ရှယ်ဗရွန်၏ မြန်မာဓာတ်ငွေ့လုပ်ကွက်များ ရောင်းချမှုနောက်ကွယ်မှာ


မြန်မာနိုင်ငံမှာရှိသည့် အမေရိကန်ဒေါ်လာ ၁ဒသမ၃ ဘီလီယံ (ကျပ်သန်း ၁,၃၀၀) တန်ဖိုးရှိသော သဘာဝဓာတ်ငွေ့လုပ်ကွက်ကြီး တစ်ခုလုံးကို ရောင်းချရန် အမေ ရိကန်စွမ်းအင်ကုမ္ပဏီကြီးဖြစ် သော ရှယ်ဗရွန်က ကမ်းလှမ်းနေ သည်ဟု ရိုက်တာသတင်းဌာနက ယခုသီတင်းပတ်အစောပိုင်း၌ သီးသန့်သတင်းဖော်ပြခဲ့သည်။ ထိုကဲ့ သို့ ရောင်းချရန် ရှယ်ဗရွန်သည် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ဘဏ် တစ်ခုနှင့် စတင်ဆောင်ရွက်နေပြီ ဟုလည်း သတင်းများထွက်ပေါ် နေသည်။

သည်အရောင်းအ၀ယ်သာ ဖြစ်မြောက်ခဲ့ပါက မြန်မာလုပ်ငန်းပိုင်ဆိုင်မှုများနှင့် ပတ်သက်နေ သည့် အကြီးမားဆုံးရောင်းချမှု ဖြစ်ပါလိမ့်မည်။ ၂၀၀၅ က စင်ကာပူစီးဗျူးဟိုတယ်ကုမ္ပဏီ၏ အမေရိ ကန်ဒေါ်လာ သန်းတစ်ထောင် တန်ဖိုးရှိသော ဟိုတယ်ပိုင်ဆိုင်မှု ၀ယ်ယူခြင်းကို စံချိန်ချိုးသွားမည် ဖြစ်သည်။

သည်ရောင်းချမှုသည် မြန် မာမှာ အနာဂတ်ရောင်းဝယ်မှု သဘောတူညီချက်များအတွက် ယေဘုယျအနေအထားတစ်ခုကို ဖော်ဆောင်နိုင်ပြီး NLD ဦးဆောင် သော ဒီမိုကရေစီအစိုးရသစ်လက် ထက်မှာ နိုင်ငံသည် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုလမ်းပွင့်လာ သည်ဟု အကဲခတ်လေ့လာသူ များက ယူဆပြောကြားကြသည်။ ယခုလို အခြေအနေမျိုးတွင် သည်ရောင်းချမှုသည် အစိုးရအဖွဲ့အ စည်းများနှင့် ရင်းနှီးမြှုပ်နှံသည့် ကော်ပိုရေးရှင်းများ၏ အနီးကပ် စောင့်ကြည့်မှုကို ခံရပါလိမ့်မည်။

ဝယ်ယူရနိုင်မည့် ရှယ်ဗရွန် ၏ ပိုင်ဆိုင်မှုများအတွက် ရတနာ နှင့် စိန်သဘာဝဓာတ်ငွေ့တွင်း များမှ ၂၈ဒသမ၃ ရာခိုင်နှုန်းပိုင် ဆိုင်မှုနှင့် ရခိုင်ဒေသ A5 လုပ် ကွက်တူးဖော်မှုက ၉၉ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်မှုများပါဝင်သည်။

သည်လုပ်ကွက်များသည် ရှယ်ဗရွန်အတွက် အဓိကအချက် အချာပိုင်ဆိုင်မှုများမဟုတ်ဟု သတ်မှတ်ထားသော လုပ်ကွက် များ ဖြစ်သည်။ ၀ယ်သူများအနေ ဖြင့် သည်လုပ်ကွက်သုံးခုစလုံးကို အတူတကွဝယ်ယူရန် စိတ်ဝင်စား လိမ့်မည်ဟု နီးစပ်သူများက ပြော ကြားသည်။

