မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ဘာသာရေး၊ လူမျိုးရေး ခွဲခြားဖိနှိပ်မှုများ အတွက် အစွန်းရောက်လုပ်ရပ်များကို ကန့်ကွက်သည့် လူငယ်များက မျက်နှာဖုံးစွပ်ကာ ကန့်ကွက်ဆန္ဒပြမှု ယနေ့ (ဧပြီ ၂၅) ညနေပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင်ပြုလုပ်ခဲ့သည် ။
၂၀၁၂ ခုနှစ်နောက်ပိုင်း တောက်လောင်လာသည့် ဘာသာရေး လူမျိုးရေး ရှို့မီးသည် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်အမြောက်အမြားကို ဖျက်ဆီးခဲ့ရုံမက ပြည်သူတစ်ဦးချင်း၏ လွတ်လပ်ငြိမ်းချမ်းစွာရှင်သန်နေထိုင်ခွင့်ကိုပါ ခြိမ်းခြောက်ထိပါးခဲ့သောကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း အဆိုပါလူငယ်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။
နှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံစေတီတော်တွင် ဘာသာခြားလူမျိုးခြားဈေးသည်အပေါ် ရိုက်နှက်လုယက်ခဲ့သည့် ရာဇ၀တ်မှုကို အရေးယူရန်နှောင့်နှေးနေသည့် တရားစီရင်ရေးစနစ်ကိုလည်း ထောက်ပြပြောဆိုခဲ့ပြီး မတရားမှုဖြစ်ပွားသောနေရာတိုင်းတွင် ၀ိုင်းဝန်းတားဆီးပေးကြရန် လူငယ်များက တောင်းဆိုခဲ့ကြသည် ။
ဓာတ်ပုံ-စိုင်းဇော် / 7day
Sign up here with your email
ConversionConversion EmoticonEmoticon