မော့ဆက်ဖွန် ဆီကာတဲ့။ ထိုအဖွဲ့ မှ ၁၁ ဒသမ ၅ သန်းမျှရှိသည့် စာရွက်စာတမ်း များ ပေါက်ကြား သောအခါ ကမ္ဘာ တစ်ဝန်းလုံး ရှိ သတင်းစာ များ၏ သတင်းထူး သတင်း ဦး ဖြစ်လာသည်။ မည်သို့ မည်ပုံ ပေါက်ကြားလာသည်၊ စာရွက်စာ တမ်းပါ အချက်များမှာ ဘယ်လောက် ထိမှန်သည် မှားသည်များကို မည် သူမှ တိတိကျကျမပြောနိုင်။ မည် သို့ဆိုစေငြင်းချက် ထုတ်ခြင်း၊ ဝေဖန် ခြင်း များဖြင့် တလောကလုံး ဆူညံ ပွက်ထနေ၏။
မော့ဆက်ဖွန် ဆီကာသည် ပင်လယ်ရပ်ခြား တိုင်းတစ်ပါးမှ စီရင်ခွင့် အာဏာပိုင် အဖွဲ့အစည်း များနှင့် ဆက်နွှယ်သော လုပ်ငန်း ရှင်များ ကို အထောက်အကူ ပြုရန် သီးသန့် ဖွဲ့ထားသော အုပ်စုဖြစ် သည်။ အိုင်စီအိုင်ဂျေ၏ စာအရ လုပ်ငန်း သက်တမ်းကပင် အနှစ်သုံး ဆယ် ရှိပြီ။ နိုင်ငံများနှင့် အကြမ်း ဖက် အဖွဲ့အစည်းပေါင်း ၂ဝဝ အတွက် ကမ်းလွန်ကုမ္ပဏီ ၂၄ဝဝဝဝ ကျော် တည်ထောင်ထား၏။ မော့ ဆက်ဖွန် ဆီကာကို ပင်လယ်ရပ်ခြား တိုင်းတပါးရှိ အလျှို့ဝှက်ဆုံးနှင့် ကမ္ဘာ့ အကြီးဆုံး လက်ကားလုပ် ငန်းအုပ်စုကြီးအဖြစ် ဖော်ညွှန်း ထား သည်။ တစ်ကမ္ဘာလုံးတွင် ရုံးခွဲ ၄ဝ ခန့် ဖွင့်ထား၏။ အများစုက တရုတ် ပြည်မကြီးတွင် တည်ထား ပြီးအခြား ရုံးခွဲ များမှာ ဥရော ပ ကော်မရှင်က အခွန်တိမ်းရှောင် လွယ်သည့် ကောင်းကင်ဘုံ အဖြစ် တင်စားထားသော တိုင်းပြည်များ နှင့်ဒေသ များတွင်ဖြစ်သည်။
ဘဟား မားလို၊ ဗြိတိသျှဗားဂျင်း ကျွန်းစု လို၊ ဆီဆယ်လတ်စ်နှင့် အန်ဂူလီ လာတို့လိုနေရာ များဖြစ်၏။ ရာမွန် ဖွန်ဆီကာ သည် ထိုအဖွဲ့ကို ပူးတွဲ တည်ထောင်သူ တစ်ဦးဖြစ်၏။ အဖွဲ့ အကြောင်းနှင့် ပတ်သက်၍ ပုံနှိပ် ထုတ်ဝေခဲ့သည့် သတင်း အချက် အလက် များ မှားယွင်း ခဲ့ကြောင်း သူက စီအင်အင်ကို ပြောပြ၏။ အစီရင်ခံစာ တစ်ခုတွင် အဖွဲ့အနေ ဖြင့် မည်သို့သော အမှားအယွင်း မှ မလုပ်ခဲ့ကြောင်း၊ သတင်း ပို့ချက် များကသာ နိုင်ငံခြား တိုင်းပြည် တစ်ပြည်၏ ဘဏ္ဍာရေးကို ရှုပ်ထွေး အောင် ဖန်တီးခဲ့ လိမ့်မည် ဖြစ် ကြောင်း ဆိုခဲ့သည်။ စီအင်အင် ၏ ဖော်ထုတ်ချက် တစ်ခုအရ သတင်းများ၌ ဖော်ပြထားသည့် လူများ၏ အမည်များမှာ ထိုအဖွဲ့၏ ဖောက် သည် များဖြစ်ခြင်း ဆိုသည် ကို ထို အဖွဲ့က ငြင်းဆန်ခဲ့သည်။