မြန်မာကနေ ရှယ်ဗရွန်က ပိုင်ဆိုင်မှုများရုပ်သိမ်းရန်လုပ် ဆောင်မှုသည် မြန်မာနိုင်ငံ၏ စီး ပွားရေးအလားအလာအားနည်း သည်ဟု ပြယုဂ်မဟုတ်ပါ။ ရေနံ ဈေးနှုန်းများ တဖြည်းဖြည်းကျ ဆင်းနေသည့်ကာလမှာ အဓိက မဟုတ်သည့် လုပ်ငန်းပိုင်ဆိုင်မှု များကနေ ငွေပြန်ထုတ်ပြီး သူတို့ ကုမ္ပဏီ၏ အရန်ငွေတိုးပွားလာ အောင် ရောင်းချခြင်းဟုသာ နား လည်သဘောပေါက်နိုင်သည်။

၂၀၁၄ ဇွန်လကစပြီး ဘရမ့် ရေနံစိမ်းဈေးနှုန်းသည် ၆၀ ရာခိုင် နှုန်းကျော်ကျဆင်းခဲ့၏။ အိုပက် ခေါ် ရေနံထုတ်လုပ်ရောင်းချသည့် နိုင်ငံများအဖွဲ့၏ ရေနံထုတ်လုပ်မှု ကို ရပ်တန့်ပြီး ရေနံပိုလျှံထုတ်လုပ်နေမှုကို ထက်ဝက်လျော့ချမည့် သဘောတူညီချက်သည် အောင် မြင်မှုမရခဲ့ပါ။ ထို့ကြောင့် ကျဆင်းနေသော ဈေးနှုန်းများသည် မကြာ မီပြန်တက်လာနိုင်သည့် အလား အလာမရှိချေ။

ကျယ်ကျယ်ပြန့်ပြန့်ဆိုရ လျှင် ရှယ်ဗရွန်၏ မြန်မာပြည်က လုပ်ကွက်များရောင်းချမှုသည် ငွေ အတွက် ပိုင်ဆိုင်မှုများကို ရောင်း ချပြီး အလျော်အစားကြီးသည့် စွမ်းအင်တူးဖော်မှုလုပ်ငန်းများကို ဇောက်ချလုပ်ကိုင်မည့် ကုမ္ပဏီ၏ မဟာဗျူဟာကို တွေ့နိုင်ပါသည်။ ၂၀၁၆ ဧပြီလအစောပိုင်းတွင် ရှယ်ဗရွန်သည် ဒေါ်လာသန်းသုံး ထောင်တန်ဖိုးရှိ ဖိလစ်ပိုင်နှင့် အင် ဒိုနီးရှားရှိ ဂျီအိုသာမဲလ်ခေါ် မြေ ကြီးအပူစွမ်းအင်သုံး စွမ်းအင်လုပ် ကွက်များကိုလည်း ရောင်းချဖို့ လုပ်ခဲ့သည်။

ထိုလုပ်ကွက်များကို ၀ယ်ယူ ရန် ဂျပန်မာရူဘန်နီ၊ တရုတ်အစိုးရရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း မလေးရှား၊ ဖိလစ်ပိုင်နှင့် ပြင်သစ် ကုမ္ပဏီများက စိတ်ဝင်စားကြ ကြောင်း ရောင်းချရန် စီမံခန့်ခွဲသည့်စီတီဂရု(ပ)ကုမ္ပဏီက တွေ့ရှိ ခဲ့သည်။ မကြာသေးခင်နှစ်များ တွင် ရှယ်ဗရွန်သည် သြစတြေးလျရေနံကုမ္ပဏီဖြစ်သည့် Caltex Australia မှ သူ၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ရောင်းဖို့ ကြိုးစားခဲ့ သလို အမေရိကန်ဟာဝိုင်အီက လုပ်ငန်းပိုင်ဆိုင်မှုများကိုလည်း ရောင်းရန် ကြိုးစားခဲ့သည်။

ရေနံဈေးကွက်အခြေအနေ မလှသော်လည်း မြန်မာနိုင်ငံက ရေနံလုပ်ငန်းများမှာ စွဲမက်စရာ ကောင်းနေတုန်းပင်။ မြန်မာ၏ တရုတ်၊ ထိုင်းစသော ပြည်ပဈေး ကွက်များကြောင့် ချည်းသာမဟုတ်၊ အားကောင်းလာသော ပြည်တွင်း ဈေးကွက်ကြောင့်လည်း ပါသည် ဟု စွမ်းအင်ဆိုင်ရာအကြံပေးလုပ် ငန်း ၀ုဒ်မက်ကန်ဇီ၏ စင်ကာပူ အခြေစိုက်ကျွမ်းကျင်သူ အေဒရီ ယန်ပူး၏ အဆိုအရ သိရသည်။ သြစတြေးလျ Woodside ရေနံ လုပ်ငန်း၊ ထိုင်း PTT ၊ ဂျပန်နှင့် တရုတ်ကုမ္ပဏီများသည် မြန်မာ လုပ်ကွက်များကို ၀ယ်ယူမည့် အ လားအလာရှိသူစာရင်းမှာ ပါဝင် နိုင်ဖွယ်ရှိ၏။

