊ အဝါရောင်အဆင့်သတ်မှတ်
ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်”(Bulbul)ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့၊ ကပ္ပလီကျွန်း အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်၊ ပါရာဒစ်ပ်မြို့၊ ဩရိဿရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်နဲ့ ဂွမြို့ အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်”ဟာ မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ မြောက်လတ္တီကျု ၁၄.၀ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၉.၃ ဒီဂရီမှာရှိနေပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို ၄၅ မိုင်နှုန်းဖြစ်တယ်လို့ မိုးဇလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ပါတယ်။
မုန်တိုင်းကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင် သတိပြုကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
share from : xyznews
Sign up here with your email
ConversionConversion EmoticonEmoticon