နောက်ဆုံး အခြေအနေက တော့ ရှုပ်ထွေးနေသည်။ လွန်ခဲ့သည့် တစ်ပတ်ကျော်တွင် ငွေကြေး ပွဲစားလို နေရာတွင် ယူထား သည့် မော့ ဆက် ဖွန်ဆီကာကို အင်္ဂလန် နိုင်ငံရှိဘဏ်ကြီး များနှင့် အခြားငွေ ရေးကြေးရေး အဖွဲ့များက အဆက် အသွယ် ရပ်ထားကြောင်း ထုတ် ပြောခဲ့သည်။ မြောက်မြား လှသော ဘဏ်ကြီး များက တိုင်း တစ်ပါးတွင် လျှို့ဝှက်စွာ သိမ်းဆည်း ထား လိုသော ငွေများ အတွက် သူတို့ ၏ဖောက်သည် များကို တရားမဝင် အကူအညီပေး နေကြောင်း အစီရင်ခံစာ တစ်စောင် တွင်ဖော်ပြထားသည်။ ယူဘီအက်စ်၊ ကရက်ဒစ် ဆူဆီနှင့် အိပ်ခ်ျအက်စ် ဘီစီလို ဘဏ်ကြီးတွေပါသည်။ ယင်းအစီရင်ခံစာမှာ စေ့စပ်ညှိနှိုင်း ရေး သမား ပွဲစားများ၏ တောင်းဆို မှုများကြောင့် ပေါ်လာခြင်းဖြစ် သည်။ ငွေမည်း များကို တရားမဝင် ခဝါချခြင်း မလုပ်ကြောင်း အင်္ဂါနေ့ တွင် ဘဏ်ကြီး များက ငြင်းဆန်ခဲ့ ကြသည်။
အမေရိကန် ပြည်ထောင်စု တွင် လပ်စ်ဗေးဂတ်စ် အခြေစိုက် ကုမ္ပဏီခွဲ များဖြစ်သည့် အမ်ဖက် ဝန်ဆောင်မှု အဖွဲ့အုပ်စုကြီး များမှ တစ် ဆင့် ကုမ္ပဏီ စုစုပေါင်းတစ် ထောင်ကျော် ဖန်တီးပေးရာ၌ ဥပဒေ အဖွဲ့အစည်းများက အကူ အညီပေးခဲ့ကြောင်း လုပ်ငန်း မှတ်ပုံ တင် ထား သည့် စာရွက် စာတမ်းများ တွင်တွေ့ရသည်။ အိုက်စ်လန်နိုင်ငံ သည် မိမိတို့ မှတ်ထင်ထားသည် ထက် ပိုမို စိတ်ဝင် စားစရာကောင်း နေသည်။ အိုက်စ်လန်နိုင်ငံတွင် အိုင်စီအိုင်ဂျေ အစီရင်ခံစာပုံနှိပ် ထုတ်ဝေခြင်းကြောင့် အစိုးရ ၏ပြဿနာကို မီးမောင်း ထိုးပြသလို ဖြစ်၍ အင်္ဂါနေ့၌ ဝန်ကြီးချုပ် ဆစ် မန်ဒါဒေးဗစ်ဂန်း လူးဆန်အား နုတ် ထွက်သွားဖို့ ဖိအားပေးခြင်းခံနေ ရ၏။ အိုက်စ်လန်နိုင်ငံ ၏ဘဏ် စနစ် တစ်စစီပြိုကွဲသွား၏။

အမှန် တော့ ဆကင်ဒီနေဗီယမ်း ညီအစ် ကို တစ်ဝမ်းကွဲတွေလို အိုက်စ်လန် နိုင်ငံသားများသည် ရိုးသားကြ၏။ ကိုယ်နှုတ် အမူအရာ ယဉ်ကျေးကြ ၏။ ထို့ပြင်သစ္စာရှိ၍ စိတ်ချယုံ ကြည်နိုင်၏။ ထို အနေအထား ကြောင့် သာယာ လှပ မှုနှင့် ထင်ပေါ် ကျော်ကြားမှု တို့ကို ယခုအချိန်အ ထိ တစ်စုံတစ်ရာ စောဒကမတက် ဘဲလက်ခံနေကြဆဲ ရှိနေ၏။ သို့ဖြစ် သည့်တိုင် သူတို့ ၏ ဝန်ကြီးချုပ်ကို စွပ်စွဲပြောဆိုမှုပေါင်း အသိန်းအ သောင်းဖြင့် နုတ်ထွက်စေပြီးဖြစ် သည်။ အိုက်စ်လန်နိုင်ငံ ပြိုကွဲ တော့မည့် ဘဏ်များရှိ တန်ဖိုး ရှိသည့် အရင်းနှင့် ပင်လယ်ရပ်ခြားမှ ကုမ္ပဏီ တစ်ခုတရားမဝင် ဆက်ဆံ ခဲ့သည့် အကြောင်းများကို အစီရင် ခံစာများ က ဖော်ထုတ်ခဲ့ကြသည်။ ဤသို့ဖြင့်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ကို ကာကွယ်ရန် လူထု ဆန္ဒပြပွဲများ ဖြစ်ပွားလာသည်။
အခွန် တိမ်းရှောင်သူတို့ အတွက် အဆင်ပြေနေသည် မှာမူငြင်း ၍မရ။။ ချမ်းသာ ကြွယ်ဝသူတွေ အကြိုက်ဖြစ်၏။ လာဘ်ပေး လာဘ် ယူ၍ ရရှိလာသောငွေများ ကိုလုံခြုံ စွာသိမ်းပေးသည်။ ထို့ပြင် အမှု အခင်းဖြစ်၍ ယူဆောင် လာသော ငွေမည်း များကိုလည်း ဖွက် ထား ပေး၏။ သူတို့၏မရိုးမသားလုပ်၍ ရရှိလာသော အမြတ်အစွန်းများ အားလုံးကို ဖုံးကွယ်ရန်နေရာ များ ရှိ၏။သို့သော်လည်း ၄င်း ပင်လယ် ရပ်ခြား ဘဏ္ဍာရေး ဋ္ဌာနဟု ခေါ် နေသောနေရာ ကနည်းနည်းပိုသာ ၏။ စွပ်စွဲပြောဆိုမှုများ မရေ မတွက်နိုင်။ ဒီလိုပြော သည် များမှာ ရိုးလွန်းလှ၏။ သက်သေ အထောက် အထား အမြဲတစေမပေါ်။ ‘အေး ဆေးဘဲ’။
နိုင်ငံအချို့၏ ‘ဘဏ္ဍာရေး တွင် အထူးကျွမ်းကျင်မှု’၊ ‘အခွန် ကိုခွဲဝေ စီမံဆောင်ရွက်မှု များ’ နှင့် ပတ်သက်၍ အရည်အချင်း ရှိသည့် အကြောင်းကို သက်ဆိုင်ရာနိုင်ငံ များ ကိုယ်တိုင်ရေပက် မဝင်အောင် ပြောတတ်ကြသည်။ ထိုအချက် များကို ထုကြီးထည် ကြီး ဖြစ် ပွား သော အမှု အခင်း များအတွက် ထိပ် တိုက် ရင်ဆိုင်တွေ့ရန် အသုံးပြု သည်ဟု ထိုအတော အတွင်း သူတို့ ကိုယ်တိုင် ပင် ဝေ ဖန်ပြော ဆိုကြ နေကြပြန်၏။ မော့ဆက်ဖွန်ဆီကာ မှ စာရွက်စာတမ်း များပေါက်ကြားမှု ဂယက်သည် ပမာဏကြီး၏။ ကွဲ ကြေလွယ်၏။ ယခု ပင်ဖြစ် ပျက် သွားခဲ့သည့် ဥပမာ အဖြစ်အပျက် အထောင်အသောင်း မကတို့က မိမိတို့ အားလုံးကို သိမြင်လာစေ သည်။ ၄င်းသည် အရှုပ် အထွေး ပြဿနာများကို ဖြစ်ပေါ်စေမည့် အခြေအနေ ဖြစ်သည် ဆိုခြင်း ကိုမူ မိမိတို့ အမြဲတမ်း သံသယ ထားခဲ့၏။ ယခုတော့ အဖုံးကို လှပ်ကြည့် လိုက် လျှင် ဘာတွေ ဆိုသည်ကို မိမိတို့ သေချာပေါက် သိမည်။ ‘အဖုံးကို လှပ်ကြည့်ဖို့တော့ သတ္တိလိုမည်။’
အဖြောင့် အတိုင်း မဟုတ်ဘဲ ရှုပ်ရှုပ်ထွေထွေး ဖြစ်နေသော လောကကြီး သည် အခွန်ရှောင်သူ များအတွက် နိဗ္ဗာန်ဘုံများ ဖြစ် သည်။ တရုတ်ပြည်တွင် အွန်လိုင်း ဆင်ဆာသမား များကို ‘ပနာမား သတင်း’၊’ပနားမား’၊ ဟူသောစကားလုံး များသုံး၍ လူမှုရေးမီဒီယာ အကြောင်း ဆွေးနွေးခြင်း၊ အဖြေ ရှာခြင်းများ မပြုလုပ်ရန် ကန့်သတ် ထားသည်။ ယင်းသတင်း များတွင် ပါရှိသည့် ယခင် တရုတ်ခေါင်း ဆောင်များနှင့် ယခု ဆွေစဉ်မျိုး ဆက်များ၏ အမည်များ သုံးစွဲဖော် ပြခြင်းကိုလည်း ပိတ်ပင် တားမြစ် ထားသည်။ သမ္မတ ရှီကျင့်ဖျင် အမည်လည်း ပါဝင်သည်ပေါ့။ ယင်းသို့ တားမြစ်ထားစဉ်၌ ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ သြစတြီး ယား၊ မက္ကစီကိုနိုင်ငံ အစိုးရ အဖွဲ့ များသည် ဖြစ်လာနိုင်သော အခွန် တိမ်းရှောင်မှု များကို စုံစမ်း ထောက်လှမ်းရန် ကတိပေးခဲ့ကြ သည်။
မည်သည့် ပုဂ္ဂိုလ်ကြီးများ၏ အမည်များ ၄င်းသတင်းမှာ ပါလာ သလဲဆိုသည်ကို လူတိုင်း သိလိုကြ ၏။ ထိုစာရွက် စာတမ်းများ၌ လက် ရှိနှင့် ယခင်ကမ္ဘာ့ခေါင်းဆောင် ၁၂ ဦး ပါဝင် လာသကဲ့သို့ အခြား နိုင်ငံရေး သမားနှင့် အရပ်ဘက် အရာရှိပေါင်း ၁၂၈ ဦးအထိပါ သည်။ ယင်းသို့ တရားမဝင် ပြစ်မှု ကျူးလွန်းနေသည်ဟု စွပ်စွဲခံရသူ များထဲတွင် အထင်ကရပုဂ္ဂိုလ် အ မြောက်အမြား ပါလာ၏။ ရုရှား သမ္မတ ဗလာ ဒီမာပူတင်သည် မည်သည့် စာရွက်စာတမ်းတွင် မှနာမည် မပါ အောင် သူကိုယ်တိုင် လုပ်နိုင်စွမ်း မရှိခဲ့ဟုယူဆရမည်။ပူတင် အမည် သာမက ဖီဖာ၊ အာဂျင်တီးနား သမ္မတ မော်ရီစိ ယိုမက်ရီ၊ ဗြိတိန် ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်း၏ဖခင်၊ တရုတ်အရာရှိကြီး အများ အပြား အပြင် ယူကရိန်း သမ္မတ ပူထရိုရှန်ကိုနှင့် အခြားသူများ လည်း ပါလာ၏။