မြန်မာနိုင်ငံမှာ စွမ်းအင်တူး ဖော်ရှာဖွေမှုလုပ်ကွက် ၂၀ ရာခိုင် နှုန်းရှိပြီးသား Woodside ရေနံ လုပ်ငန်းသည် ရခိုင်ရှယ်ဗရွန်၏ A-5 လုပ်ကွက်၏ အနီး A-6 လုပ်ကွက်မှာ မကြာသေးခင်က ဓာတ် ငွေ့များတူးဖော်တွေ့ရှိထားသည်။ ထို့ကြောင့် သူ့၏ အနေအထားကို အားဖြည့်ချဲ့ထွင်ရန် စိတ်ဝင်စား နိုင်ပါသည်။

ထိုင်းနိုင်ငံက စွမ်းအင်စက်ရုံ များသည် သူတို့၏ စွမ်းအင်ကို ပြင်သစ်ကုမ္ပဏီ Total SA လုပ်ကိုင် နေသည့် မြန်မာက ရတနာနှင့် စိန်ဓာတ်ငွေ့တွင်းများမှရယူနေရသ ဖြင့် သူတို့ကလည်း သည်လုပ် ကွက်၏ လုပ်ပိုင်ခွင့်ရရန် စိတ်ဝင် စားနိုင်ပါသည်။ ဂျပန်များအတွက်သည်ငွေရင်းငွေနှီးသည် သိပ်ဈေး မများသည့်အတွက် သူတို့က လည်း စွမ်းအင်ဖူလုံရေးအတွက် ၀ယ်နိုင်ပါသည်။ တရုတ်နိုင်ငံမှာ လိုအပ်ချက်မများခြင်း၊ စီးပွားရေး နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချ မှုများကို နှေးကွေးစေသည့် အ ကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ် ဆေးမှုများအပါအ၀င် အကြောင်း အမျိုးမျိုးကြောင့် တရုတ်ကုမ္ပဏီ များက ရင်းနှီးမြှုပ်နှံရန် တုံ့ဆိုင်း နေမည်ဟု တချို့က ပြောပါသည်။ယေဘုယျအားဖြင့် မကြာသေးခင်နှစ်များအတွင်း တရုတ်ကုမ္ပဏီ များသည် ပိုရွေးချယ်လာကြပြီး အချက်အချာလုပ်ငန်းကြီးများကို သာ သူတို့က လုပ်ကိုင်ချင်ကြသည်။

မည်သို့ပင်ဖြစ်စေ ရှယ်ဗရွန် ၏ ပွဲဆူစေသည့် ရောင်းချမှုကို ဒေသတွင်းက စွမ်းအင်နှင့် ဆက် စပ်နေသည့် လုပ်ငန်းများအပေါ် စိတ်အားထက်သန်စွာပြောဆိုမှု များဖြစ်စေသည့် စီးပွားရေးစိတ် အားထက်သန်မှ အပြုသဘော လက္ခဏာအဖြစ် မြင်နေကြပြီဖြစ် ၏။ တချို့ကမူ သည်ကိစ္စကနေ NLD အစိုးရသစ်ကို နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်ပြေစေမည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တွန်းအားပေးမှု ဖြစ်လိမ့်မည်ဟု မျှော်လင့်နေကြ သည်။ သို့သော် ဖြစ်လာမလားဆို သည်ကိုတော့ စောင့်ကြည့်ရဦး မည်။

The Diplomat တွင် ဖော်ပြထား သည့် Rui Hao Puah ၏ What's Behind Chevron's Giant Mya-nmar Gas Sale? ကို ထားထားမြင့်က ဘာသာပြန်ထားပါသည်။

ထားထားမြင့် - 7day
Previous
Next Post »
Powered by Blogger.