၈ နာရီထက် ပိုအိပ်ပြီး ၄နာရီအောက် လျှော့အိပ်ခြင်းဟာ နှလုံးကို ထိခိုက်စေပြီး စောစီးစွာ သေဆုံးမှုကို ဖြစ်စေနိုင်တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ ၈ နာရီထက် ပိုအိပ်တဲ့လူတွေဟာ နှလုံးကြောင့် စောစီးစွာသေဆုံးမှုကို ၂၈ ရာခိုင်နှုန်းထိ ဖြစ်နိုင်တယ်လို့ Daily Mail က ဖော်ပြထားတာ ဖြစ်ပါတယ်။
အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုမိုဖြစ်နိုင်ခြေရှိပြီး အမျိုးသမီးတွေဟာ အိပ်ပျော်ဖို့ ပိုခက်ကြတယ်လို့ ဆိုပါတယ်။ သုတေသနကို နော်ဝေးနဲ့ ထိုင်ဝမ်တက္ကသိုလ်တွေမှ ပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင် ၃ သိန်း ၉ သောင်းကျော်ကို သုသေတနပြုခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail
duwun
Sign up here with your email
ConversionConversion EmoticonEmoticon