သတင်းများတွင် အမည် ပါလာသည့် အရာရှိကြီး များ နှင့် လူထုခေါင်းဆောင် များအနက် ဒေါသတကြီး ကန့်ကွက်သူများ လည်း ရှိ၏။ ငြင်းဆန် သူများလည်း ရှိ၏။ သူတို့ အများမသိအောင် ပင်လယ် ရပ်ခြား ကုမ္ပဏီများကို အသုံးပြုထားကြ၏။ ဒေါ်လာဘီ လျံများစွာရှိသော ငွေမည်း များကို ဖွက်ထားနိုင်ရန် ငွေစာရင်းများ ဖွင့်ထား ၏။ ထိုသို့သော တရားမဝင် လုပ်ဆောင်မှုများကို အမျိုးမျိုး တုံ့ ပြန်ကြသည်။ ‘ဒီလို ကိစ္စမျိုးတွင် သူ တို့ယုံကြည်စိတ်ချရသော မိတ်ဆွေ အသိုင်း အဝိုင်း လူတိုင်းလိုသည်။’
ကရင်မလင်းက ‘နောက် ပြောင်ထားသော စကားပေါ့များ’ အဖြစ်ပြောကာ ငြင်းပယ်ခဲ့သည်။ ရွေးကောက်ပွဲ အကြို ကာလဖြစ်၍ ပူတင်ကို အပုပ်ချ လိုသည့် ရည်ရွယ် ချက်ဖြင့်ကောလာဟလ ထုတ်လွှင့် ခြင်းဖြစ်နိုင်သည် ဟုလည်း ဝေဖန် ထားသည်။ ဗလာဒီမာပူတင် တွင် အနီးကပ် မိတ်ဆွေရှိသည်။ ဆာဂျီ ရိုလ်ဒူဂင်တဲ့။ ၂ဝဝ၉ ခုနှစ်တွင် အတူတွဲကာ ဓာတ်ပုံရိုက် ထားကြ သေး၏။ ရုရှားနိုင်ငံမှ အခွန်လွတ် ကင်းသော နတ်ဘုံနတ်နန်းသို့ စီး ထွက်သွားသောငွေ များ၌ သမ္မတ ပူတင်ပို င်ဆိုင်သည့် ငွေတစ်ပြားမှ မရှိပါ။ ‘ရဲရဲကြီး အာမခံနိုင် သည်တဲ့။’ သို့ သော်လည်း ‘အဲ’၊ တစ်ခုတော့ ပြောရဦးမည်။
၎င်းငွေ ဘီလျံပေါင်း များစွာကို သူ့မိတ်ဆွေများ ကဝိုင်း၍ ပိုင်ဆိုင် ပေးထားပုံရ၏။ ပူတင်ကို ယုံကြည် ကိုးကွယ်မှုကြောင့် လူသိ ရှင်ကြား ဖြစ်သွားသည် ဟု ပြောရမည်ထင်၏။ ကရင်မလင်း အတွက်မူ ယင်းအဖြစ် သည် အံ့အားသင့်စရာ နိမိတ် တစ်ခုဖြစ်၏။ ရုရှား ကိုလဲကျသွား အောင် အဆုံးအဖြတ် ပြုသွားနိုင် ၏။ သမ္မတကြီးသည် သူ့ငွေများ ကို ခဝါချရန် သူယုံကြည်ရသော မိတ်ဆွေ များကို အသုံး ချနေပုံရ သည်ဟု အခြားလူအများစုက ထင်မြင်သွားနိုင်၏။

မတူခြားနား သည့် ရွေးစရာများထဲမှ သင် လိုရာကို ရွေးနိုင်သည်။ သို့သော် လည်း အကယ်၍ သမ္မတကြီး ပူတင်ကို လျှို့ဝှက် ထောက်လှမ်း နေသည်ဟု သင်ထင်မြင်သွားခဲ့ လျှင် သူ၏ အခင်မင်ဆုံး သူငယ်ချင်း တစ်ဦး၊ ရုရှားဂီတဝိုင်းမှ ဂုဏ်သရေ ရှိ တီးဝိုင်းအဖွဲ့သား တစ်ဦးဖြစ် လျှင်ဖြစ်မည်။ သူသည် ဒီလောက် များသည့် ငွေပမာဏကြီး ကို ဘာ ကြောင့် အကြံအဖန် လုပ်သည်ဆို သည်ကို သင်ရှင်းပြဖို့ အဆင်သင့် ဖြစ်နေရမည်။
နိုင်ငံတကာ ဘောလုံး အား ကစားကို ကြီးကြပ် စီစဉ်နေသည့် အဖွဲ့ ဖီဖာကမူ သူတို့ကို ‘ကျိုး ကြောင်း ခိုင်မာမှုမရှိဘဲ ရိုင်းစိုင်း မိုက်မဲ သည့် အပြုအမူ’ အဖြစ် ခေါ်ဝေါ်ခဲ့၏။ တရုတ်အရာရှိကြီး များက ‘ဘယ်နေရာမှာမှ သုံးမရ တော့၍ ဖယ်ထုတ်လိုက်ရမည့် စာမျက်နှာများ’ အဖြစ် သတင်းစာ များတွင် တိုက်ခိုက်ရေးသားခဲ့ သည်။ အာဂျင်တီးနားမှ သမ္မတ ကြီးသည် သူဆက်ဆံရသည့် စီပွား ရေး အဖွဲ့ အစည်း များ၌ မည်သည့် ရှယ်ယာမျှ မပိုင်ဆိုင်ထားပါ ကြောင်း မော်ရီစိယိုမက်ရီ ၏ ပြောရေး ဆိုခွင့်ရှိသူက ဖြေရှင်းထားသည်။ ”သူဟာ ကိုယ်ပိုင် အရင်း အနှီးတွေ ကြေညာဖို့ ဖိအားပေးတာ၊ အခွန် တွေပေးဆောင်တာ၊ အတိုးနှုန်း ကိစ္စတွေမှာ သဘောထား ကွဲပြားမှု တွေကို အလေးအနက် ထားတာ၊ ယူကရိန်းမှာ ပထမဦးဆုံး ထိပ် တန်းအရာရှိ တစ်ဦးဖြစ်လိမ့်မယ်” ဟုပြောရင်း ပိုရှင်ကို ကလည်း စွပ်စွဲ ပြောဆို မှုများကိုပယ်ချခဲ့၏။
”ငါ့မှာ ရှယ်ယာ တစ်ခုမှ မရှိ ဘူး။ ပင်လယ်ရပ်ခြား တိုင်းပြည် တွေမှာ ငွေကြေး အရင်းအနှီး မရှိဘူး။ ရန်ပုံငွေ မထားဘူး။ ဒါမျိုး တွေ လုံးလုံး ကင်းတယ်။ ဒါဟာ အရှင်းလင်းဆုံး ဖော်ထုတ်ချက်လို့ ငါထင်ပါတယ်” ဟု ကယ်မရွန်က လည်းပြောခဲ့၏။ ဤသို့ဆိုလျှင် အကာ အကွယ် ကုမ္ပဏီတစ်ခုခုကို တည်ထောင်ထားခြင်း သို့တည်း မဟုတ် ပင်လယ်ရပ်ခြား တိုင်းတစ် ပါးတွင် ငွေစာရင်းထားခြင်းများ သည် တရားမဝင် ဘူးလားဟု မေး ရမည်လို ဖြစ်နေသည်။
အမှန်တော့ ယင်းသို့မေးခွန်း ထုတ်ရန်ပင်မလို။ ကုမ္ပဏီတစ်ခုခု ကို အကာအကွယ် သဘောထားပြီး တည်ထောင်ထားခြင်း ဥပဒေနှင့် ညီညွတ်သော အကြောင်းပြချက် ဖြစ်သည်။ ဥပမာ ဆိုလျှင် နိုင်ငံ တကာ လုပ်ငန်းတစ်ခုကို လုပ်ကိုင် နေသည် ဟုပြောလျှင် ဘယ် လို စောဒက တက်မလဲ။ သို့ရာတွင် ကုမ္ပဏီများကို အကာအကွယ် ယူထားခြင်းနှင့် ပင်လယ်ရပ်ခြား တိုင်းပြည် များတွင် သွားရောက်ငွေ စာရင်း ဖွင့်ထားခြင်းသည် ငွေပင် ငွေရင်း အစစ်အမှန်ကို ဖုံးကွယ် လို၍ အသုံးချ ထားသည်လည်း ဖြစ်နိုင်၏။

ဘဏ်များနှင့် သီးခြား လုပ်ငန်း များပြ၍ ငွေမည်းများ ကစားရန် အသုံးချ ထားသည်လည်း ဖြစ်ကောင်းဖြစ်မည်။ ဘာမှအပ်ချ မတ်ချ မပြောနိုင်။ မော့ဆက်ဖွန် ဆီကာ၏ ဖောက်သည်လုပ်ငန်းရှင် ပေါင်းအနည်းဆုံး ၃၃ ဦး၊ ထိုထဲ တွင် လူများလည်းပါသည်။ ကုမ္ပဏီ များလည်း ပါသည်။ အမေရိကန် ပြည်ထောင်စု အစိုးရက ၄င်းလူနှင့် ကုမ္ပဏီ များသည် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ရေးနှင့် အကြမ်းဖက်မှု များနှင့် ပတ်သက် ဆက်စပ်နေကြောင်း အပြည်ပြည် ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး ဂျာနယ်လစ်များ အဖွဲ့ကြီး (ICIJ) အစီရင်ခံစာတွင် ရှင်း ထားသည်။
တစ်ကမ္ဘာလုံး အခွန်တိမ်း ရှောင်မှုဖြစ်နေ၏။ ငွေမည်းကို ငွေဖြူ ဖြစ် လာအောင် ငွေကြေးခဝါ ချမှုများပေါ်လာ၏။ ယင်းသို့ တစ်စစီ ပြို ကွဲခြင်း များ အစပြုလာ ရာမှ ဖိအားတိုးလာသည်။ သတင်း ဖော်ထုတ်ခြင်း များ ကလည်း အချိန်ကိုက် ထွက်လာ၍ ဗုံးပေါက် ကွဲ သလိုဖြစ် သွား၏။ နိုင်ငံတကာ အဖွဲ့အစည်း များက ငွေကြေးလွှဲ ပြောင်းမှု စည်းမျဉ်း အသစ်ကို သဘောတူထားကြသည်။ နိုင်ငံရေး သမားများ ကလည်း ကြွယ်ဝ ချမ်းသာသူများ အပေါ် သူတို့၏ တောင်းဆိုချက် များကို တစ်ဆင့် ထပ်တိုးသည်။ ငွေကြေးချမ်းသာသူ များက အခွန်ပေးဆောင်ခြင်း များ၌ သင့်တင့်မျှတစွာ ပေးဆောင်ရမည် တဲ့။ ပင်လယ် ရပ်ခြားတွင်ဖြစ်ပေါ်နေ သော ဘဏ္ဍာငွေပြဿနာကြီး ထွားမှု ကို ပနားမား သတင်းများက ဖော်ထုတ်လိုက်သည်။
”ဒီ ပြဿနာတွေသည် အဘယ်ကြောင့် ပနားမားနိုင်ငံမှ ဒီလိုဖြစ်လာရသလဲ’ မေးသင့်သော မေးခွန်း ပင်တည်း။ လွန်ခဲ့သည် နှစ်နှစ် တွင် နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့ကပြောခဲ့၏။ ပနား မား၏ ဈေးကွက် ဖွင့်လာသည့် စီးပွားရေး၊ မဟာဗျူဟာ ကျသော တည်နေ ရာနှင့် တိုးတက်လာသော ပင်လယ်ရပ်ခြား ငွေကြေးဝန် ဆောင်မှု ကဏ္ဍများက နိုင်ငံကို တစ်ဆင့်မြင့်သည့် အခြေအနေ သို့ ဆွဲတင် လိုက်သည် တဲ့။ ငွေကြေး ခဝါချရာ၌ အသုံးချခံရသည်ကမူ တော်တော် စွန့်စားရခြင်းဖြစ်၏။
ငွေကြေး ခဝါချမှုကို ဆန့်ကျင် သော ဥပဒေ စည်းမျဉ်း စည်းကမ်း များကို သုံးစွဲရာတွင် အားနည်း သော တိုင်းပြည် အချို့ရှိ သည်။ နိုင်ငံတကာ က စောင့်ကြည့်နေ သည့်စာရင်းတွင် ဗဟိုအမေရိက တိုင်းပြည်များက ဖေဖော်ဝါရီ လတိုင်အောင် ပါဝင်နေသည်။ ဥရောပကော်မရှင်၏ နာမည်ပျက် စာရင်းတွင်လည်း ကျန်ရှိနေသေး သည်။ ယင်းနိုင်ငံများက အခွန် ကင်းလွတ်သော နတ်ဘုံနတ်နန်း သဖွယ်ဖြစ်နေသည်။ တရားဝင် လုပ်ပိုင်ခွင့်ကို ဥပဒေစည်းမျဉ်း စည်းကမ်းသို့ပြောင်းရာ၌ ပူးပေါင်း ဆောင်ရွက်မှုမရှိ။ တနင်္လာနေ့ အစီ ရင်ခံစာ တစ်ခုတွင် ပနားမား သည် အခြား တိုင်းပြည်များက ကန့်ကွက်နေသော် လည်း ဥပဒေနှင့် အညီ လုပ်ဆောင် ရသော အာဏာ ပိုင်များနှင့် ပူးပေါင်းကာ အခွန်များ ကို ဖုံးကွယ်ဖို့ ရန်ပုံငွေများ အဖြစ် ပြောင်းရန် ခွင့်ပြုနေသော နောက်ဆုံး ကျန်ရှိသည့် အဓိ ကနိုင် ငံဖြစ် ကြောင်း အိုအီးစီဒီ၏ အထွေထွေ အတွင်းရေးမှူး အင်ဂယ်ဂူရီယာက ပြောခဲ့သည်။
ယင်းသတင်းများသည် ကန ဦးအစသာရှိသေး၏။ ပနားမား စာရွက်စာတမ်းများ ပေါက်ကြား မှုက အိုက်စ်လန် ဝန်ကြီးချုပ် ကို နုတ် ထွက်စေပြီးနောက် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် လည်း အတိုက်အခံများ၏ ဝေဖန် မှုများကို ရင်ဆိုင်နေရသည်။ ရုရှား သမ္မတ ဗလာဒီမာပူတင်ကမူ ၂ဝ၁၅ ခုနှစ်၌ ဝင်ငွေဒေါ်လာ ၁၃၄ဝဝဝ ရှိကြောင်း ကြေညာခဲ့ သည်။ စပိန် စက်မှုဝန်ကြီး သည် လည်း လောလော လတ်လတ် ရာထူးမှ နုတ်ထွက်ရသည့် နိုင်ငံ ရေးသားကောင်ဖြစ်၏။ ထပ်မံနုတ် ထွက်ရမည့် သူရှိဦးမလား။
မိမိတို့၏ သာမန်လူထုများ ကား ယင်းပနားမား သတင်းများ ပေါက်ကြား လာသည့်တိုင် မိမိုတို့ နှင့် မဆိုင်၊ အအိပ်အစားမပျက်၊ အပူ အပန် မရှိ၊ နေတော့လည်း ကျူးကျော် ရပ်ကွက်၊ စားတော့ လည်း ကြုံရာကျရာ၊ ဝတ်တော့ လည်း အနုတ်စုတ်ဂုတ်စုတ်၊ လက်လှုပ်လျှင် ပါးစပ် လှုပ်မည်။ ကားကျပ် မှာလည်း မပူရ။ ခြေ ထောက် အားကိုးနိုင်သည်။ တစ်ခုတော့ ရှိသည်။ သူတို့ ရောင့်ရဲ နိုင်၏။ သူတို့လို စိတ်အေးချမ်း သာမှု မပိုင်ဆိုင်ရသည်မှာ ဘာမှ မဆန်းချေတကား။
စာကိုး။ Panama Papers: 7 things to know by Ivana Kottasova and Jethro Mullen @ CNN Money April 7, 2016 ESifh Panama Papers: 10 things we’ve learned. By Jonty Bloom Business correspondent, BBC News

Sign up here with your email
ConversionConversion EmoticonEmoticon