ကောလင်းမြို့နယ် လာကာကျေးရွာတွင် ဧပြီ ၂၄ ရက်က မိုးသီးကြွေပြီး သေဆုံးနေသော ဝက်ငယ်တစ်ကောင်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထွန်း (သုဝဏ္ဏရွာ)) |
မြန်မာနိုင်ငံအလယ်ပိုင်း နှင့် အထက်ပိုင်းဒေသများတွင် ဧပြီ ၂၄ ရက်က လေပြင်းကျခြင်း၊ မိုးသီးကြွေကျခြင်းနှင့် မိုးသည်း ထန်စွာရွာသွန်းခြင်းများ ဆက် လက်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိ သည်။
ဧပြီ ၂၁ ရက်မှစ၍ မိုးတိမ် တောင်ရာသီဥတုကြောင့်ဖြစ်ပွား သော လေပြင်းတိုက်ခြင်း၊ မိုးသီး ကြွေခြင်း၊ မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် သဘာဝဘေးများကြောင့် သေဆုံး သူ ၁၃ ဦးရှိပြီး နေအိမ်အလုံးရေ ၁၅,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန(ရုံးချုပ်)မှ သတင်းရရှိသည်။
ဧပြီ ၂၄ ရက်က စစ်ကိုင်း တိုင်းဒေသကြီး ကောလင်း၊ ကန့် ဘလူ၊ မြင်းခြံ၊ ရွှေဘိုနှင့် အင်း တော်မြို့၊ ရခိုင်ပြည်နယ် မြောက် ဦးမြို့တွင် လေပြင်းနှင့် မိုးသီး ဒဏ် ထပ်မံရင်ဆိုင်ခဲ့ရပြီး ရွှေဘို မြို့၌ လေပြင်းနှင့်အတူပါလာ သည့် သွပ်ပြားထိမှန်ကာ လူတစ် ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။
ကောလင်းမြို့တွင် လူတစ် ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိ ခဲ့ကြောင်း ကောလင်းမြို့နယ်လုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပရ ဟိတကွန်ရက်မှ သတင်းရရှိ သည်။
ကောလင်းနှင့် ကန့်ဘလူမြို့ တို့တွင် ကြွေကျခဲ့သည့် မိုးသီးများ သည် လက်သီးဆုပ်ခန့်အထိ ကြီး မားပြီး အိမ်ခြေ ၂၅၀ ခန့် ပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၁ ရက်မှစကာ မြန်မာ နိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများ၌ လေပြင်းတိုက်ခတ် ပြီး မိုးသီးများကြွေကျကာ နေရာ ကွက်မိုးကြီးခဲ့သောကြောင့် မန္တ လေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းနှင့် ချင်းပြည်နယ် တို့၌ လူသေဆုံးမှု၊ နေအိမ်နှင့် သာ သနိကအဆောက်အအုံများ ပျက် စီးဆုံးရှုံးမှုရှိခဲ့သည်။ ဧပြီ ၂၃ ရက် အထိ လူ ၁၁ ဦးသေဆုံးခဲ့ပြီး ဧပြီ ၂၄ ရက်၌ နောက်ထပ်နှစ်ဦးသေ ဆုံးခဲ့သောကြောင့် စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရ သူ စုစုပေါင်း ၅၀ ဦးခန့် ရှိပြီဖြစ် ကြောင်း သတင်းရရှိသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဌာန မှရရှိသော စာရင်းများအရ စစ် ကိုင်းတိုင်းဒေသကြီးတွင် အိမ်အ လုံးရေ ၆,၂၀၀ ကျော်၊ ရှမ်းပြည် နယ်တွင် ၄,၀၀၀ ကျော်၊ မန္တလေး တိုင်းဒေသကြီးတွင် ၃,၂၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် ၃၀၀ ကျော်နှင့် ချင်းပြည်နယ်တွင် အိမ်အလုံးရေ ၉၀ ခန့် ပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။
အထက်ပါစာရင်းသည် ဧပြီ ၂၄ ရက် နေ့လယ် ၂ နာရီခန့်အထိ ရရှိထားသော စာရင်းများဖြစ်ပြီး ဒေသအချို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားနေဆဲဖြစ်သောကြောင့် စာရင်းတိုးလာနိုင်သေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။
ဧပြီ ၂၄ ရက်က သေဆုံးသူ နှစ်ဦးအပါအဝင် လက်ရှိသဘာဝ ဘေးတွင် သေဆုံးသူ စုစုပေါင်း ၁၃ ဦးရှိသွားပြီဖြစ်သည်။ ဧပြီ ၂၃ ရက် စာရင်းများအရ မန္တလေးတိုင်း ကျောက်ဆည်မြို့မှ ခြောက်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ နှစ်ဦး၊ စစ်ကိုင်းမြို့မှ တစ်ဦး၊ ရှမ်းပြည်နယ် ရွာငံမြို့မှ တစ်ဦး၊ မန္တလေးမြို့မှ တစ်ဦး သေဆုံးခဲ့ သည်။ ပျက်စီးသည့် အိမ်အရေအ တွက်မှာလည်း ဧပြီ ၂၃ ရက်စာ ရင်းများအရ ၇,၅၀၀ ခန့်သာရှိခဲ့ ရာမှ နှစ်ဆတိုးလာခဲ့ခြင်းဖြစ် သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုး အောင်က သဘာဝဘေးဒဏ်ဆက်လက်ရင်ဆိုင်နေရသော ကြောင့် ကယ်ဆယ်ထောက်ပံ့ ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ် ဆောင်ရန် အဆင့်ဆင့်ညွှန်ကြား ထားကြောင်း ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က လေပြင်းနှင့် မိုးသီးဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့် ကျောက်ဆည် နှင့် မြစ်သားမြို့များသို့ ဧပြီ ၂၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ သည်။
အောင်သစ်လွင် - 7day
Sign up here with your email
ConversionConversion EmoticonEmoticon