ကိုလံဘီယာနိုင်ငံ လမ်းမတခုပေါ်မှာ ကြောင်တကောင်နဲ့ မြွေတကောင်ရဲ့ တိုက်ခိုက်ကြတာကို လမ်းသွားလမ်းလာတဦးက ရုပ်သံဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့တာကို ယူပီအိုင် သတင်းမှာ မတ်လ ၁၅ ရက်နေ့က ဖော်ပြပါတယ်။
ဖလော်ရီဒါဘန်ကာအရပ်၊ လမ်းမတခုပေါ်ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်ပွဲမှာ ကြောင်ရဲ့ လျှင်မြန်မှုနဲ့ ရန်ကို ရှောင်ရှားချင်ပုံပေါ်တဲ့ မြွေတကောင်ရဲ့ တုံ့ပြန်မှုကို တွေ့ရမှာပါ။
ကြောင်ဟာ မြွေကို အကြိမ်ကြိမ်ကုတ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မြွေရဲ့တုံ့ပြန်မှုကြောင့် မအောင်မြင်နိုင်ဘဲ ရှိနေခဲ့တာပါ။
တကြိမ်မှာတော့ မြွေဟာ လက်လျှော့လိုက်ပုံပေါ်ကာ ကြောင်က ဆွဲယူဖို့ ကြိုးစားချိန်မှာ ပြန်လည်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
မြွေဟာ မိနစ်ပေါင်းများစွာကြာအောင် ခုခံနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ မလွတ်မြောက်နိုင်တော့ဘဲ ဖမ်းမိသွားခဲ့တာပါ။
ကြောင်ဟာ မြွေရဲ့ဦးခေါင်းအနီးက မေးရိုးကို ပါးစပ်နဲ့ကိုက်ချီပြီး အဝေးကို သယ်ယူသွားနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon