ကိုလိုရာဒိုပြည်နယ်ထဲမှာ ရှိတဲ့ Green Mountain Falls ဆိုတဲ့ မြို.ငယ်လေးဟာ လူဦးရေ ၇၀၀ လောက်သာ ရှိပြိး ၊ ဒီမြို.မှာ ရဲတပ်ဖွဲ့ဝင် လေးဦးသာ ရှိပါတယ်။
ဒီမြို.လေးက ရဲအရာရှိနဲ့ အတူ နောက်လိုက်တပ်ဖွဲ့ဝင် သုံးဦး စုစုပေါင်း လေးဦးဟာ ဘာအကြောင်းပြချက်မှ မပေးပဲ အလုပ်ထွက်စာတင်ထားတာမို့ လူတွေကြား အထူးအဆန်း ဖြစ်နေကြပါတယ် ။ ဒီဖြစ်ရပ်ဟာ ဧပြီလ ၁၄ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပေမယ့် သတင်းငှာနတွေမှာတော့ စနေနေ့ကမှ ဖော်ပြပါရှိလာတာပါ။
ယခုလို အလုပ်ထွက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အလုပ်ထွက်ဖို့ ထွက်စာတင်ထားတဲ့ ရပ်တပ်ဖွဲ့ဝင်တွေက ဘာမှတ်ချက်မှ မပေးထားပေမယ့် သတင်းငှာနတွေကတော့ အသစ်ခန့်လိုက်တဲ့ မြို.ဝန်နဲ့ မြို.ဝန်ရဲ. ပေါ်လစီတွေကို သဘောမကျတာကြောင့် ဖြစ်မယ်လို့ ယူဆနေကြပါတယ် ။ ဒီမြို.ရဲ. အာဏာပိုင်တွေကတော့ ရဲတွေ ထပ်ငှားသွားဖို့ ရှိတယ်လို့ ဆိုထားပါတယ်။
Source : CNN / buzz.myanmarportal
Sign up here with your email
ConversionConversion EmoticonEmoticon